Header Ads


El Clásico ပြဲမွာရံႈးခဲ့တဲ့အတြက္ဆာဂ်ီယိုရက္ဂ်ီယြန္ကိုငိုေၾကြးေနတဲ့အမူအရာနဲ ့ေလွာင္ေျပာင္ခဲ့တဲ့ဆြာရက္ဇ္



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
လြန္ခဲ့တဲ့အပတ္ ဗုဒၶဟူးေန ့က ကိုပါဒီေရးဆီမီးဖိုင္နယ္မွာ ရီးရဲလ္တို ့ရံႈးနိမ့္ခဲ့တဲ့ပြဲအေပၚ ရီးရဲလ္ကစားသမား ဆာဂ်ီယိုရက္ဂ်ီယြန္တစ္ေယာက္ငိုေၾကြးေနတာမလားလို ့ဆြာရက္ဇ္ကၿပီးခဲ့တဲ့ စေနေန ့က လာလီဂါပြဲအျဖစ္ ရီးရဲလ္အသင္းနဲ ့ေတြ ့ဆံုစဥ္မွာ ရက္ဂ်ီယြန္ကိုေလွာင္ေျပာင္ခဲ့ပါတယ္။ဘာစီလိုနာတိုက္စစ္မွဴးဟာ အသက္၂၂နွစ္အရြယ္မက္ဒရစ္ဘယ္ေနာက္ခံလူကို ၿပီးခဲ့တဲ့ပြဲရံႈးပြဲေၾကာင့္ငိုေၾကြးေနတယ္ဆိုတဲ့ အမူအရာနဲ ့ေလွာင္ေျပာင္လုပ္ျပခဲ့တာပဲျဖစ္ပါတယ္။

ကမာၻ ့ၿပိဳင္ဘက္၂သင္းေတြ ့ဆံုမႈမွာ အေတာ္ေလးအၾကင္နာကင္မဲ့တဲ့ေလွာင္ေျပာင္မႈအေၾကာင္းေျပာေနၾကတာလား?ဘာစီလိုနာအသင္းဟာ ရာကီတစ္ရဲ ့၁လံုးထဲေသာသြင္းဂိုးနဲ ့ရီးရဲလ္ကိုအနိုင္ရရိွခဲ့ပါတယ္။EI Clasico လို ့ေခၚတြင္တဲ့ စပိန္ဒါဘီပြဲဟာ ဒရမ္မာေတြမပါဘဲနဲ ့ေတာ့ဘယ္ေတာ့မွာ ပြဲမၿပီးနိုင္ပါဘူး။ဆာဂ်ီယိုရာမို ့စ္နဲ ့မက္ဆီတစ္ေယာက္ အခ်င္းမ်ားခဲ့ၾကၿပီး ရာမို ့စ္ဟာ ဘာကာစတားကို တံေတာင္နဲ ့တမင္ေဆာ္ခဲ့တာပဲျဖစ္ပါတယ္။



ဒုတိယပိုင္းေရာက္မွာေတာ့ ဘာကာဂိုးသမား တာစတီဂန္နဲ ့လန္ဂလက္တို ့ဟာ အသက္၃၂နွစ္အရြယ္ရီးရဲလ္အသင္းေခါင္းေဆာင္ကို တံေတာင္နဲ ့ျပန္ၾကိတ္ခဲ့ၾကၿပီး ပြဲအရိွန္ဟာ လက္စားေခ်မႈေတြနဲ ့ရိွေနခဲ့သလို ဂရတ္ေဘးလ္တစ္ေယာက္ဟာလည္း ေျခစြမ္းမျပနိုင္လို ့မက္ဒရစ္ပရိတ္သတ္ေတြရဲ ့ေအာ္ဟစ္ေ၀ဖန္ျခင္းကိုခံခဲ့ရျပန္ပါတယ္။ဘာစီလိုနာဟာ ဒီနိုင္ပြဲေၾကာင့္ လာလီဂါမွာရီးရဲလ္ကို ၁၂မွတ္အထိျဖတ္ထားနိုင္ခဲ့ပါတယ္။ဒါပင္မယ့္လည္း ဘာကာနည္းျပ ဗယ္လ္ဗာဒီကေတာ့ သူတို ့ရဲ ့ၿပိဳင္ဘက္ရီးရဲလ္ဟာ လာလီဂါခ်န္ပီယံေျပးလမ္းထဲက ဖယ္ခြာမသြားေသးဘူးလို ့ယံုၾကည္လ်က္ရိွေနပါတယ္။


