Header Ads


ၿမိဳ ့ခံဒါဘီၿပိဳင္ဘက္ေတြမဟုတ္ၾကေသာ္လည္းအေသအေက်FIght ၿပီးျပိဳင္ဆံုမႈျပင္းထန္တဲ့ပြဲစဥ္မ်ားအပိုင္း၁


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
မန္ခ်က္စတာယူနိုက္တက္နဲ႔အာဆင္နယ္တို႔လို႔အသင္းေတြဟာျမိဳ ့ခံၿပိဳင္ဘက္ေတြမဟုတ္ျကေပမယ့္ ေတြ႔ဆံုတဲ့ပြဲတိုင္းျပိဳင္ဆိုင္မႈျပင္းထန္ေလ့ရွိျကပါတယ္။အိုးထရက္ဖို႔နဲ႔ အီမရိတ္ကြင္းဟာ မိုင္၂၀၀နီးပါးကြာေဝးေပမယ့္  ဒီနွစ္သင္းပရိတ္သတ္ေတြျကားမွာ အမုန္းမီးေတာက္က ကူးစက္ျပန္႔ပြားေနပါတယ္။ဒါ့အျပင္ျမိဳ႕ခံျပိဳင္ဘက္မဟုတ္ပဲ အျငိဳးအေတးေတြရွိတဲ့အသင္းမ်ားစြာရွိေနပါတယ္။ဒီေန super sundayမွာ အာဆင္နယ္နဲ႔မန္ယူတို႔ဆံုေတြ႕ေတာ့မွာျဖစ္တာေျကာင့္ ဒီနွစ္သင္းလိုမ်ိဳးေက်ာင္းေတာ္ကရန္စေတြသမိုင္းေနာက္ခံရွိတဲ့ အသင္းေတြအေျကာင္းေဖာ္ျပလိုက္ရပါတယ္။

1.အာဆင္နယ္နဲ႔မန္ယူနိုက္တက္

ပရီးမီးယားလိဂ္ကိုကမာၻ ့အေက်ာ္ျကားဆံုးအမွတ္ေပးျပိဳင္ပြဲျဖစ္ေအာင္ မိတ္ဆက္ေပးခဲ့တာအာဆင္နယ္နဲ႔မန္ယူတို႔ျကားျပိဳင္ဆိုင္မႈ, ဖာဂူဆန္နဲ႔အာဆင္ဝင္းဂါးတို႔ျကားျပိဳင္ဆိုင္မႈေတြေျကာင့္လို႕ေျပာရင္လြန္မယ္မထင္ပါဘူး။ဒါေပမယ့္အာဆင္နယ္အသင္းအေနနဲ႔2003ခုနွစ္မွာ ရံႈးပြဲမရွိေရႊဖလားယူျပီးေနာက္ပိုင္း အမွတ္ေပးဖလားနဲ႔ကင္းကြာသြားတာကေတာ့ စိတ္မေကာင္းစရာပါပဲ။



ဒါေပမယ့္ နွစ္သင္းျကားအမုန္းတရားေတြကေတာ့ ျပင္းထန္ေနဆဲပါပဲ။ကြင္းလယ္ဗိုလ္ခ်ဳပ္နွစ္ဦးျဖစ္တဲ့ ရြိဳင္းကိန္းနဲ႔ဗီအဲရာတို႔ျကားျပိဳင္ဆိုင္မႈေတြကို ေဘာလံုးဖန္ေတြမ်က္စိထဲေမ့ေပ်ာက္သြားဦးမယ္မထင္ပါဘူး။၂၀၀၅ခုနွစ္ဒီနွစ္သင္းရဲ႕ဒုေက်ာ့ပြဲမွာေတာ့ တင္းမာမႈေတြအျမင့္ဆံုးအေျခအေနေရာက္သြားျပီး ဥမင္လိႈဏ္ေခါင္းအတြင္းနွစ္ဖက္အသင္းသားေတြအေခ်အတင္ျဖစ္ပြားခဲ့ပါတယ္။ပထမအေက်ာ့ အိုးထရက္ဖို႔မွာထဲက နစၥတယ္ရြိဳင္းပင္နယ္တီလြဲတာကို အာဆင္နယ္အသင္းသားေတြ ေလွာင္ေျပာင္ခဲ့တာကေနစတင္ျပီး မေျပလည္မႈေတြျဖစ္ေပၚခဲ့တာပါ။ဒီတပတ္အာဆင္နယ္နဲ႔မန္ယူပြဲဟာလည္း အမုန္းတရားေတြနည္းပါးသြားျပီဆိုေပမယ့္ ျပိဳင္ဆိုင္မႈကေတာ့ျပင္းထန္ေနဦးမွာပါ။အထူးသျဖင့္FA ဖလားကေနယူနိုက္တက္ကန္ထုတ္တာခံခဲ့ရတဲ့အာဆင္နယ္အသင္းကရံႈးေျကြးျပန္ဆပ္ခ်င္ေနမွာေသခ်ာေနပါတယ္။

