Header Ads


အိမ္ကြင္း(သို့မဟုတ္) အေ၀းကြင္းပြဲေတြသာတြက္ခ်က္ၿပီး ပရီးမီးယားလိပ္ဇယားရပ္တည္မႈကိုဖန္တီးၾကည့္မယ္ဆိုရင္


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
လီဗာပူးလ္အသင္းဟာ လက္ရိွပရီးမီးယားလိပ္ရာသီမကုန္ခင္မွာ ဒုတိယေနရာက မန္စီးတီးအသင္းထက္ ရမွတ္၁မွတ္အသာျဖင့္ဇယားထိပ္မွာရပ္တည္ေနပါတယ္။လိပ္ဇယားရဲ့ ရပ္တည္မႈကို အိမ္ကြင္းအေ၀းကြင္းရလဒ္ေပၚအေျခခံထားၿပီးတြက္ခ်က္ထားတာျဖစ္ကာ ဂ်ာဂန္ကေလာ့ရဲ ့လီဗာပူးလ္အသင္းကေတာ့ ဇယားထိပ္မွာ တစ္ရာသီလံုးပံုမွန္ရပ္တည္လာခဲ့တာပဲျဖစ္ပါတယ္။
မနက္ျဖန္မွာေတာ့ မန္စီးတီးအသင္းဟာ ဘုန္းေမာက္အသင္းနဲ ့ရင္ဆိုင္ကစားရမွာျဖစ္ကာ လီဗာပူးလ္အသင္းကေတာ့ အဲဗာတန္အသင္းနဲ့မာေဆးဆိုဒ္ဒါဘီပြဲအျဖစ္တနဂၤေႏြေန ့မွာရင္ဆိုင္ကစားရေတာ့မွာျဖစ္ပါတယ္။ဒါ့ေၾကာင့္ လက္ရိွပရီးမီးယားလိပ္ဖလားအဆံုးအျဖတ္ေနရာမွာ ၂သင္းစလံုးအတြက္ ရမွတ္၁မွတ္ေလးဟာအလြန္အေရးပါေနတာကိုေတြ ့ရပါတယ္။

လီဗာပူးလ္အသင္းဟာ ဒီရာသီခက္ခဲၾကမ္းတမ္းမယ့္ပြဲေတြကိုျဖတ္ေက်ာ္ရဖို ့ရိွေနၿပီး အဲဗာတန္အသင္းကိုအေ၀းကြင္းမွာသြားေရာက္ရင္ဆိုင္ကစားရမွာျဖစ္သလို စပါးလ္၊ခ်ဲလ္ဆီးအသင္းတို ့နဲ ့အိမ္ကြင္းမွာရင္ဆိုင္ကစားရမွာပဲျဖစ္ပါတယ္။စီးတီးအသင္းကေတာ့ စပါးလ္အသင္းကို အိမ္ကြင္းမွာလက္ခံကစားရမွာပဲျဖစ္ၿပီး ဒီရာသီသူတို ့အသင္းအတြက္ခ်န္ပီယံဆံုးျဖတ္ခ်က္ပြဲျဖစ္လာနိုင္မယ့္ မန္ခ်က္စတာယူနိုက္တက္အသင္းနဲ ့အေ၀းကြင္းမွာသြားေရာက္ကစားရမွာပဲျဖစ္ပါတယ္။သို ့ေသာ္လည္း ၂သင္းစလံုးအတြက္စပါးလ္အသင္းကို အိမ္ကြင္းမွာလက္ခံကစားရမွာျဖစ္ကာ ထိုပြဲ၂ပြဲဟာ သူတို ့၂သင္းအတြက္ အဆံုးအျဖတ္ပြဲျဖစ္လာမွာျဖစ္သလို ရလဒ္ပိုင္းလြဲေခ်ာ္မႈေတြရိွလာဖို ့ရိွေနပါတယ္။ပိုခ်က္တီနိုရဲ ့အသင္းဟာ ၿပီးခဲ့တဲ့ အပတ္မွာ ၂ပြဲဆက္တိုက္ရံႈးနိမ့္ခဲ့ၿပီးေနာက္ ခ်န္ပီယံဆုတိုက္ပြဲကေန ထြက္ခြာသြားခဲ့ရပါတယ္။ဒါပင္မယ့္လည္း အမွတ္ေပးဇယားရဲ ့ရပ္တည္မႈကို အေ၀းကြင္းပြဲေတြနဲ့ဆံုးျဖတ္ပါက စပါးလ္တို ့ဟာ ထိပ္ဆံုးအဆင့္၁မွာရပ္တည္ေနတာပဲျဖစ္ပါတယ္။



