Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
မိုင်၁၁၀ကျော်ဝေးတဲ့သူငယ်ချင်းအဲဗာတန်ပရိတ်သတ်ဆီကားမောင်းပြီးလေသွားတိုက်ခဲ့တဲ့နယူးကာဆယ်ပရိတ်သတ်တစ်ဦး
နယူးကာဆယ်ပရိတ်သတ်တစ်ဦးဖြစ်တဲ့ ဒန်နီတစ်ယောက်ဟာ ဒီအပတ်မှာတော့ သူ့ရဲ့အသင်းဟာအကောင်းဆုံးနိုင်ပွဲကိုရှာဖွေနိုင်ခဲ့ပြီးနောက် မိုင်၁၀၀ကျော်ဝေးကွားတဲ့အဲဗာတန်သူငယ်ချင်းရှိပွဲပြီးနောက်ချက်ချင်းကားဖြင့်မောင်းသွားကာအောင်ပွဲခံခဲ့တယ်လို့သိရပါတယ်။
ရာဖေးလ်ဘင်နီတက်ဖ်ရဲ့အသင်းဟာ လက်ရှိပရီးမီးယားလိပ်မှာ အဆင့်၁၃မှာရှိနေပြီးစိန့်ဂျိမ်းစ်ပါ့ခ်မှာ ဒီရာသီ comeback တွေထဲက တစ်ပွဲကိုအကောင်းဆုံးပုံဖော်နိုင်ခဲ့ပြီး အနိုင်၃မှတ်ရယူသွားနိုင်ခဲ့ပါတယ်။အဲဗာတန်အသင်းဟာ ပွဲကစားချိန်၃၂မိနစ်ထဲက ၂-၀ ဖြင့်အနိုင်ယူထားတာဖြစ်ပြီး လီဝင်နဲ့ရစ်ချတ်လီဆန်ရဲ့သွင်းဂိုးတွေဖြင့် ဧည်သည်နယူးကာဆယ်အသင်းကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ဒါပင်မယ့်လည်း ရည်မှန်းချက်အပြည့်နဲ့အရောက်လာခဲ့တဲ့ နယူးကာဆယ်အသင်းဟာ ဒုတိယပိုင်းမှာ ပထမပိုင်းနဲ့လုံးဝမတူနဲ့ပုံစံနဲ့ပြန်လာနိုင်ခဲ့ပြီး ပီးရက်ဇ်ရဲ့သွင်းဂိုး၂ဂိုးနဲ့ဆာလိုမွန်ရွန်ဒန်တို့ရဲ့သွင်းဂိုးနဲ့အတူအရေးကြီးတဲ့နိုင်ပွဲကိုဖော်ဆောင်သွားနိုင်ခဲ့ပါတယ်။
စိန့်ဂျိမ်းစ်ပါ့ခ်ကွင်းကြီးမှာတော့ အုတ်အုတ်ကျက်ကျက်နဲ့ပွဲဆူသွားခဲ့ပါတယ်။ဒါပင်မယ့်လည်း ဘယ်သူမှတော့ နယူးကာဆယ်ပရိတ်သတ်ဒန်နီလောက်တော့ စိတ်လှုပ်ရှားလိမ့်မယ်မထင်ပါဘူး။ဒန်နီဟာ မိုင်၁၁၀ကျော်ဝေးကွာတဲ့သူငယ်ချင်းအဲဗာတန်ပရိတ်သတ်ဆီ ကားဖြင့်ချက်ချင်းမောင်းသွားပြီး အောင်ပွဲသွားခံကာလေတိုက်ခဲ့တယ်လို့သိရပါတယ်။
ဒန်နီက သူဟာ ပွဲပြီးနောက်သူ့သူငယ်ချင်းဆီ စာပို့ခဲ့ကြောင်း ဒါပင်မယ့် သူ့သူငယ်ချင်းက မသိချင်ယောင်ဆောင်နေခဲ့တာကြောင့် အဲ့လောက်ဝေးတဲ့ခရီးကိုထွက်လာခဲ့ပြီးလေလာတိုက်ရတာဖြစ်တယ်လို့ဝန်ခံပြောကြားခဲ့ပါတယ်။
အဲဗာတန်မန်နေဂျာမာကိုစ်ဆေးလ်ဗားကတော့ သူ့အသင်းဟာ ပွဲပြတ်သွားအောင်အခွင့်အရေးရခဲ့သော်လည်းအသုံးမချခဲ့ကြကြောင်းညည်းညူခဲ့ပြီး တတိယဂိုးသွင်းယူခဲ့တဲ့နေရာမှာနယူးကာဆယ်ကစားသမား၅ယောက်လောက်လူကျွံနေပြီး လက်ထောက်ဒိုင်မသုံးမကျလို့ဖြစ်ကြောင်းဝေဖန်ခဲ့ပါတယ်။
သူ့ရဲ့ပွဲအပြီးမှတ်ချက်ကြောင့် FA ကအရေးယူသွားဖို့လုပ်ဆောင်နေပါတယ်။
No comments
Powered by Blogger.