2.အင္တာမီလန္နဲ႔ ဂ်ဴဗင္တပ္



အရင္က အီတလီရဲ႕ထိပ္တန္းအသင္းေတြေတြ႕ဆံုမႈတိုင္းက ရင္ခုန္စရာေကာင္းပါတယ္။အဲ့ထဲမွာမွ အင္တာနဲ႔ဂ်ဴဗီပြဲဆိုရင္ အီတလီဒါဘီလို႔ေခၚဆိုရေလာက္ေအာင္ကို ျပိဳင္ဆိုင္မႈျပင္းထန္ခဲ့ပါတယ္။2006ခုနွစ္တုန္းက ျဖစ္ခဲ့တဲ့လုပ္ပြဲဂရက္ေျကာင့္ ဂ်ဴဗင္တပ္ တန္းဆင္းခဲ့ရဖူးပါတယ္။ဒါ့အျပင္ 2005ခုနွစ္ကရခဲ့တဲ့ ဂ်ဴဗင္ရဲ႕စီးရီးေအဖလားကို  ဒုတိယေနရာက အင္တာအသင္းထံလႊဲေပးလိုက္ရတာေျကာင့္ ဂ်ဴဗင္ဖန္ေတြအတြက္ပိုခံျပင္းစရာပါပဲ။ဂ်ဴဗင္နည္းျပေဟာင္းလူစီနိုေမာ့ဂီကလည္း အင္တာမီလန္ဟာ အိုးေလဒီတို႔ရဲ႕အခါးသီးဆံုးျပိဳင္ဘက္ျဖစ္ေျကာင္းဝန္ခံခဲ့ပါတယ္။

3.လီဗာပူးနဲ႔ယူနိုက္တက္



လီဗာပူးအသင္းဟာ အမွတ္ေပးဖလားမရတာနွစ္၃၀နီးပါးရွိသြားျပီျဖစ္ေပမယ့္ ဒီနွစ္သင္းျကားျပိဳင္ဆိုင္မႈကေတာ့ေလ်ာ႔နည္းမသြားပါဘူး။ေျခစြမ္းပိုင္း အားနည္းေနတဲ့အခ်ိန္ေတြမွာေတာင္ လီဗာပူးဟာ ဖာဂူဆန္ရဲ႕ယူနိုက္တက္အသင္းကို အခက္ေတြ႔ေအာင္အစြမ္းကုန္ျကိဳးစားေလ့ရွိပါတယ္။ဖာဂူဆန္ကလည္း လီဗာပူးရဲ႕အမွတ္ေပးဖလားအေရအတြက္ကိုမမွီခင္ထဲက အဂၤလန္မွာအေအာင္ျမင္ဆံုးဆိုတဲ့ ေသာက္လီဗာပူးတို႔ရဲ႕ဂုဏ္ပုဒ္ကိုျဖဳတ္ခ်သြားမွာလို႔ ခက္ထန္စြာျကံဳးဝါးခဲ့ဖူးပါတယ္။အခုအခ်ိန္မွာယူနိုက္တက္က အမွတ္ေပးဖလားအျကိမ္၂၀ရခဲ့ျပီး လီဗာပူးရဲ႕၁၈ျကိမ္ဆိုတဲ့အေရအတြက္ကို ေက်ာ္လြန္သြားတာကိုလည္း မာေဆးဆိုဒ္သားေတြဘယ္လိုမွနွစ္ျမိဳ႕မွာမဟုတ္ပါဘူး။ဒါ့အျပင္ဒီနွစ္ပရီးမီးယားလိပ္ဖလားကို လီဗာပူးလ္တို ့ဗို္လ္ဆြဲသြားတာကို ယူႏိုက္တက္တို ့ကလည္းဘယ္နည္းနဲ ့မွမလိုလားပါဘူး။အီဗရာကိုဆြာရက္ လူမ်ိဳးေရးခြဲျခားခဲ့တဲ့ျဖစ္စဥ္အျပီးမွာလည္း ကစားသမားေတြျကား လက္စြဲနႈတ္ဆက္ဖို႔ျငင္းဆန္ဖူးတဲ့သာဓကေတြရွိပါတယ္။ျပီးေတာ့ လီဗာပူးကႏၲဝင္စတီဗင္ဂ်ာရတ္ဟာဘယ္ယူနိုက္တက္ကစားသမားနဲ႔မွ အက်ီ ၤမလဲခဲ့ပါဘူး။ အဂၤလန္ရဲ႔အေအာင္ျမင္ဆံုးကလပ္နွစ္သင္းျဖစ္သလို ခါးသီးတဲ့သမိုင္းေျကာင္းေတြလည္းရွိတာေျကာင့္ ဒီနွစ္သင္းေတြ႕ဆံုမႈကို အဂၤလန္ဒါဘီလို႔ပရိတ္သတ္ေတြသတ္မွတ္ထားျကပါတယ္။