ပတ္ဂြာဒီယိုလာရဲ ့အသင္းဟာ စပါးလ္အသင္းထက္အေ၀းကြင္း၂ပြဲေလ်ာ ့ကစားထားရၿပီး လီဗာပူးလ္အသင္းထက္ ၁ပြဲေလ်ာ ့ကစားထားရတာေၾကာင့္ ရာသီကုန္အထိသူတို ့အသင္းဟာ အေ၀းကြင္းပြဲေတြမၾကာခဏသြားကစားရေတာ့မွာပဲျဖစ္ပါတယ္။ေနာက္ထပ္စိတ္၀င္စားစရာေကာင္းတဲ့အခ်က္ကေတာ့ လီဗာပူးလ္အသင္းဟာ  အိမ္ကြင္းပြဲစဥ္ေတြကိုသာတြက္ခ်က္ပါက ဇယားထိပ္ရဲ ့ဒုတိယေနရာမွာရိွေနတာျဖစ္ၿပီး ရလဒ္ပိုင္းတည္ၿငိမ္မႈဟာ သူတို ့အတြက္အေရးၾကီးတဲ့အခ်က္ဆိုတာသက္ေသျပေနတာပဲျဖစ္ပါတယ္။



အိမ္ကြင္းအမွတ္ေပးဇယားရပ္တည္မႈက ဘာကိုရွင္းရွင္းလင္းလင္းေဖာ္ျပေနသလဲဆိုရင္တာ့ လက္စတာစီးတီးပရိတ္သတ္မ်ားက လက္ရိွအထုတ္ခံလုိက္ရတဲ့နည္းျပပူရယ္ရဲ ့စြမ္းေဆာင္ရည္နဲ ့ပတ္သတ္ၿပီးမေပ်ာ္မရႊင္ျဖစ္ေနေၾကာင္းဆိုေနတာပဲျဖစ္ပါတယ္။အဂၤါေန ့ကဘရိုက္တန္အသင္းကို အနိုင္မရခင္က သူတို ့အသင္းဟာ အိမ္ကြင္း၄ပြဲဆက္ရံႈးနိမ့္ခဲ့တာျဖစ္ၿပီး King Power ကြင္းမွာ ၄ပြဲသာအနိုင္ယူနိုင္တာပဲျဖစ္ပါတယ္။ခရစ္စတယ္ပဲေလ့စ္အသင္းနဲ ့ဟယ္လ္ဒါဖီးအသင္းေတြဟာ အိမ္ကြင္းမွာ ဂိုးအနည္းငယ္သာသြင္းယူထားနိုင္တာေၾကာင့္ ပရိတ္သတ္ေတြဟာ သူတို ့အသင္းရဲ ့စြမ္းေဆာင္ရည္အေပၚအာရံုစိုက္ေနခဲ့ၾကတာပဲျဖစ္ပါတယ္။စပါးလ္၊လက္စတာအသင္းနဲ ့ပဲေလ့စ္အသင္းတို ့ဟာ အိ္မ္ကြင္းထက္ အေ၀းကြင္းစြမ္းေဆာင္ရည္ပိုေကာင္းၾကတာကိုေတြ ့ရပါတယ္။

ဒါ့ေၾကာင့္ လီဗာပူးလ္အသင္းနဲ ့မန္စီးတီးတို ့ဟာ စပါးလ္အသင္းကို အိမ္ကြင္းမွာလက္ခံကစားရဖုိ ့ဆိုတာအေျခအေနေကာင္းတယ္လို ့မဆိုလိုနိုင္ပါဘူး။အထူးသျဖင့္ ဂြာဒီယိုလာရဲ ့အသင္းဟာ လက္စတာကို အိမ္ကြင္းမွာလက္ခံကစားရဦးမွာပဲျဖစ္ပါတယ္။


ဒီရာသီလိပ္ဖလားၿပိဳင္ပြဲမွာ ဘယ္အသင္းပန္း၀င္သြားမယ္လို ့ထင္ပါသလဲ?