ကၽြန္ေတာ္တို ့ေရွ ့မွာတစ္ကမာၻလံုးရိွေနပါေသးတယ္။မက္ဒရစ္ဟာ ပြဲဆက္နိုင္ပြဲရယူနိုင္တယ္ဆိုတာကၽြန္ေတာ္တို ့သိတယ္။အက္တလက္တီကိုမက္ဒရစ္လည္း ရိွေနပါေသးတယ္။သခ်ၤာနည္းအရမေသခ်ာေသးခင္အခ်ိန္ထိကၽြန္ေတာ္တို ့တိုက္ပြဲ၀င္သြားမွာပါ။ကၽြန္ေတာ္တို ့ရဲ ့ၿပိဳင္ဘက္ေတြကုိေလးစာပါတယ္။သူတို ့လည္းကၽြန္ေတာ္တို ့ကိုေလးစားပါတယ္။ဆက္လက္တိုက္ပြဲ၀င္သြားရမွာပါ။ခ်န္ပီယံအေၾကာင္းခင္ဗ်ားစစဥ္းစားမယ္ဆို ခင္ဗ်ားစရံႈးၿပီလို ့ေအာက္ေမ့ေတာ့။မက္ဒရစ္က ျပန္လာဦးမွာပါ။ရက္ေတြအမ်ားၾကီးက်န္ပါေသးတယ္။ကၽြန္ေတာ္တို ့ဦးေဆာင္ေနမႈကိုဟန္ ့တားဦးမွာပါ။ဒုတိယေနရာကအသင္းကိုလည္းခင္ဗ်ားၾကည့္ပါ။အက္တလက္တီကို ေတာင့္တင္းခိုင္မာတဲ့အသင္းပါ။လိပ္ပြဲေတြအမ်ားၾကီးက်န္ပါေသးတယ္။” 




ဘာစီလိုနာတို ့ဒီရာသီခ်န္ပီယံလိပ္မွာ ဘယ္အဆင့္ထိတက္လွမ္းသြားနိုင္မလဲ?

(Unicode)

El Clásico ပွဲမှာရှုံးခဲ့တဲ့အတွက်ဆာဂျီယိုရက်ဂျီယွန်ကိုငိုကြွေးနေတဲ့အမူအရာနဲ့လှောင်ပြောင်ခဲ့တဲ့ဆွာရက်ဇ်


လွန်ခဲ့တဲ့အပတ် ဗုဒ္ဓဟူးနေ့က ကိုပါဒီရေးဆီမီးဖိုင်နယ်မှာ ရီးရဲလ်တို့ရှုံးနိမ့်ခဲ့တဲ့ပွဲအပေါ် ရီးရဲလ်ကစားသမား ဆာဂျီယိုရက်ဂျီယွန်တစ်ယောက်ငိုကြွေးနေတာမလားလို့ဆွာရက်ဇ်ကပြီးခဲ့တဲ့ စနေနေ့က လာလီဂါပွဲအဖြစ် ရီးရဲလ်အသင်းနဲ့တွေ့ဆုံစဉ်မှာ ရက်ဂျီယွန်ကိုလှောင်ပြောင်ခဲ့ပါတယ်။ဘာစီလိုနာတိုက်စစ်မှူးဟာ အသက်၂၂နှစ်အရွယ်မက်ဒရစ်ဘယ်နောက်ခံလူကို ပြီးခဲ့တဲ့ပွဲရှုံးပွဲကြောင့်ငိုကြွေးနေတယ်ဆိုတဲ့ အမူအရာနဲ့လှောင်ပြောင်လုပ်ပြခဲ့တာပဲဖြစ်ပါတယ်။

