ဒီလိုက္ဟာ ကမာၻ ့အေကာင္းဆံုးအသင္းၾကီး၆သင္းမွာေအးေဆးကစားနိုင္တဲ့ကစားသမားမ်ိဳးပါ။
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ေအးဂ်က္စ္ရဲ ့လူငယ္ေနာက္ခံလူဒီလိုက္တစ္ေယာက္ဟာ ေအးဂ်က္စ္အသင္းကေနထြက္ခြာေတာ့မယ္လို ့ကလပ္ဒါရိုက္တာမာစ္အိုဗာမာစ္ကအတည္ျပဳေျပာၾကားခဲ့ၿပီးကစားသမားအတြက္သူစိတ္၀င္စားမယ့္အသင္းရွာဖို ့ေတာင္ခက္ခဲတယ္လို ့ဆိုလိုက္ပါတယ္။၁၉ နွစ္အရြယ္ဒတ္ခ်္ေနာက္ခံလူဟာ ဘာစီလိုနာအသင္းဆီေျပာင္းဖို ့ခ်ိတ္ဆက္ေနၿပီး သူ ့ရဲ ့အသင္းေဖာ္ေနာင္ေတာ္ၾကီး ဖရန္ကီဒီေဂ်ာင္ရဲ ့ေနာက္လိုက္ဖို ့ရိွေနပါတယ္။
အိုဗာမားစ္က လီဗာပူးလ္နဲ ့မန္စီးတီးတို ့ရဲ ့ပစ္မွတ္ကစားသမား ဒီလုိက္ကိုခ်ီးက်ဴးေျပာၾကားခဲ့ၿပီး သူ ့ကစားသမားဟာ ကမာၻ ့အေကာင္းဆံုးအသင္းၾကီး၆သင္းမွာကစားနိုင္တယ္လို ့ဆိုလိုက္ပါတယ္။ဒါပင္မယ့္လည္းေအးဂ်က္စ္ရဲ ့ဒါရိုက္တာကေတာ့ နယ္သာလန္လက္ေရြးစင္ဟာ အသင္းကေနထြက္ခြာနိုင္ေျခရိွတယ္လို ့၀န္ခံေျပာၾကားလိုက္ပါတယ္။
” ကၽြန္ေတာ္လည္းအဲ့လိုထင္ပါတယ္။ကၽြန္ေတာ့္အထင္ေတာ့ ဒီလိုက္ဟာ အခုခ်ိန္မွာကမာၻ ့အေကာင္းဆံုးအသင္းၾကီး၆သင္းထဲကတစ္သင္းသင္းမွာေအးေဆးကစားနိုင္တဲ့ကစားသမားတစ္ေယာက္ပါ။သူမွာ ပါ၀ါရိွပါတယ္။စိတ္ဓာတ္ပိုင္းလည္းရိွပါတယ္။နွလံုးရည္လည္းေကာင္းတဲ့သူပါ။ကၽြန္ေတာ္သာအျခားအသင္းမွာအလုပ္လုပ္ရင္ ကၽြန္ေတာ္သူ ့ကိုခ်က္ခ်င္းေခၚယူနိုင္ပါတယ္။ကၽြန္ေတာ္တို ့သူ ့ကိုေရာင္းဖို ့မလိုပါဘူး။ပိုက္ဆံလည္းမလို္ပါဘူး။ဒါပင္မယ့္ သူအေကာင္းဆံုးကလပ္ေတြထဲက တစ္သင္းကိုသြားမယ္ဆိုတာကၽြန္ေတာ္သိေနပါတယ္။”
ဒီလိုက္တစ္ေယာက္ဟာ ေအးဂ်က္စ္လူငယ္အကယ္ဒမီကေန ၂၀၁၆ ခုနွစ္မွာ အသင္းရဲ ့စီနီယာအသင္းဆီေရာင္လာခဲ့ၿပီး နယ္သာလန္ကလပ္အတြက္ပြဲေပါင္း၁၀၀ ပြဲထြက္ကစားထားပါတယ္။ေအးဂ်က္စ္စတားဟာ မေန ့ညက ဘာေနဗ်ဴမွာ ရီးရဲလ္ကို ၄-၁ ျဖင့္အမႈန္ ့ေခ်ခဲ့တဲ့ပြဲမွာ ပါ၀င္ေျခစြမ္းျပကစားခဲ့ပါတယ္။
ဒီလိုက္တစ္ေယာက္ဘယ္ကလပ္ဆီေျပာင္းေရႊ ့သြားနိုင္သလဲ?
