ၿပိဳင္ဘက္ကစားသမားဒဏ္ရာရေနခ်ိန္တြင္ ပြဲရပ္နားဖို႔ကြင္းလယ္ဒိုင္ကိုတိုက္တြန္းခဲ့တဲ့ကန္တီ
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
မေန႔ညက ဖူဟမ္နဲ႔ခ်ယ္ဆီးတို႔ရဲ႕အေရွ႕လန္ဒန္ဒါဘီပြဲစဥ္မွာ ကန္တီရဲ႕ အားကစားစိတ္ဓာတ္ကိုျမင္ေတြ႕ခဲ့ရပါတယ္။ဖူဟမ္ကစားသမားဂ်ိဳးဘရိုင္ယန္ရဲ႕ေခါင္းကိုသူ႔ေခါင္းနဲ႔မေတာ္တဆတိုက္မိခဲ့တဲ့ကန္တီဟာ ခ်ယ္ဆီးအသင္း တန္ျပန္တိုက္စစ္စတင္ဖို႔အေကာင္းဆံုးအခြင့္အေရးရွိေနတာေတာင္ ကြင္းလယ္ဒိုင္ကို လက္ျပျပီး ပြဲရပ္နားဖို႕အခ်က္ေပးခဲ့ပါတယ္။
ကံေကာင္းစြာနဲ႔ပဲ ဘရိုင္ယန္ရဲ႕ဒဏ္ရာက စိုးရိမ္စရာမရွိခဲ့ပဲခဏနားျပီး ဆက္လက္ကစားနိုင္တဲ့အေျခအေနရွိခဲ့ပါတယ္။ခ်ယ္ဆီးအသင္းဟာ က်ဥ္းေျမာင္းတဲ့ရလဒ္နဲ႔သာဖူဟမ္ကိုဦးေဆာင္ထားလို႕ ဘာမဆိုျဖစ္သြားနိုင္တဲ့အေျခအေနမွာ ဂိုးရဖို႔ထက္သူ႔ေျကာင္ ျပိဳင္ဘက္ကစားသမား အနာတရျဖစ္မွာပိုဆိုးရိမ္ခဲ့တဲ့ ကန္တီရဲ႕စိတ္ထားကေတာ့ေလးစားစရာပါပဲ။
သူ႔ရဲ႕အားကစာစိတ္ဓာတ္ကို ဆိုရွယ္မီဒီယာမွာခ်ီးက်ဴးမႈေတြျပည့္နွက္သြားခဲ့ပါတယ္။ဒါတင္မကကန္တီဟာအျမဲကိုယ့္ကိုယ္ကိုနွိမ့္ခ်တက္တဲ့စိတ္ထားရွိျပီး ေဘာလံုးကမာၻမွာေတာ့ လူငယ္ကစားသမားေတြအတုယူသင့္သူပါပဲ။ဒါေပမယ့္ေနာက္ထပ္ထြက္ေပၚလာတဲ့ သတင္းတစ္ခုကေတာ့ ကန္တီဟာ အခ်ိန္တိက်တတ္သူမဟုတ္ဖူးဆိုတာပါပဲ။ေလ့က်င့္ေရးကြင္းကိုမျကာခဏေနာက္က်တက္တာေျကာင့္ ခ်ယ္ဆီးမွာဒဏ္ရိုက္အခံရဆံုးကစားသမားကကန္တီလို႕ဆိုပါတယ္။
အသင္းမွာဘယ္သူဒဏ္ရိုက္အခံရဆံုးလဲလို႕သတင္းေထာက္ရဲ႕ေမးခြန္းကိုအသင္းေဖာ္နွစ္ေယာက္ျဖစ္တဲ့ အိုဒိြဳင္းေရာ ေလာ့တပ္ခ်ိဒ္ေရာက ကန္တီေပါ့လို႔ခ်က္ခ်င္းျပန္ေျဖခဲ့ပါတယ္။သတင္းေထာက္ကိုဟန္ဆန္ဒိုဒိြဳင္းက''ကန္တီပါပဲ ။ခင္ဗ်ားသူအလာကို ေစာေစာေမ်ွာ္မေနပါနဲ႔။သူကအျမဲေနာက္က်တာ''လို႔ေျပာခဲ့သလို ေလာ့တပ္ခ်ိဒ္ကလည္း''ကန္တီကေတာ့ ေနာက္က်ေလ့ရွိပါတယ္။အမ်ားျကီးေတာ့မဟုတ္ဖူး။တစ္မိနစ္နွစ္မိနစ္ပါပဲ။တစ္ခါတစ္ေလေတာ့လဲအခ်ိန္မွီတယ္ဆိုရံုေလးေရာက္လာတက္တယ္။ဒါေပမယ့္ သူေရာက္လာျပီးျပံဳးျပလိုက္တာနဲ႔ လူတိုင္းကငါတို႔မင္းကို အျပစ္မေျပာပါဘူးကြာလို႔ ျဖစ္သြားတာပါပဲ။''လို႔ထုတ္ေဖာ္ေျပာခဲ့ပါတယ္။