4.ခ်ယ္ဆီးနဲ႔ မန္စီးတီး

အဂၤလန္မွာေငြလမ္းေဖာက္ျပီးေအာင္ျမင္လာတဲ့အသင္းနွစ္သင္းပါ။ဒီနွစ္သင္းျကား တူညီတဲ့မူဝါဒေတြရွိနိုင္ေပမယ့္ ကြင္းတြင္းေတြဆံုမႈေတြမွာ နွစ္ဖက္ကစားသမားေတြျကား သေဘာထားမတိုက္ဆိုင္မႈေတြမျကာခနျဖစ္ေပၚေနပါတယ္။၂၀၀၃ခုနွစ္ကခ်ယ္ဆီးကို အီဗရာမိုဗစ္ဝယ္ယူျပီးေနာက္ပိုင္း အဂၤလန္မွာေျခသၤ့ျပာေတြေလာက္ ဖလားမ်ားမ်ားရခဲ့တဲ့အသင္းမရွိပါဘူး။



ဒါေပမယ့္ ေနာက္ပိုင္းနွစ္ေတြမွာ ေငြသံုးျပီး ေအာင္ျမင္လာတဲ့ မန္စီးတီးက ခ်ယ္ဆီးရဲ႕ဖလားလမ္းေျကာင္းေတြကိုဝင္သိမ္းပိုက္လာျခင္းဟာ ခ်ယ္ဆီးပရိတ္သတ္ေတြအတြက္ခံျပင္းစရာပါပဲ။ဝါးနုကဝါးရင့္ကိုျပန္ပတ္ခဲ့တာေျကာင့္ ခ်ယ္ဆီးဖန္ေတြရင္ထဲ အစာမေျကမႈေတြရွိေနတာအံ့အားသင့္စရာမရွိပါဘူး။၂၀၁၈ဒီဇင္ဘာက စတမ္းဖို႔ဘရစ္မွာကစားခဲ့တဲ့ဒီနွစ္သင္းပြဲမွာခ်ယ္ဆီးပရိတ္သတ္ေတြ စတာလင္ကို လူမ်ိဳးေရးခြဲျခားခဲ့တာကိုျကည့္ရင္ ခ်ယ္ဆီးဖန္ေတြရင္ထဲကအမုန္းတရားကိုျမင္ေတြ႕နိုင္ပါတယ္။ျပီးေတာ့ ေနာက္ပိုင္းနွစ္ေတြမွာ ပရီးမီးယားလိဂ္ဖလားကို ဒီနွစ္သင္းပဲအလွည့္က်ယူေနတာေျကာင့္  ပရိတ္သတ္ေတြျကား ျပိဳင္ဆိုင္မႈျကီးထြားလာတာအေသအခ်ာပါပဲ။


