Header Ads


သူ ့ရဲ ့ယူနိုက္တက္ကအနာဂတ္နဲ ့ပတ္သတ္ၿပီးအားတက္စရာစကားဆိုးလ္ရွားတစ္ေယာက္ဘာေျပာခဲ့သလဲ?

Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

အိုေလဂန္းနားဆိုးရွားရဲ႕သတင္းကေတာ့ယူနိုက္တက္ဖန္ေတြအတြက္ဝမ္းေျမာက္စရာပါပဲ။အသင္းနဲ႔ရလဒ္ေကာင္းေတြဆက္တိုက္ယူထားနိုင္တာေျကာင့္ အျမဲတမ္းနည္းျပျဖစ္လာဖို႔ေရပန္းစားေနခ်ိန္မွာ မိုဒီအသင္းနဲ႔စာခ်ဳပ္သက္တမ္းမရွိေတာ့ဘူးလို႔ဆိုးရွားကအတည္ျပဳလိုက္တာပါ။ဆိုးရွားအေနနဲ႔ေမာ္ရင္ဟိုလက္ထက္က ဖရိုဖရဲျဖစ္ေနတဲ့အသင္းကို ဒီဇင္ဘာလအတြင္း ဝင္ေရာက္ကိုယ္တြယ္ခဲ့တာျဖစ္ျပီး အသင္းျကီးဆန္တဲ့ေျခစြမ္းမ်ိဳးျပန္လည္ယူေဆာင္ေပးနိုင္ခဲ့ပါတယ္။ 

ဆိုးရွား လက္ေအာက္မွာ ယူနိုက္တက္အသင္း ရံႈးပြဲတစ္ပြဲသာရွိခဲ့ျပီး ပရီးမီးယားလိဂ္အဆင့္ေလးေနရာရပ္တည္ေနသလို FAဖလားမွာလည္းအာဆယ္နယ္ ,ခ်ယ္ဆီးတို႔ကိုေက်ာ္ျဖတ္ျပီး ကြာတားဖိုင္နယ္တက္ေရာက္ထားပါတယ္။မန္ယူနိုက္တက္ယာယီနည္းျပအျဖစ္ မိုဒီအသင္းကေနအငွားလာေရာက္ကိုင္တြယ္ေနတာျဖစ္လို႕ ရာသီကုန္ရင္ေနာ္ေဝကလပ္ဆီျပန္ရမွာပါ။မိုဒီဥကၠဌနီယာလန္းကေတာ့ယူနိုက္တက္လိုအသင္းမ်ိဳးဆီမိမိတို႔နည္းျပကိုအငွားခ်ထားရတာ ဝမ္းေျမာက္ဂုဏ္ယူေျကာင္းဆိုလာပါတယ္။


ထပ္မံျပီး နီယာလန္းေျပာခဲ့တာက ဆိုးရွားနဲ႔ယူနိုက္တက္တို႔ဟာ ရာသီကုန္ထိသာစာခ်ဳပ္ခ်ဳပ္ဆိုထားတာျဖစ္လို႔  သူမိုဒီအသင္းကိုျပန္လာလိမ့္မယ္လို႔ေမ်ွာ္လင့္ေျကာင္းေျပာခဲ့ပါတယ္။ဒါေပမယ့္ဆိုးရွားရဲ႕အတည္ျပဳခ်က္ေျကာင့္သာ မိုဒီနဲ႔သက္ဆိုင္သူေတြ စိတ္မျကည္မသာျဖစ္ရမွာပါ။ဆိုးရွားက''က်ေနာ္ဘယ္အသင္းရဲ႕နည္းျပျဖစ္လာမလဲ မေသခ်ာပါဘူး။မိုဒီနဲ႔က်ေနာ့္ရဲ႕စာခ်ဳပ္က ကုန္ဆံုးေတာ့မွာပါ။လက္ရွိမွာေတာ့ သရဲနီတို႔ရဲ႕မန္ေနဂ်ာေပါ့။ဒါေပမယ့္ က်ေနာ္မိုဒီနဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔လိုေနျပီထင္တယ္''လို႔အတည္ျပဳခဲ့တာပါ။

