Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ယူနိုက်တက်တို့ရလဒ်ကောင်းတွေရနေတဲ့လ ျှို့ဝှက်ချက်ကိုထုတ်ဖော်ပြောကြားခဲ့တဲ့ဆိုးလ်ရှား
ယူနိုက်တက်အသင်းနည်းပြ ဆိုးရှားက အသင်းရဲ့အဝေးကွင်းနိုင်ပွဲဆက်စံချိန်ကိုတင်လိုက်နိုင်ခြင်းက အသင်းရဲ့ပရိသတ်တွေအဝေးကွင်းအထိလိုက်ပါအားပေးခြင်းက အများကြီးအကျိုးသက်ရောက်မှုရှိနေတယ်လို့ယုံကြည့်ကြောင်းပြောကြားလိုက်ပါတယ်။
ယူနိုက်တက်အသင်းဟာ အဝေးကွင်း၈ပွဲဆက်အနိုင်ရလဒ်ကို ပရီးမီးယားလိဂ်သက်တမ်းတစ်လျောက်ပထမဦးဆုံးအကြိမ်ရရှိခဲ့ပြီး အဆိုပါစံချိန်ကိုခရစ္စတယ်ပဲလေ့စ်အသင်းကို၃ဂိုး၁ဂိုးနှင်အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာရရှိခဲ့ပါတယ်။
ဒီအတော်အတွင်းမှာ နည်းပြဆိုးရှားက သူရဲ့ပထမလူစာရင်းကိုပုံမှန်အတိုင်းခင်းကျင်းထားခဲ့ခြင်းမရှိနိုင်ခဲ့သော်လည်းအဆိုပါပွဲစဉ်မှာခြေစွမ်းပြခဲ့တဲ့ သူရဲ့ကစားသမားနှစ်ဦးဖြစ်ကြတဲ့ လူကာကူ နှင့်အက်ရှ်လေယန်းတို့ရဲ့ ရဲစွမ်းသတ္တိ အပေါ်ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
ယူနိုက်တက်အသင်းပရိသတ်တွေကတော့သူတို့ရဲ့ယာယီနည်းပြ ဆိုးရှား အပေါ်ပိုမိုယုံကြည်မှုတိုးလာကာ အချစ်ပို၍ အားပေးမှုတိုးလာခဲ့ပါတယ်။နည်းပြဆိုးရှားကလည်း အိုးထရက်ဖို့ဒ်မြေရဲ့စွန့်စားခန်းတွေကိုကစားသမားဘဝရော နည်းပြဘဝမှာပါ ကောင်းကောင်းကျော်ဖြတ်ထားနိုင်ပါတယ်။ဒါ့အပြင်ဆိုးရှားက သူရဲ့ရလဒ်တွေကောင်းမွန်စေတဲ့အဓိကတွေထဲကတစ်ခုက အသင်းရဲ့ပရိသတ်တွေရဲ့အားပေးမှုကြောင့်လည်းအပါအဝင်ဖြစ်တယ်လို့ယုံကြည်နေပါတယ်။
"ဒါကတကယ်သော့ချက်တွေပါပဲ။ခက်ခဲတဲ့အလုပ်တွေပါ။ပွဲတစ်ပွဲကိုအနိူင်ရဖို့အတွက်ဒါကအရေးကြီးဆုံးလိုအပ်ချက်ပါ။ကျွန်တော်တို့ကောင်းကောင်းခုခံပြီးတစ်သင်းလုံးတွန်းတွန်းတိုက်တိုက်ကစားခဲ့ကြပါတယ်။ကျွန်တော်တို့ဆီမှာ တကယ် အဝေးကွင်းပရိသတ်အမာခံတွေရှိနေတယ်ဗျ။သူတို့ကတကယ်ထူးခြားတယ်။ကျွန်တော်တို့ဘယ်ကိုသွားသွားသူတိုလိုက်လာကြတယ် ကျွန်တော်တို့အသင်းရဲ့၁၂ယောက်မြောက်ကစားသမားလို့ခံစားမိပါတယ်။"
တိုက်စစ်မှုးလူကာကူကလည်းလန်ဒန်မြေမှာ ကစားခဲ့တဲ့ ပွဲစဉ်မှာအထူးခြေစွမ်းပြကစားနိုင်ခဲ့ပြီးနည်းပြဆိုးရှားကိုသဘောကျစေခဲ့ပါတယ်။သူရဲ့နောက်မှာရက်ရှ်ဖို့ဒ်ကိုနောက်ချန်ထားကစားခဲ့ပါတယ်။ရက်ရှ်ဖို့ဒ်ဟာ ရီးဒင်းအသင်းကိုအနိုင်ရှိခဲ့တဲ့ပွဲစဉ်မှာနောက်ဆုံးဂိုးသွင်းပေးထားနိုင်ပါတယ်၊ဘယ်လိုပဲဖြစ်ဖြစ်နည်းပြဆိုးရှားက တော့ သူဟာအသင်းအပေါ်တစ်နေရာရာမှာအကျိုးပြုနေတဲ့သူလို့သတ်မှတ်ထားပါတယ်။
"သူကဘယ်တောင်ပံညာတောင်ပံကြိုက်တဲ့နေရာမှာကောင်းကောင်းကစားနိုင်ပြီးဖန်တီးမှုတွေအများကြီးပြုလုပ်နေပါတယ်"လို့ဆိုပါတယ်။
No comments
Powered by Blogger.