5.ရီးရဲလ္မက္ဒရစ္နဲ႔ဘာစီလိုနာ

စပိန္မွာအင္အာအျကီးဆံုးအသင္းနွစ္သင္းျဖစ္တာနဲ႔ အညီ အမုန္တရားေတြလည္း ရွိေနပါတယ္။ဘာကာကစားသမား လူးဝစ္ဖီဂို ရီးရဲကိုေျပာင္ေရြ႕ခဲ့တာကေနစျပီး နွစ္သင္းပရိတ္သတ္ေတြျကားစကားနာထိုးမႈေတြျကီးမားလာတာပါ။နူးကမ့္ကြင္းအတြင္း ဖီဂိုနဲ႕ဘာကာျပန္လည္ရင္ဆိုင္တဲ့ပြဲတစ္ခုမွာဆိုရင္ ဘာကာပရိတ္သတ္ေတြက ဖီဂိုကို ပစၥည္းအခ်ိဳ႕နဲ႔ပစ္ေပါက္ခဲ့ျကပါတယ္။ဒါ့အျပင္ဒီနွစ္သင္းေတြ႔ဆံုတိုင္းကစားသမားေတြျကားခိုက္ရန္ျဖစ္ပြားမႈေတြ ျဖစ္ေပၚေလ့ရွိျပီး ဒိုင္လူျကီးေတြထိန္းခ်ဳပ္ရခက္ခဲ့ပါတယ္။



ေမာ္ရင္ဟိုရီးရဲမွာရွိစဥ္ကနည္းျပအခ်င္းခ်င္းကိုယ္ထိလက္ေရာက္က်ဴးလြန္မႈေတြေတာင္ျဖစ္ေပၚဖူးပါတယ္။ျပည္တြင္းမွာနွစ္ေကာင္ထဲေျပးသလိုျဖစ္ေနတဲ့အေျခအေနေျကာင့္လည္း ျပိဳင္ဆိုင္မႈက အထြတ္အထိပ္ေရာက္ေနတာပါ။ဘာပဲျဖစ္ျဖစ္ ဥေရာပကိုလည္းလႊမ္းမိုးနိုင္ခဲ့တဲ့ ဒီနွစ္သင္းေတြ႔ဆံုမႈတိုင္းက ျပိဳင္ဆိုင္မႈျပင္းထန္ခဲ့တာအေသအခ်ာပါပဲ။


အခုေဖာ္ျပခဲ့တဲ့ အသင္းေတြအျပင္ ျမိဳ႕ခံျပိဳင္ဘက္မဟုတ္ပဲျပိဳင္ဆိုင္မႈျပင္းထန္ေလ့ရွိတဲ့အသင္းမ်ားစြာရွိေနပါေသးတယ္။အဆံုးသတ္ေျပာ႐ရင္  ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ အေရးပါေနတဲ့ အာဆင္နယ္နဲ႔ ယူနိုက္တက္တို႔ရဲ႕တနဂၤေႏြေန႔ပြဲစဥ္ဟာအျကိတ္အနယ္ရွိေနဦးမွာအေသအခ်ာပါပဲ။

(Unicode)

မြို့ခံဒါဘီပြိုင်ဘက်တွေမဟုတ်ကြသော်လည်းအသေအကျေFIght ပြီးပြိုင်ဆုံမှုပြင်းထန်တဲ့ပွဲစဉ်များ

မန်ချက်စတာယူနိုက်တက်နဲ့အာဆင်နယ်တို့လို့အသင်းတွေဟာမြို့ခံပြိုင်ဘက်တွေမဟုတ်ကြပေမယ့် တွေ့ဆုံတဲ့ပွဲတိုင်းပြိုင်ဆိုင်မှုပြင်းထန်လေ့ရှိကြပါတယ်။အိုးထရက်ဖို့နဲ့ အီမရိတ်ကွင်းဟာ မိုင်၂၀၀နီးပါးကွာဝေးပေမယ့်  ဒီနှစ်သင်းပရိတ်သတ်တွေကြားမှာ အမုန်းမီးတောက်က ကူးစက်ပြန့်ပွားနေပါတယ်။ဒါ့အပြင်မြို့ခံပြိုင်ဘက်မဟုတ်ပဲ အငြိုးအတေးတွေရှိတဲ့အသင်းများစွာရှိနေပါတယ်။ဒီနေ့super sundayမှာ အာဆင်နယ်နဲ့မန်ယူတို့ဆုံတွေ့တော့မှာဖြစ်တာကြောင့် ဒီနှစ်သင်းလိုမျိုးကျောင်းတော်ကရန်စတွေသမိုင်းနောက်ခံရှိတဲ့ အသင်းတွေအကြောင်းဖော်ပြလိုက်ရပါတယ်။