ကမ္ဘာ့ပြိုင်ဘက်၂သင်းတွေ့ဆုံမှုမှာ အတော်လေးအကြင်နာကင်မဲ့တဲ့လှောင်ပြောင်မှုအကြောင်းပြောနေကြတာလား?ဘာစီလိုနာအသင်းဟာ ရာကီတစ်ရဲ့၁လုံးထဲသောသွင်းဂိုးနဲ့ရီးရဲလ်ကိုအနိုင်ရရှိခဲ့ပါတယ်။EI Clasico လို့ခေါ်တွင်တဲ့ စပိန်ဒါဘီပွဲဟာ ဒရမ်မာတွေမပါဘဲနဲ့တော့ဘယ်တော့မှာ ပွဲမပြီးနိုင်ပါဘူး။ဆာဂျီယိုရာမို့စ်နဲ့မက်ဆီတစ်ယောက် အချင်းများခဲ့ကြပြီး ရာမို့စ်ဟာ ဘာကာစတားကို တံတောင်နဲ့တမင်ဆော်ခဲ့တာပဲဖြစ်ပါတယ်။

ဒုတိယပိုင်းရောက်မှာတော့ ဘာကာဂိုးသမား တာစတီဂန်နဲ့လန်ဂလက်တို့ဟာ အသက်၃၂နှစ်အရွယ်ရီးရဲလ်အသင်းခေါင်းဆောင်ကို တံတောင်နဲ့ပြန်ကြိတ်ခဲ့ကြပြီး ပွဲအရှိန်ဟာ လက်စားချေမှုတွေနဲ့ရှိနေခဲ့သလို ဂရတ်ဘေးလ်တစ်ယောက်ဟာလည်း ခြေစွမ်းမပြနိုင်လို့မက်ဒရစ်ပရိတ်သတ်တွေရဲ့အော်ဟစ်ဝေဖန်ခြင်းကိုခံခဲ့ရပြန်ပါတယ်။ဘာစီလိုနာဟာ ဒီနိုင်ပွဲကြောင့် လာလီဂါမှာရီးရဲလ်ကို ၁၂မှတ်အထိဖြတ်ထားနိုင်ခဲ့ပါတယ်။ဒါပင်မယ့်လည်း ဘာကာနည်းပြ ဗယ်လ်ဗာဒီကတော့ သူတို့ရဲ့ပြိုင်ဘက်ရီးရဲလ်ဟာ လာလီဂါချန်ပီယံပြေးလမ်းထဲက ဖယ်ခွာမသွားသေးဘူးလို့ယုံကြည်လျက်ရှိနေပါတယ်။


” ကျွန်တော်တို့ရှေ့မှာတစ်ကမ္ဘာလုံးရှိနေပါသေးတယ်။မက်ဒရစ်ဟာ ပွဲဆက်နိုင်ပွဲရယူနိုင်တယ်ဆိုတာကျွန်တော်တို့သိတယ်။အက်တလက်တီကိုမက်ဒရစ်လည်း ရှိနေပါသေးတယ်။သင်္ချာနည်းအရမသေချာသေးခင်အချိန်ထိကျွန်တော်တို့တိုက်ပွဲဝင်သွားမှာပါ။ကျွန်တော်တို့ရဲ့ပြိုင်ဘက်တွေကိုလေးစာပါတယ်။သူတို့လည်းကျွန်တော်တို့ကိုလေးစားပါတယ်။ဆက်လက်တိုက်ပွဲဝင်သွားရမှာပါ။ချန်ပီယံအကြောင်းခင်ဗျားစစဉ်းစားမယ်ဆို ခင်ဗျားစရှုံးပြီလို့အောက်မေ့တော့။မက်ဒရစ်က ပြန်လာဦးမှာပါ။ရက်တွေအများကြီးကျန်ပါသေးတယ်။ကျွန်တော်တို့ဦးဆောင်နေမှုကိုဟန့်တားဦးမှာပါ။ဒုတိယနေရာကအသင်းကိုလည်းခင်ဗျားကြည့်ပါ။အက်တလက်တီကို တောင့်တင်းခိုင်မာတဲ့အသင်းပါ။လိပ်ပွဲတွေအများကြီးကျန်ပါသေးတယ်။” 

ဘာစီလိုနာတို့ဒီရာသီချန်ပီယံလိပ်မှာ ဘယ်အဆင့်ထိတက်လှမ်းသွားနိုင်မလဲ?

No comments

Powered by Blogger.