Header Ads
စပါးလ်ရဲ့ ပရီးမီးယားလိပ်ချန်ပီယံအိပ်မက်အကြောင်းပြောပြခဲ့တဲ့ နည်းပြပိုချက်တီနို
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
စပါးလ်ရဲ့ချန်ပီယံအိပ်မက်အကြောင်းပြောပြခဲ့တဲ့ နည်းပြပိုချက်တီနို
အာဂျင်တိုင်းကြီးရဲ့စပါးလ်အသင်းဟာ အိမ်ကွင်းမှာတော့မြောက်လန်ဒန်ဒါဘီပွဲစဉ်အဖြစ် အာဆင်နယ်အသင်းကိုရင်ဆိုင်ကစားရမှာပဲဖြစ်ပါတယ်။
နည်းပြမာရီစီယိုပိုချက်တီနိုကတော့ တော့တင်ဟမ်အသင်းအနေနဲ့ဒီရာသီပရီးမီးယားလိပ်ဖလားရဖို့တော်တော်နီးပါးမဖြစ်နိုင်တော့ဘူးလို ဝန်ခံပြောကြားလိုက်ပါတယ်။အာဂျင်တီးနားနည်းပြကြီးက မနက်ဖန်စနေနေ့မှာကစားမယ့်မြောက်လန်ဒန်ပွဲစဉ်မတိုင်ခင်မီဒီယာတွေရှေ့မှာပြောကြားခဲ့တာပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အပတ်က ဘန်လေအသင်းကို စပါးလ်တို့ရှုံးနိမ့်ခဲ့အပြီးမှာတော့ လီဗာပူးလ်ရဲ့ဇယားထိပ်မှာရပ်တည်နေမှုကိုလိုက်မှုနိုင်ဖို့မေ ျှာ်လင့်ချက်တွေဟာအဆုံးသတ်သွားခဲ့တာပဲဖြစ်ပါတယ်။ဒါ့အပြင်ဗုဒ္ဓဟူးနေ့ညက ချဲလ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့်လည်း စပါးလ်အသင်းတို့ရဲ့အမြင့်ပျံခရီးစဉ်ဟာအဆုံးသတ်သွားခဲ့ပြန်တာပဲဖြစ်ပါတယ်။လက်စတာစီးတီးနဲ့နယူးကာဆယ်အသင်းတို့ကိုအနိုင်ယူခဲ့စဉ်တုန်းကတော့ စပါးလ်အသင်းဟာ ချန်ပီယံဆုတိုက်ပွဲမှာ ပါဝင်လာဖို့အရိပ်အယောင်ရှိလာခဲ့သော်လည်း ဒီ၂ပွဲဆက်အရှုံးက မြောက်လန်ဒန်သားတွေကို ဆုံးရှုံးမှုကြီးမားသွားစေခဲ့တယ်လို့ပိုချက်တီနိုက ယုံကြည်နေတာပဲဖြစ်ပါတယ်။
” ဘန်လေပွဲနဲ့ချဲလ်ဆီးပွဲတွေမှာ ခက်ခဲကြမ်းတမ်းခဲ့တဲ့နောက်မှာတော့ ဒါဟာတော်တော်လေးမဖြစ်နိုင်တော့ပါဘူး။” လို့ပိုချက်တီနိုကဝန်ခံပြောကြားခဲ့တာပဲဖြစ်ပါတယ်။
” ဒါဟာပိုပြီးတော့ ခက်ခဲသွားပါပြီ။ကျွန်တော်တို့အသင်းဟာပွဲတိုင်းကိုနိုင်ဖို့လိုသွားပါပြီ။နောက်ပြီးထိပ်ဆုံးကပြိုင်ဘက်၂သင်းကလည်းပွဲတစ်ချို့ရှုံးဖို့လိုပါတယ်။သင်္ချာနည်းအရတွက်ရင်တော့စိတ်ကူးယဉ်လို့ရပါသေးတယ်။ဒါပင်မယ့်တကယ့်လက်တွေ့မှာတော့ခက်ခဲသွားပြီး ရာခိုင်နှုန်းကလည်းသိပ်များတော့ပါဘူး” 
ဝင်ဘာလေကွင်းက မြောက်လန်ဒန်ဒါဘီပွဲအတွက် ဗာတွန်ဂန်၊ဟယ်ရီဝင့်ခ်တို့ရဲ့ကြံ့ခိုင်မှုပြဿနာကိုစပါးလ်တို့ရင်ဆိုင်နေရပါတယ်။ဗာတွန်ဂန်ဟာ ချဲလ်ဆီးအသင်းကိုရှုံးနိမ့်တဲ့ပွဲမှာတင်ပဆုံဒဏ်ရာရရှိခဲ့ပြီး ဝင့်ခ်ဟာလည်း အလားတူဒဏ်ရာပြဿနာနဲ့ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။ဒယ်လီအလီကတော့ တံကောက်ကြောဒဏ်ရာရရှိနေပြီးအဲရစ်ဒိုင်ယာကတော့အာသီးရောင်နေကြောင်းသိရပါတယ်။
သို့သော်လည်း တိုက်စစ်မှူးဟာရီကိန်းကတော့ ချဲလ်ဆီးနဲ့ပွဲမှာ အက်စပတ်ကျူတာကို ခေါင်းနဲ့တမင်တိုက်ခဲ့သော်လည်း FA ရဲ့အရေးယူခြင်းမှလွတ်မြောက်ခဲ့တာကြောင့်ပါဝင်ကစားနိုင်မှာပဲဖြစ်ပါတယ်။
No comments
Powered by Blogger.