အုိလ္ေဇးလ္ရဲ့ ထူးျခားတဲ့ Bounce Shot အစြမ္းကိုဘုန္းေမာက္နဲ့ ပြဲမွာေတြ ့ခဲ့ရပါတယ္။
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ကၽြန္ေတာ္တို ့ဟာ ေဘာလံုးအေက်ာ္အေမာ္ေတြျဖစ္တဲ့ မာရာဒိုနာနဲ ့ကရာဖ္တန္းတို ့ရဲ ့စေကးလ္အေၾကာင္းျမင္ဖူးေတြ ့ဖူးၿပီးသားျဖစ္ပါတယ္။ဒါပင္မယ့္လည္း မီဆြတ္အိုလ္ေဇးလ္ရဲ ့ကိုယ္ပိုင္အမွတ္တံဆပ္စေကးလ္တစ္ခုျဖစ္တဲ့ Brounce Shot ကိုေတာ့ လူသိနည္းေနၾကပါတယ္။
ၿပီးခဲ့တဲ့ညက ဂ်ာမန္ကစားသမားဟာ ဘုန္းလ္ေမာက္အသင္းကို ၅-၁ ျဖင့္အနိုင္ရတဲ့ပြဲမွာ ပြဲအစ၄မိနစ္ထဲက ဦးေဆာင္ဂိုးသြင္းယူေပးခဲ့ၿပီး မခ္ခီတာရမ္ရဲ ့သြင္းဂိုးကိုလည္းဖန္တီးေပးခဲ့ျပန္ပါတယ္။သူ ့ရဲ ့သြင္းဂိုးဟာအမွတ္တမွတ္ၾကည့္လိုက္မယ္ဆိုရင္သာမန္လို ့သင္ထင္ေကာင္းထင္နိုင္ပါလိမ့္မယ္။ဒါပင္မယ့္ အဲ့ထက္ပိုတာကိုေတြ ့ရပါတယ္။
အိုလ္ေဇးလ္ရဲ ့ဂိုးသြင္းတဲ့ နည္းစနစ္ပိုင္းဟာ လံုး၀ၿပီးျပည့္စံုမႈရိွပါတယ္။အနိမ့္ေဘာကန္သြင္းလုနီးပါးပံုစံနဲ ့ေျခလွမ္းလွမ္းခဲ့တာျဖစ္ၿပီး သူ ့ရဲ ့ေျခလွမ္းနဲ့ကန္သြင္းခ်က္ေၾကာင့္ ေဘာလံုးဟာ အရင္ခုန္တက္သြားတာမဟုတ္ေသးပဲ ေအာက္ျမက္ခင္းျပင္ကို ကန္ၿပီးမွ တက္သြားတာေၾကာင့္ ဂိုးသမားအာသာအေနနဲ ့ဘယ္လိုမွဖမ္းယူတားဆီးနိုင္စြမ္းမရိွေတာ့ပါဘူး။သူဟာ ေဘာလံုးထိပ္လည္အားကိုဖန္တီးခဲ့တာျဖစ္ၿပီး ေဘာလံုးရဲ ့အရိွန္ဟာ အရမ္းမ်ားေနတာေၾကာင့္ ဖမ္းဆီးကိုင္တြယ္ဖို ့လံုး၀မျဖစ္နိုင္တာပဲျဖစ္ပါတယ္။
သူ ့ရဲ ့သြင္းဂိုးဟာ ဂိုးေပါက္နဲ ့လြဲေခ်ာ္သြားနိုင္တယ္လို ့အမ်ားကထင္ေနၾကေသာ္လည္း သူ ့ရဲ ့ေျခေထာက္ကထိခ်က္ေကာင္းကိုအေကာင္းဆံုးအသံုးခ်ခဲ့တာျဖစ္ပါတယ္။ အိုလ္ေဇးလ္လုပ္ျပခဲ့တာတစ္ၾကိမ္ထဲမဟုတ္ပါဘူး။လီဗာဗူးလ္ဂိုးသမားမီနိုုလတ္ကို သြင္းျပခဲ့တာေတြ၊ဟယ္လ္ဒါဖီးဂိုးသမား ဂ်ိဳနက္စ္လိုဆီတို ့ကိုေက်ာ္သြင္းျပခဲ့တာေတြက အိုလ္ေဇးလ္ဟာ ဂိုးသမားကိုေက်ာ္သြင္းတဲ့ေနရာမွာ သူ ့တစ္ေယာက္ထဲမွာရိွတဲ့နည္းစနစ္ပိုင္းကိုအသံုးခ်ၿပီးလုပ္ျပခဲ့တာပဲျဖစ္ပါတယ္။ဒါ့အျပင္ ေနာက္ထပ္သက္ေသျပစရာအခ်က္တစ္ခုရိွပါေသးတယ္။သူဟာ ယူရို၂၀၁၂ ခုနွစ္တုန္းက ဂ်ာမနီအသင္းနဲ ့ဒိန္းမတ္တို ့ပြဲမွာလည္း သူ ့ရဲ ့ေဘာလံုးကန္ထြက္တင္သြားတဲ့ နည္းစနစ္ကို အသံုးခ်ၿပီးေပးပို ့မႈတစ္ခုကိုလုပ္ျပခဲ့တာပဲျဖစ္ပါတယ္။