(Unicode)
ပိုင်ဘက်ကစားသမားဒဏ်ရာရနေချိန်တွင် ပွဲရပ်နားဖို့ကွင်းလယ်ဒိုင်ကိုတိုက်တွန်းခဲ့တဲ့အန်ဂိုလိုကန်တီ
မနေ့ညက ဖူဟမ်နဲ့ချယ်ဆီးတို့ရဲ့အရှေ့လန်ဒန်ဒါဘီပွဲစဉ်မှာ ကန်တီရဲ့ အားကစားစိတ်ဓာတ်ကိုမြင်တွေ့ခဲ့ရပါတယ်။ဖူဟမ်ကစားသမားဂျိုးဘရိုင်ယန်ရဲ့ခေါင်းကိုသူ့ခေါင်းနဲ့မတော်တဆတိုက်မိခဲ့တဲ့ကန်တီဟာ ချယ်ဆီးအသင်း တန်ပြန်တိုက်စစ်စတင်ဖို့အကောင်းဆုံးအခွင့်အရေးရှိနေတာတောင် ကွင်းလယ်ဒိုင်ကို လက်ပြပြီး ပွဲရပ်နားဖို့အချက်ပေးခဲ့ပါတယ်။
ကံကောင်းစွာနဲ့ပဲ ဘရိုင်ယန်ရဲ့ဒဏ်ရာက စိုးရိမ်စရာမရှိခဲ့ပဲခဏနားပြီး ဆက်လက်ကစားနိုင်တဲ့အခြေအနေရှိခဲ့ပါတယ်။ချယ်ဆီးအသင်းဟာ ကျဉ်းမြောင်းတဲ့ရလဒ်နဲ့သာဖူဟမ်ကိုဦးဆောင်ထားလို့ ဘာမဆိုဖြစ်သွားနိုင်တဲ့အခြေအနေမှာ ဂိုးရဖို့ထက်သူ့ကြောင် ပြိုင်ဘက်ကစားသမား အနာတရဖြစ်မှာပိုဆိုးရိမ်ခဲ့တဲ့ ကန်တီရဲ့စိတ်ထားကတော့လေးစားစရာပါပဲ။
သူ့ရဲ့အားကစာစိတ်ဓာတ်ကို ဆိုရှယ်မီဒီယာမှာချီးကျူးမှုတွေပြည့်နှက်သွားခဲ့ပါတယ်။ဒါတင်မကကန်တီဟာအမြဲကိုယ့်ကိုယ်ကိုနှိမ့်ချတက်တဲ့စိတ်ထားရှိပြီး ဘောလုံးကမ္ဘာမှာတော့ လူငယ်ကစားသမားတွေအတုယူသင့်သူပါပဲ။ဒါပေမယ့်နောက်ထပ်ထွက်ပေါ်လာတဲ့ သတင်းတစ်ခုကတော့ ကန်တီဟာ အချိန်တိကျတတ်သူမဟုတ်ဖူးဆိုတာပါပဲ။လေ့ကျင့်ရေးကွင်းကိုမကြာခဏနောက်ကျတက်တာကြောင့် ချယ်ဆီးမှာဒဏ်ရိုက်အခံရဆုံးကစားသမားကကန်တီလို့ဆိုပါတယ်။
အသင်းမှာဘယ်သူဒဏ်ရိုက်အခံရဆုံးလဲလို့သတင်းထောက်ရဲ့မေးခွန်းကိုအသင်းဖော်နှစ်ယောက်ဖြစ်တဲ့ အိုဒွိုင်းရော လော့တပ်ချိဒ်ရောက ကန်တီပေါ့လို့ချက်ချင်းပြန်ဖြေခဲ့ပါတယ်။သတင်းထောက်ကိုဟန်ဆန်ဒိုဒွိုင်းက''ကန်တီပါပဲ ။ခင်ဗျားသူအလာကို စောစောမျှော်မနေပါနဲ့။သူကအမြဲနောက်ကျတာ''လို့ပြောခဲ့သလို လော့တပ်ချိဒ်ကလည်း''ကန်တီကတော့ နောက်ကျလေ့ရှိပါတယ်။အများကြီးတော့မဟုတ်ဖူး။တစ်မိနစ်နှစ်မိနစ်ပါပဲ။တစ်ခါတစ်လေတော့လဲအချိန်မှီတယ်ဆိုရုံလေးရောက်လာတက်တယ်။ဒါပေမယ့် သူရောက်လာပြီးပြုံးပြလိုက်တာနဲ့ လူတိုင်းကငါတို့မင်းကို အပြစ်မပြောပါဘူးကွာလို့ ဖြစ်သွားတာပါပဲ။''လို့ထုတ်ဖော်ပြောခဲ့ပါတယ်။
Post a Comment