1.အာဆင်နယ်နဲ့မန်ယူနိုက်တက်

ပရီးမီးယားလိဂ်ကိုကမ္ဘာ့အကျော်ကြားဆုံးအမှတ်ပေးပြိုင်ပွဲဖြစ်အောင် မိတ်ဆက်ပေးခဲ့တာအာဆင်နယ်နဲ့မန်ယူတို့ကြားပြိုင်ဆိုင်မှု, ဖာဂူဆန်နဲ့အာဆင်ဝင်းဂါးတို့ကြားပြိုင်ဆိုင်မှုတွေကြောင့်လို့ပြောရင်လွန်မယ်မထင်ပါဘူး။ဒါပေမယ့်အာဆင်နယ်အသင်းအနေနဲ့2003ခုနှစ်မှာ ရှုံးပွဲမရှိရွှေဖလားယူပြီးနောက်ပိုင်း အမှတ်ပေးဖလားနဲ့ကင်းကွာသွားတာကတော့ စိတ်မကောင်းစရာပါပဲ။ဒါပေမယ့် နှစ်သင်းကြားအမုန်းတရားတွေကတော့ ပြင်းထန်နေဆဲပါပဲ။ကွင်းလယ်ဗိုလ်ချုပ်နှစ်ဦးဖြစ်တဲ့ ရွိုင်းကိန်းနဲ့ဗီအဲရာတို့ကြားပြိုင်ဆိုင်မှုတွေကို ဘောလုံးဖန်တွေမျက်စိထဲမေ့ပျောက်သွားဦးမယ်မထင်ပါဘူး။၂၀၀၅ခုနှစ်ဒီနှစ်သင်းရဲ့ဒုကျော့ပွဲမှာတော့ တင်းမာမှုတွေအမြင့်ဆုံးအခြေအနေရောက်သွားပြီး ဥမင်လှိုဏ်ခေါင်းအတွင်းနှစ်ဖက်အသင်းသားတွေအချေအတင်ဖြစ်ပွားခဲ့ပါတယ်။ပထမအကျော့ အိုးထရက်ဖို့မှာထဲက နစ္စတယ်ရွိုင်းပင်နယ်တီလွဲတာကို အာဆင်နယ်အသင်းသားတွေ လှောင်ပြောင်ခဲ့တာကနေစတင်ပြီး မပြေလည်မှုတွေဖြစ်ပေါ်ခဲ့တာပါ။ဒီတပတ်အာဆင်နယ်နဲ့မန်ယူပွဲဟာလည်း အမုန်းတရားတွေနည်းပါးသွားပြီဆိုပေမယ့် ပြိုင်ဆိုင်မှုကတော့ပြင်းထန်နေဦးမှာပါ။အထူးသဖြင့်FA ဖလားကနေယူနိုက်တက်ကန်ထုတ်တာခံခဲ့ရတဲ့အာဆင်နယ်အသင်းကရှုံးကြွေးပြန်ဆပ်ချင်နေမှာသေချာနေပါတယ်။

2.အင်တာမီလန်နဲ့ ဂျူဗင်တပ်

အရင်က အီတလီရဲ့ထိပ်တန်းအသင်းတွေတွေ့ဆုံမှုတိုင်းက ရင်ခုန်စရာကောင်းပါတယ်။အဲ့ထဲမှာမှ အင်တာနဲ့ဂျူဗီပွဲဆိုရင် အီတလီဒါဘီလို့ခေါ်ဆိုရလောက်အောင်ကို ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပါတယ်။2006ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့လုပ်ပွဲဂရက်ကြောင့် ဂျူဗင်တပ် တန်းဆင်းခဲ့ရဖူးပါတယ်။ဒါ့အပြင် 2005ခုနှစ်ကရခဲ့တဲ့ ဂျူဗင်ရဲ့စီးရီးအေဖလားကို  ဒုတိယနေရာက အင်တာအသင်းထံလွှဲပေးလိုက်ရတာကြောင့် ဂျူဗင်ဖန်တွေအတွက်ပိုခံပြင်းစရာပါပဲ။ဂျူဗင်နည်းပြဟောင်းလူစီနိုမော့ဂီကလည်း အင်တာမီလန်ဟာ အိုးလေဒီတို့ရဲ့အခါးသီးဆုံးပြိုင်ဘက်ဖြစ်ကြောင်းဝန်ခံခဲ့ပါတယ်။