ဂန္းနားတို ့ရဲ ့ ဂႏၱ၀င္ကစားသမား အိုင္ရန္ရိုက္ဒ္ကေတာ့ ၿ႔ပီးခဲ့တဲ့ ပြဲမွာေျခစြမ္းျပခဲ့တဲ့အိုလ္ေဇးလ္ကိုခ်ီးက်ဴးေျပာၾကားခဲ့ပါတယ္။ ”သူဟာ ရည္ရြယ္ခ်က္ရိွရိွနဲ ့ျပန္ကန္ထြက္လာေအာင္လုပ္ေဆာင္ခဲ့တာပါ။ဟယ္လ္ဒါဖီးနဲ ့ပြဲမွာလည္းသူဟာလုပ္ျပခဲ့ဖူးပါတယ္။ဘူန္းလ္ေမာက္နဲ့ပြဲမွာလည္း သူဒီလိုပါပဲ။ဂိုးသမားကို ရိုးရိုးမေက်ာ္သြင္းမယ့္အစား ေဘာလံုးကို ေျမၾကီးနဲ ့ျပန္ကန္ၿပီး ေဘာလံုးကိုေက်ာ္တက္ေအာင္လုပ္ခဲ့တာပါ။သူေအာင္ပြဲခံတဲ့အခ်ိန္ဒီလုိလုပ္ျပခဲ့တာကို သူ လူတိုင္းကိုေျပာျပခဲ့တာပါ။ဒါဟာ ရဲရင့္တဲ့ သြင္းဂိုးပါပဲ။အရမ္းကိုမိုက္ပါတယ္။ဒါကို အိုလ္ေဇးလ္လို ့ေခၚပါတယ္။”
အုိလ္ေဇးလ္ဟာ ေဘာလံုးေလာကမွာေမွာ္ဆန္ဆန္ ကစားသမားတစ္ေယာက္ဆိုတာခၽြင္းခ်က္မရိွ လက္ခံရမွာပဲျဖစ္ပါတယ္။
(Unicode)
အိုလ်ဇေးလ်ရဲ့ ထူးခြားတဲ့ Bounce Shot အစွမ်းကိုဘုန်းမောက်နဲ့ ပွဲမှာတွေ့ခဲ့ရပါတယ်။
ကျွန်တော်တို့ဟာ ဘောလုံးအကျော်အမော်တွေဖြစ်တဲ့ မာရာဒိုနာနဲ့ကရာဖ်တန်းတို့ရဲ့စကေးလ်အကြောင်းမြင်ဖူးတွေ့ဖူးပြီးသားဖြစ်ပါတယ်။ဒါပင်မယ့်လည်း မီဆွတ်အိုလ်ဇေးလ်ရဲ့ကိုယ်ပိုင်အမှတ်တံဆပ်စကေးလ်တစ်ခုဖြစ်တဲ့ Brounce Shot ကိုတော့ လူသိနည်းနေကြပါတယ်။
ပြီးခဲ့တဲ့ညက ဂျာမန်ကစားသမားဟာ ဘုန်းလ်မောက်အသင်းကို ၅-၁ ဖြင့်အနိုင်ရတဲ့ပွဲမှာ ပွဲအစ၄မိနစ်ထဲက ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပြီး မခ်ခီတာရမ်ရဲ့သွင်းဂိုးကိုလည်းဖန်တီးပေးခဲ့ပြန်ပါတယ်။သူ့ရဲ့သွင်းဂိုးဟာအမှတ်တမှတ်ကြည့်လိုက်မယ်ဆိုရင်သာမန်လို့သင်ထင်ကောင်းထင်နိုင်ပါလိမ့်မယ်။ဒါပင်မယ့် အဲ့ထက်ပိုတာကိုတွေ့ရပါတယ်။