(Unicode)
ဒီလိုက်ဟာ ကမ္ဘာ့အကောင်းဆုံးအသင်းကြီး၆သင်းမှာအေးဆေးကစားနိုင်တဲ့ကစားသမားမျိုးပါ။
အေးဂျက်စ်ရဲ့လူငယ်နောက်ခံလူဒီလိုက်တစ်ယောက်ဟာ အေးဂျက်စ်အသင်းကနေထွက်ခွာတော့မယ်လို့ကလပ်ဒါရိုက်တာမာစ်အိုဗာမာစ်ကအတည်ပြုပြောကြားခဲ့ပြီးကစားသမားအတွက်သူစိတ်ဝင်စားမယ့်အသင်းရှာဖို့တောင်ခက်ခဲတယ်လို့ဆိုလိုက်ပါတယ်။၁၉ နှစ်အရွယ်ဒတ်ချ်နောက်ခံလူဟာ ဘာစီလိုနာအသင်းဆီပြောင်းဖို့ချိတ်ဆက်နေပြီး သူ့ရဲ့အသင်းဖော်နောင်တော်ကြီး ဖရန်ကီဒီဂျောင်ရဲ့နောက်လိုက်ဖို့ရှိနေပါတယ်။
အိုဗာမားစ်က လီဗာပူးလ်နဲ့မန်စီးတီးတို့ရဲ့ပစ်မှတ်ကစားသမား ဒီလိုက်ကိုချီးကျူးပြောကြားခဲ့ပြီး သူ့ကစားသမားဟာ ကမ္ဘာ့အကောင်းဆုံးအသင်းကြီး၆သင်းမှာကစားနိုင်တယ်လို့ဆိုလိုက်ပါတယ်။ဒါပင်မယ့်လည်းအေးဂျက်စ်ရဲ့ဒါရိုက်တာကတော့ နယ်သာလန်လက်ရွေးစင်ဟာ အသင်းကနေထွက်ခွာနိုင်ခြေရှိတယ်လို့ဝန်ခံပြောကြားလိုက်ပါတယ်။
” ကျွန်တော်လည်းအဲ့လိုထင်ပါတယ်။ကျွန်တော့်အထင်တော့ ဒီလိုက်ဟာ အခုချိန်မှာကမ္ဘာ့အကောင်းဆုံးအသင်းကြီး၆သင်းထဲကတစ်သင်းသင်းမှာအေးဆေးကစားနိုင်တဲ့ကစားသမားတစ်ယောက်ပါ။သူမှာ ပါဝါရှိပါတယ်။စိတ်ဓာတ်ပိုင်းလည်းရှိပါတယ်။နှလုံးရည်လည်းကောင်းတဲ့သူပါ။ကျွန်တော်သာအခြားအသင်းမှာအလုပ်လုပ်ရင် ကျွန်တော်သူ့ကိုချက်ချင်းခေါ်ယူနိုင်ပါတယ်။ကျွန်တော်တို့သူ့ကိုရောင်းဖို့မလိုပါဘူး။ပိုက်ဆံလည်းမလိုပါဘူး။ဒါပင်မယ့် သူအကောင်းဆုံးကလပ်တွေထဲက တစ်သင်းကိုသွားမယ်ဆိုတာကျွန်တော်သိနေပါတယ်။”
ဒီလိုက်တစ်ယောက်ဟာ အေးဂျက်စ်လူငယ်အကယ်ဒမီကနေ ၂၀၁၆ ခုနှစ်မှာ အသင်းရဲ့စီနီယာအသင်းဆီရောင်လာခဲ့ပြီး နယ်သာလန်ကလပ်အတွက်ပွဲပေါင်း၁၀၀ ပွဲထွက်ကစားထားပါတယ်။အေးဂျက်စ်စတားဟာ မနေ့ညက ဘာနေဗျူမှာ ရီးရဲလ်ကို ၄-၁ ဖြင့်အမှုန့်ချေခဲ့တဲ့ပွဲမှာ ပါဝင်ခြေစွမ်းပြကစားခဲ့ပါတယ်။
ဒီလိုက်တစ်ယောက်ဘယ်ကလပ်ဆီပြောင်းရွှေ့သွားနိုင်သလဲ?
Post a Comment