(Unicode)

အိမ်ကွင်း(သို့မဟုတ်) အဝေးကွင်းပွဲတွေသာတွက်ချက်ပြီး ပရီးမီးယားလိပ်ဇယားရပ်တည်မှုကိုဖန်တီးကြည့်မယ်ဆိုရင်

လီဗာပူးလ်အသင်းဟာ လက်ရှိပရီးမီးယားလိပ်ရာသီမကုန်ခင်မှာ ဒုတိယနေရာက မန်စီးတီးအသင်းထက် ရမှတ်၁မှတ်အသာဖြင့်ဇယားထိပ်မှာရပ်တည်နေပါတယ်။လိပ်ဇယားရဲ့ ရပ်တည်မှုကို အိမ်ကွင်းအဝေးကွင်းရလဒ်ပေါ်အခြေခံထားပြီးတွက်ချက်ထားတာဖြစ်ကာ ဂျာဂန်ကလော့ရဲ့လီဗာပူးလ်အသင်းကတော့ ဇယားထိပ်မှာ တစ်ရာသီလုံးပုံမှန်ရပ်တည်လာခဲ့တာပဲဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ မန်စီးတီးအသင်းဟာ ဘုန်းမောက်အသင်းနဲ့ရင်ဆိုင်ကစားရမှာဖြစ်ကာ လီဗာပူးလ်အသင်းကတော့ အဲဗာတန်အသင်းနဲ့မာဆေးဆိုဒ်ဒါဘီပွဲအဖြစ်တနင်္ဂနွေနေ့မှာရင်ဆိုင်ကစားရတော့မှာဖြစ်ပါတယ်။ဒါ့ကြောင့် လက်ရှိပရီးမီးယားလိပ်ဖလားအဆုံးအဖြတ်နေရာမှာ ၂သင်းစလုံးအတွက် ရမှတ်၁မှတ်လေးဟာအလွန်အရေးပါနေတာကိုတွေ့ရပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီရာသီခက်ခဲကြမ်းတမ်းမယ့်ပွဲတွေကိုဖြတ်ကျော်ရဖို့ရှိနေပြီး အဲဗာတန်အသင်းကိုအဝေးကွင်းမှာသွားရောက်ရင်ဆိုင်ကစားရမှာဖြစ်သလို စပါးလ်၊ချဲလ်ဆီးအသင်းတို့နဲ့အိမ်ကွင်းမှာရင်ဆိုင်ကစားရမှာပဲဖြစ်ပါတယ်။စီးတီးအသင်းကတော့ စပါးလ်အသင်းကို အိမ်ကွင်းမှာလက်ခံကစားရမှာပဲဖြစ်ပြီး ဒီရာသီသူတို့အသင်းအတွက်ချန်ပီယံဆုံးဖြတ်ချက်ပွဲဖြစ်လာနိုင်မယ့် မန်ချက်စတာယူနိုက်တက်အသင်းနဲ့အဝေးကွင်းမှာသွားရောက်ကစားရမှာပဲဖြစ်ပါတယ်။သို့သော်လည်း ၂သင်းစလုံးအတွက်စပါးလ်အသင်းကို အိမ်ကွင်းမှာလက်ခံကစားရမှာဖြစ်ကာ ထိုပွဲ၂ပွဲဟာ သူတို့၂သင်းအတွက် အဆုံးအဖြတ်ပွဲဖြစ်လာမှာဖြစ်သလို ရလဒ်ပိုင်းလွဲချော်မှုတွေရှိလာဖို့ရှိနေပါတယ်။ပိုချက်တီနိုရဲ့အသင်းဟာ ပြီးခဲ့တဲ့ အပတ်မှာ ၂ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့ပြီးနောက် ချန်ပီယံဆုတိုက်ပွဲကနေ ထွက်ခွာသွားခဲ့ရပါတယ်။ဒါပင်မယ့်လည်း အမှတ်ပေးဇယားရဲ့ရပ်တည်မှုကို အဝေးကွင်းပွဲတွေနဲ့ဆုံးဖြတ်ပါက စပါးလ်တို့ဟာ ထိပ်ဆုံးအဆင့်၁မှာရပ်တည်နေတာပဲဖြစ်ပါတယ်။