ယူနိုက္တက္ဘက္က ဆိုးရွားကိုနည္းျပတစ္ရာထူးအတြက္ကတိေပးထားျပီလားသံသယျဖစ္စရာပါပဲ။မိုဒီနဲ႔ယူနိုက္တက္တို႔ရဲ႕အငွားစာခ်ဳပ္ထဲမွာ ဆိုးရွားအတြက္ေပါင္၇သန္းေက်ာ္ေရာ္ေျကးေပးျပီးေခၚယူခြင့္ရွိတယ္ဆိုတာပါပါတယ္။ဆိုးရွားကေတာ့လက္ရွိစာခ်ဳပ္အရ ရာသီကုန္တာနဲ႔သူဟာမိုဒီနည္းျပသာျဖစ္ေျကာင္း နားလည္ထားပါတယ္။လက္ရွိမွာလည္း ယူနိုက္တက္နည္းျပသစ္ေနရာအတြက္ပရိတ္သတ္ေတြရဲ႕ေထာက္ခံမႈအျပည့္ရရွိထားသူပါ။ဒါေပမယ့္ အသင္းနွစ္သင္းမွာေတာ့ တစ္ျပိဳင္ထဲနည္းျပလုပ္လို႔မရပါဘူး။ယူနိုက္တက္ဘုတ္အဖြဲ႔ဝင္ေတြကေတာ့ အျမဲတမ္းနည္းျပအတြက္ဆိုးရွားရဲ႕အရည္အေသြးကိုသေဘာက်ေနပါျပီ။ဒီေန႔ညမွာဆိုရင္ပီအက္ဂ်ီအသင္းနဲ႔ ခ်န္ပီယံလိဂ္၁၆သင္းအဆင့္ရံႈးထြက္ပြဲစဥ္ဒုေက်ာ့ကို ယွဥ္ျပိဳင္ကစားသြားရမွာပါ။ပထမေက်ာ့အိုးထရက္ဖို႔မွာ -၀နဲ႔ရံႈးထားတဲ့အျပင္အဓိက ကစားသမားဆယ္ေယာက္ေလာက္ဒဏ္ရာရေနတာေျကာင့္ေနာက္တစ္ဆင့္တက္ဖို႔ေမ်ွာ္လင့္ခ်က္မႈန္ဝါးဝါးသာရွိပါတယ္။


ဒါေပမယ့္ဆိုးရွားလက္ေအာက္မွာ ယူနိုက္တက္အသင္းအေဝးကြင္းပြဲတိုင္းနိုင္ထားပါတယ္။ သူတို႔ေခတ္က ဝိဥာဥ္ကို လက္ရွိကစားသမားေတြဆီ ဆိုးရွားလ္ျပန္အသက္သြင္းေပးနိုင္မလားေစာင့္ဒီညျမင္ေတြ႕ရေတာ့မွာပါ။

(Unicode)

သူ့ရဲ့ယူနိုက်တက်ကအနာဂတ်နဲ့ပတ်သတ်ပြီးအားတက်စရာစကားဆိုးလ်ရှားတစ်ယောက်ဘာပြောခဲ့သလဲ?

အိုလေဂန်းနားဆိုးရှားရဲ့သတင်းကတော့ယူနိုက်တက်ဖန်တွေအတွက်ဝမ်းမြောက်စရာပါပဲ။အသင်းနဲ့ရလဒ်ကောင်းတွေဆက်တိုက်ယူထားနိုင်တာကြောင့် အမြဲတမ်းနည်းပြဖြစ်လာဖို့ရေပန်းစားနေချိန်မှာ မိုဒီအသင်းနဲ့စာချုပ်သက်တမ်းမရှိတော့ဘူးလို့ဆိုးရှားကအတည်ပြုလိုက်တာပါ။ဆိုးရှားအနေနဲ့မော်ရင်ဟိုလက်ထက်က ဖရိုဖရဲဖြစ်နေတဲ့အသင်းကို ဒီဇင်ဘာလအတွင်း ဝင်ရောက်ကိုယ်တွယ်ခဲ့တာဖြစ်ပြီး အသင်းကြီးဆန်တဲ့ခြေစွမ်းမျိုးပြန်လည်ယူဆောင်ပေးနိုင်ခဲ့ပါတယ်။ 