3.လီဗာပူးနဲ့ယူနိုက်တက်

လီဗာပူးအသင်းဟာ အမှတ်ပေးဖလားမရတာနှစ်၃၀နီးပါးရှိသွားပြီဖြစ်ပေမယ့် ဒီနှစ်သင်းကြားပြိုင်ဆိုင်မှုကတော့လျော့နည်းမသွားပါဘူး။ခြေစွမ်းပိုင်း အားနည်းနေတဲ့အချိန်တွေမှာတောင် လီဗာပူးဟာ ဖာဂူဆန်ရဲ့ယူနိုက်တက်အသင်းကို အခက်တွေ့အောင်အစွမ်းကုန်ကြိုးစားလေ့ရှိပါတယ်။ဖာဂူဆန်ကလည်း လီဗာပူးရဲ့အမှတ်ပေးဖလားအရေအတွက်ကိုမမှီခင်ထဲက အင်္ဂလန်မှာအအောင်မြင်ဆုံးဆိုတဲ့ သောက်လီဗာပူးတို့ရဲ့ဂုဏ်ပုဒ်ကိုဖြုတ်ချသွားမှာလို့ ခက်ထန်စွာကြုံးဝါးခဲ့ဖူးပါတယ်။အခုအချိန်မှာယူနိုက်တက်က အမှတ်ပေးဖလားအကြိမ်၂၀ရခဲ့ပြီး လီဗာပူးရဲ့၁၈ကြိမ်ဆိုတဲ့အရေအတွက်ကို ကျော်လွန်သွားတာကိုလည်း မာဆေးဆိုဒ်သားတွေဘယ်လိုမှနှစ်မြို့မှာမဟုတ်ပါဘူး။ဒါ့အပြင်ဒီနှစ်ပရီးမီးယားလိပ်ဖလားကို လီဗာပူးလ်တို့ဗိုလ်ဆွဲသွားတာကို ယူနိုက်တက်တို့ကလည်းဘယ်နည်းနဲ့မှမလိုလားပါဘူး။အီဗရာကိုဆွာရက် လူမျိုးရေးခွဲခြားခဲ့တဲ့ဖြစ်စဉ်အပြီးမှာလည်း ကစားသမားတွေကြား လက်စွဲနှုတ်ဆက်ဖို့ငြင်းဆန်ဖူးတဲ့သာဓကတွေရှိပါတယ်။ပြီးတော့ လီဗာပူးကန္တဝင်စတီဗင်ဂျာရတ်ဟာဘယ်ယူနိုက်တက်ကစားသမားနဲ့မှ အကျီ ၤမလဲခဲ့ပါဘူး။ အင်္ဂလန်ရဲ့အအောင်မြင်ဆုံးကလပ်နှစ်သင်းဖြစ်သလို ခါးသီးတဲ့သမိုင်းကြောင်းတွေလည်းရှိတာကြောင့် ဒီနှစ်သင်းတွေ့ဆုံမှုကို အင်္ဂလန်ဒါဘီလို့ပရိတ်သတ်တွေသတ်မှတ်ထားကြပါတယ်။