ပတ်ဂွာဒီယိုလာရဲ့အသင်းဟာ စပါးလ်အသင်းထက်အဝေးကွင်း၂ပွဲလျော့ကစားထားရပြီး လီဗာပူးလ်အသင်းထက် ၁ပွဲလျော့ကစားထားရတာကြောင့် ရာသီကုန်အထိသူတို့အသင်းဟာ အဝေးကွင်းပွဲတွေမကြာခဏသွားကစားရတော့မှာပဲဖြစ်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ လီဗာပူးလ်အသင်းဟာ  အိမ်ကွင်းပွဲစဉ်တွေကိုသာတွက်ချက်ပါက ဇယားထိပ်ရဲ့ဒုတိယနေရာမှာရှိနေတာဖြစ်ပြီး ရလဒ်ပိုင်းတည်ငြိမ်မှုဟာ သူတို့အတွက်အရေးကြီးတဲ့အချက်ဆိုတာသက်သေပြနေတာပဲဖြစ်ပါတယ်။


အိမ်ကွင်းအမှတ်ပေးဇယားရပ်တည်မှုက ဘာကိုရှင်းရှင်းလင်းလင်းဖော်ပြနေသလဲဆိုရင်တာ့ လက်စတာစီးတီးပရိတ်သတ်များက လက်ရှိအထုတ်ခံလိုက်ရတဲ့နည်းပြပူရယ်ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သတ်ပြီးမပျော်မရွှင်ဖြစ်နေကြောင်းဆိုနေတာပဲဖြစ်ပါတယ်။အင်္ဂါနေ့ကဘရိုက်တန်အသင်းကို အနိုင်မရခင်က သူတို့အသင်းဟာ အိမ်ကွင်း၄ပွဲဆက်ရှုံးနိမ့်ခဲ့တာဖြစ်ပြီး King Power ကွင်းမှာ ၄ပွဲသာအနိုင်ယူနိုင်တာပဲဖြစ်ပါတယ်။ခရစ်စတယ်ပဲလေ့စ်အသင်းနဲ့ဟယ်လ်ဒါဖီးအသင်းတွေဟာ အိမ်ကွင်းမှာ ဂိုးအနည်းငယ်သာသွင်းယူထားနိုင်တာကြောင့် ပရိတ်သတ်တွေဟာ သူတို့အသင်းရဲ့စွမ်းဆောင်ရည်အပေါ်အာရုံစိုက်နေခဲ့ကြတာပဲဖြစ်ပါတယ်။စပါးလ်၊လက်စတာအသင်းနဲ့ပဲလေ့စ်အသင်းတို့ဟာ အိမ်ကွင်းထက် အဝေးကွင်းစွမ်းဆောင်ရည်ပိုကောင်းကြတာကိုတွေ့ရပါတယ်။

ဒါ့ကြောင့် လီဗာပူးလ်အသင်းနဲ့မန်စီးတီးတို့ဟာ စပါးလ်အသင်းကို အိမ်ကွင်းမှာလက်ခံကစားရဖို့ဆိုတာအခြေအနေကောင်းတယ်လို့မဆိုလိုနိုင်ပါဘူး။အထူးသဖြင့် ဂွာဒီယိုလာရဲ့အသင်းဟာ လက်စတာကို အိမ်ကွင်းမှာလက်ခံကစားရဦးမှာပဲဖြစ်ပါတယ်။

ဒီရာသီလိပ်ဖလားပြိုင်ပွဲမှာ ဘယ်အသင်းပန်းဝင်သွားမယ်လို့ထင်ပါသလဲ?

No comments

Powered by Blogger.