အိုလ်ဇေးလ်ရဲ့ဂိုးသွင်းတဲ့ နည်းစနစ်ပိုင်းဟာ လုံးဝပြီးပြည့်စုံမှုရှိပါတယ်။အနိမ့်ဘောကန်သွင်းလုနီးပါးပုံစံနဲ့ခြေလှမ်းလှမ်းခဲ့တာဖြစ်ပြီး သူ့ရဲ့ခြေလှမ်းနဲ့ကန်သွင်းချက်ကြောင့် ဘောလုံးဟာ အရင်ခုန်တက်သွားတာမဟုတ်သေးပဲ အောက်မြက်ခင်းပြင်ကို ကန်ပြီးမှ တက်သွားတာကြောင့် ဂိုးသမားအာသာအနေနဲ့ဘယ်လိုမှဖမ်းယူတားဆီးနိုင်စွမ်းမရှိတော့ပါဘူး။သူဟာ ဘောလုံးထိပ်လည်အားကိုဖန်တီးခဲ့တာဖြစ်ပြီး ဘောလုံးရဲ့အရှိန်ဟာ အရမ်းများနေတာကြောင့် ဖမ်းဆီးကိုင်တွယ်ဖို့လုံးဝမဖြစ်နိုင်တာပဲဖြစ်ပါတယ်။
သူ့ရဲ့သွင်းဂိုးဟာ ဂိုးပေါက်နဲ့လွဲချော်သွားနိုင်တယ်လို့အများကထင်နေကြသော်လည်း သူ့ရဲ့ခြေထောက်ကထိချက်ကောင်းကိုအကောင်းဆုံးအသုံးချခဲ့တာဖြစ်ပါတယ်။ အိုလ်ဇေးလ်လုပ်ပြခဲ့တာတစ်ကြိမ်ထဲမဟုတ်ပါဘူး။လီဗာဗူးလ်ဂိုးသမားမီနိုလတ်ကို သွင်းပြခဲ့တာတွေ၊ဟယ်လ်ဒါဖီးဂိုးသမား ဂျိုနက်စ်လိုဆီတို့ကိုကျော်သွင်းပြခဲ့တာတွေက အိုလ်ဇေးလ်ဟာ ဂိုးသမားကိုကျော်သွင်းတဲ့နေရာမှာ သူ့တစ်ယောက်ထဲမှာရှိတဲ့နည်းစနစ်ပိုင်းကိုအသုံးချပြီးလုပ်ပြခဲ့တာပဲဖြစ်ပါတယ်။ဒါ့အပြင် နောက်ထပ်သက်သေပြစရာအချက်တစ်ခုရှိပါသေးတယ်။သူဟာ ယူရို၂၀၁၂ ခုနှစ်တုန်းက ဂျာမနီအသင်းနဲ့ဒိန်းမတ်တို့ပွဲမှာလည်း သူ့ရဲ့ဘောလုံးကန်ထွက်တင်သွားတဲ့ နည်းစနစ်ကို အသုံးချပြီးပေးပို့မှုတစ်ခုကိုလုပ်ပြခဲ့တာပဲဖြစ်ပါတယ်။
ဂန်းနားတို့ရဲ့ ဂန္တဝင်ကစားသမား အိုင်ရန်ရိုက်ဒ်ကတော့ ြ့ပီးခဲ့တဲ့ ပွဲမှာခြေစွမ်းပြခဲ့တဲ့အိုလ်ဇေးလ်ကိုချီးကျူးပြောကြားခဲ့ပါတယ်။ ”သူဟာ ရည်ရွယ်ချက်ရှိရှိနဲ့ပြန်ကန်ထွက်လာအောင်လုပ်ဆောင်ခဲ့တာပါ။ဟယ်လ်ဒါဖီးနဲ့ပွဲမှာလည်းသူဟာလုပ်ပြခဲ့ဖူးပါတယ်။ဘူန်းလ်မောက်နဲ့ပွဲမှာလည်း သူဒီလိုပါပဲ။ဂိုးသမားကို ရိုးရိုးမကျော်သွင်းမယ့်အစား ဘောလုံးကို မြေကြီးနဲ့ပြန်ကန်ပြီး ဘောလုံးကိုကျော်တက်အောင်လုပ်ခဲ့တာပါ။သူအောင်ပွဲခံတဲ့အချိန်ဒီလိုလုပ်ပြခဲ့တာကို သူ လူတိုင်းကိုပြောပြခဲ့တာပါ။ဒါဟာ ရဲရင့်တဲ့ သွင်းဂိုးပါပဲ။အရမ်းကိုမိုက်ပါတယ်။ဒါကို အိုလ်ဇေးလ်လို့ခေါ်ပါတယ်။”
အိုလ်ဇေးလ်ဟာ ဘောလုံးလောကမှာမှော်ဆန်ဆန် ကစားသမားတစ်ယောက်ဆိုတာချွင်းချက်မရှိ လက်ခံရမှာပဲဖြစ်ပါတယ်။
Post a Comment