4.ချယ်ဆီးနဲ့ မန်စီးတီး

အင်္ဂလန်မှာငွေလမ်းဖောက်ပြီးအောင်မြင်လာတဲ့အသင်းနှစ်သင်းပါ။ဒီနှစ်သင်းကြား တူညီတဲ့မူဝါဒတွေရှိနိုင်ပေမယ့် ကွင်းတွင်းတွေဆုံမှုတွေမှာ နှစ်ဖက်ကစားသမားတွေကြား သဘောထားမတိုက်ဆိုင်မှုတွေမကြာခနဖြစ်ပေါ်နေပါတယ်။၂၀၀၃ခုနှစ်ကချယ်ဆီးကို အီဗရာမိုဗစ်ဝယ်ယူပြီးနောက်ပိုင်း အင်္ဂလန်မှာခြေင်္သ့ပြာတွေလောက် ဖလားများများရခဲ့တဲ့အသင်းမရှိပါဘူး။ဒါပေမယ့် နောက်ပိုင်းနှစ်တွေမှာ ငွေသုံးပြီး အောင်မြင်လာတဲ့ မန်စီးတီးက ချယ်ဆီးရဲ့ဖလားလမ်းကြောင်းတွေကိုဝင်သိမ်းပိုက်လာခြင်းဟာ ချယ်ဆီးပရိတ်သတ်တွေအတွက်ခံပြင်းစရာပါပဲ။ဝါးနုကဝါးရင့်ကိုပြန်ပတ်ခဲ့တာကြောင့် ချယ်ဆီးဖန်တွေရင်ထဲ အစာမကြေမှုတွေရှိနေတာအံ့အားသင့်စရာမရှိပါဘူး။၂၀၁၈ဒီဇင်ဘာက စတမ်းဖို့ဘရစ်မှာကစားခဲ့တဲ့ဒီနှစ်သင်းပွဲမှာချယ်ဆီးပရိတ်သတ်တွေ စတာလင်ကို လူမျိုးရေးခွဲခြားခဲ့တာကိုကြည့်ရင် ချယ်ဆီးဖန်တွေရင်ထဲကအမုန်းတရားကိုမြင်တွေ့နိုင်ပါတယ်။ပြီးတော့ နောက်ပိုင်းနှစ်တွေမှာ ပရီးမီးယားလိဂ်ဖလားကို ဒီနှစ်သင်းပဲအလှည့်ကျယူနေတာကြောင့်  ပရိတ်သတ်တွေကြား ပြိုင်ဆိုင်မှုကြီးထွားလာတာအသေအချာပါပဲ။

5.ရီးရဲလ်မက်ဒရစ်နဲ့ဘာစီလိုနာ

စပိန်မှာအင်အာအကြီးဆုံးအသင်းနှစ်သင်းဖြစ်တာနဲ့ အညီ အမုန်တရားတွေလည်း ရှိနေပါတယ်။ဘာကာကစားသမား လူးဝစ်ဖီဂို ရီးရဲကိုပြောင်ရွေ့ခဲ့တာကနေစပြီး နှစ်သင်းပရိတ်သတ်တွေကြားစကားနာထိုးမှုတွေကြီးမားလာတာပါ။နူးကမ့်ကွင်းအတွင်း ဖီဂိုနဲ့ဘာကာပြန်လည်ရင်ဆိုင်တဲ့ပွဲတစ်ခုမှာဆိုရင် ဘာကာပရိတ်သတ်တွေက ဖီဂိုကို ပစ္စည်းအချို့နဲ့ပစ်ပေါက်ခဲ့ကြပါတယ်။ဒါ့အပြင်ဒီနှစ်သင်းတွေ့ဆုံတိုင်းကစားသမားတွေကြားခိုက်ရန်ဖြစ်ပွားမှုတွေ ဖြစ်ပေါ်လေ့ရှိပြီး ဒိုင်လူကြီးတွေထိန်းချုပ်ရခက်ခဲ့ပါတယ်။မော်ရင်ဟိုရီးရဲမှာရှိစဉ်ကနည်းပြအချင်းချင်းကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေတောင်ဖြစ်ပေါ်ဖူးပါတယ်။ပြည်တွင်းမှာနှစ်ကောင်ထဲပြေးသလိုဖြစ်နေတဲ့အခြေအနေကြောင့်လည်း ပြိုင်ဆိုင်မှုက အထွတ်အထိပ်ရောက်နေတာပါ။ဘာပဲဖြစ်ဖြစ် ဥရောပကိုလည်းလွှမ်းမိုးနိုင်ခဲ့တဲ့ ဒီနှစ်သင်းတွေ့ဆုံမှုတိုင်းက ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တာအသေအချာပါပဲ။

အခုဖော်ပြခဲ့တဲ့ အသင်းတွေအပြင် မြို့ခံပြိုင်ဘက်မဟုတ်ပဲပြိုင်ဆိုင်မှုပြင်းထန်လေ့ရှိတဲ့အသင်းများစွာရှိနေပါသေးတယ်။အဆုံးသတ်ပြောရရင်  ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးပါနေတဲ့ အာဆင်နယ်နဲ့ ယူနိုက်တက်တို့ရဲ့တနင်္ဂနွေနေ့ပွဲစဉ်ဟာအကြိတ်အနယ်ရှိနေဦးမှာအသေအချာပါပဲ။

No comments

Powered by Blogger.