လက်စတာစီးတီးပိုင်ရှင်ရဲ့ ရဟတ်ယာဉ်ဟာအသင်းကားပါကင်မှာပျက်ကျခဲ့ပါတယ်။
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
လက်စတာစီးတီးပိုင်ရှင်ရဲ့ရဟတ်ယာဉ်ဟယကလပ်ကားပါကင်မှာပျက်ကျခဲ့ပါတယ်။
လက်စတာစီးတီးအသင်းပိုင်ရှင်ရဲ့ ရဟတ်ယာဉ်ဟာ အသင်းကွင်းကနေထွက်ခွာလာစဉ် ပျက်ကျခဲ့တာပဲဖြစ်ပါတယ်။
အဆိုပါရဟတ်ယာဉ်ကို လက်စတာစီးတီးရဲ့ပိုင်ရှင်ဘီလီယံနာ Vichai Srivaddhnaprabha ပိုင်ဆိုင်ထားတာပဲဖြစ်ပြီး ကလပ်ရဲ့ဘောလုံးကွင်းကနေထွက်ခွာစဉ်မှာ ပျက်ကျခဲ့ပြီး ပေါက်ကွဲကာမီးတောက်လောင်ခဲ့ပါတယ်။
ရဟတ်ယာဉ်ဟာ မပျက်ကျခင်လေထဲမှာတစ်ဝဲလည်လည်ဖြစ်နေခဲ့ပြီး ကွင်းဘေးကားပါကင်မှာမှာပျက်ကျခဲ့ပါတယ်။အဆိုပါဖြစ်ရပ်မတိုင်ခင် လက်စတာစီးတီးအသင်းဟာအဆိုပါသူတို့ရဲ့အိမ်ကွင်းမှာ ဝက်စ်ဟမ်းအသင်းကို ၁-၁ သရေကျခဲ့ပါတယ်။
ထိုင်းလူမျိုးစီးပွားရေးလုပ်ငန်းရှင် Mr Srivaddhanapraba ဟာ ပေါင် ၅ဘီလီယံအထိပိုင်ဆိုင်ပြီး လက်စတာစီးတီးအသင်းရဲ့ ပိုင်ရှင်တစ်ယောက်ဖြစ်သလို စပွန်ဆာပေးထားတဲ့ King Power ရဲ့ဥက္ကဌ တစ်ယောက်ဖြစ်လို့နေပါတယ်။မျက်မြင်သက်သေများရဲ့ထွက်ဆိုချက်အရ ရဟတ်ယာဉ်ဟာ လေထဲမှာအတော်လေး ခက်ခက်ခဲခဲပျံသန်းနေရပြီး မြေပြင်ပေါ်ထိုးစိုက်မကျခင်မှာ ကွင်းခေါင်မိုးပေါ်ကနေရှင်းရှင်းလင်းလင်းပျံသန်းနိုင်ခဲ့တယ်လို့သိရပါတယ်။အရေးပေါ်ဝန်ဆောင်မှုများဟာ အလျင်အမြန်ရောက်ရှိလာခဲ့ကြပြီး ပွဲကြည့်ပရိတ်သတ်များလည်း လန့်ဖြတ်ပြေးလွှားသွားခဲ့ကြသလို မီးသတ်တပ်ဖွဲ့များဟာလည်းရဟတ်ယာဉ်ပျက်ကျရာနေရာဆီအပြေးအလွှားရောက်လာခဲ့ကြပါတယ်။
လက်စတာစီးတီးရဲ့ပြောရေးဆိုခွင့်ရှိသူကတော့ “ ကျွန်တော်တို့ဟာ King Power ကွင်းရဲ့မတော်တဆဖြစ်ပွားခဲ့တာနဲ့ပတ်သတ်ပြီး လက်စတာရဲများနဲ့အရေးပေါ်ကယ်ဆယ်ရေးသမားများကိုကူညီပေးနေပါတယ်။ကလပ်ဟာ ထပ်မံရရှိလာမယ့်သတင်းများနဲ့ပတ်သတ်ပြီး ပိုမိုတိကျတဲ့အခြေအနေကို လုပ်ဆောင်နေပါတယ်။
မျက်မြင်သက်သေတစ်ယောက်ကတော့ “ ကျွန်တော်အကုန်လုံးကိုမြင်ခဲ့တယ်။ပြဿနာတစ်ခုခုဖြစ်နေတာသိသာပါတယ်။ကွင်းပေါ်ကနေ ထွက်ဖို့ကိုသာထိန်းချူပ်နေပြီး မြေပေါ်ကို ပြုတ်မကျခင် လေထဲမှာပတ်ချာလည်နေပါတယ်။”
ရဟတ်ယာဉ်ထဲမှာ ပိုင်ရှင်ရဲ့သားပါလား ဒါမှမဟုတ် လက်စတာစီးတီးဒါရိုက်တာ ပါလားသေချာမသိပါဘူး။
အသင်းရဲ့ဂိုးသမား ပီတာရှမိုက်ကယ်က တော့ လုံခြုံရေးနဲ့အတူအပြေးအလွှားထွက်လာခဲ့တယ်လို့အမည်မဖော်လိုသူတစ်ယောက်က ပြောကြားခဲ့ပါသေးတယ်။ “ ရှမိုက်ကယ်တစ်ယောက် အရင်ဆုံးပြေးထွက်လာတာကို ကျွန်တော်တွေ့လိုက်ပါတယ်။သူ့ဘေးမှာ လုံခြံရေးအပြည့်နဲ့ပါ။ကျွန်တော်ဟာကွင်းဘေးမှာရပ်နေတာပါ။ရဟတ်ယာဉ်ပျက်ကျတာက တခြားဘက်မှာပါ။လူတိုင်းအဆင်ပြေပါစေလို့ကျွန်တော်မေ ျှာ်လင့်ပါတယ်။”
Post a Comment