ဆိုးရှား လက်အောက်မှာ ယူနိုက်တက်အသင်း ရှုံးပွဲတစ်ပွဲသာရှိခဲ့ပြီး ပရီးမီးယားလိဂ်အဆင့်လေးနေရာရပ်တည်နေသလို FAဖလားမှာလည်းအာဆယ်နယ် ,ချယ်ဆီးတို့ကိုကျော်ဖြတ်ပြီး ကွာတားဖိုင်နယ်တက်ရောက်ထားပါတယ်။မန်ယူနိုက်တက်ယာယီနည်းပြအဖြစ် မိုဒီအသင်းကနေအငှားလာရောက်ကိုင်တွယ်နေတာဖြစ်လို့ ရာသီကုန်ရင်နော်ဝေကလပ်ဆီပြန်ရမှာပါ။မိုဒီဥက္ကဌနီယာလန်းကတော့ယူနိုက်တက်လိုအသင်းမျိုးဆီမိမိတို့နည်းပြကိုအငှားချထားရတာ ဝမ်းမြောက်ဂုဏ်ယူကြောင်းဆိုလာပါတယ်။

ထပ်မံပြီး နီယာလန်းပြောခဲ့တာက ဆိုးရှားနဲ့ယူနိုက်တက်တို့ဟာ ရာသီကုန်ထိသာစာချုပ်ချုပ်ဆိုထားတာဖြစ်လို့  သူမိုဒီအသင်းကိုပြန်လာလိမ့်မယ်လို့မျှော်လင့်ကြောင်းပြောခဲ့ပါတယ်။ဒါပေမယ့်ဆိုးရှားရဲ့အတည်ပြုချက်ကြောင့်သာ မိုဒီနဲ့သက်ဆိုင်သူတွေ စိတ်မကြည်မသာဖြစ်ရမှာပါ။ဆိုးရှားက''ကျနော်ဘယ်အသင်းရဲ့နည်းပြဖြစ်လာမလဲ မသေချာပါဘူး။မိုဒီနဲ့ကျနော့်ရဲ့စာချုပ်က ကုန်ဆုံးတော့မှာပါ။လက်ရှိမှာတော့ သရဲနီတို့ရဲ့မန်နေဂျာပေါ့။ဒါပေမယ့် ကျနော်မိုဒီနဲ့ စာချုပ်သက်တမ်းတိုးဖို့လိုနေပြီထင်တယ်''လို့အတည်ပြုခဲ့တာပါ။

ယူနိုက်တက်ဘက်က ဆိုးရှားကိုနည်းပြတစ်ရာထူးအတွက်ကတိပေးထားပြီလားသံသယဖြစ်စရာပါပဲ။မိုဒီနဲ့ယူနိုက်တက်တို့ရဲ့အငှားစာချုပ်ထဲမှာ ဆိုးရှားအတွက်ပေါင်၇သန်းကျော်ရော်ကြေးပေးပြီးခေါ်ယူခွင့်ရှိတယ်ဆိုတာပါပါတယ်။ဆိုးရှားကတော့လက်ရှိစာချုပ်အရ ရာသီကုန်တာနဲ့သူဟာမိုဒီနည်းပြသာဖြစ်ကြောင်း နားလည်ထားပါတယ်။လက်ရှိမှာလည်း ယူနိုက်တက်နည်းပြသစ်နေရာအတွက်ပရိတ်သတ်တွေရဲ့ထောက်ခံမှုအပြည့်ရရှိထားသူပါ။ဒါပေမယ့် အသင်းနှစ်သင်းမှာတော့ တစ်ပြိုင်ထဲနည်းပြလုပ်လို့မရပါဘူး။ယူနိုက်တက်ဘုတ်အဖွဲ့ဝင်တွေကတော့ အမြဲတမ်းနည်းပြအတွက်ဆိုးရှားရဲ့အရည်အသွေးကိုသဘောကျနေပါပြီ။ဒီနေ့ညမှာဆိုရင်ပီအက်ဂျီအသင်းနဲ့ ချန်ပီယံလိဂ်၁၆သင်းအဆင့်ရှုံးထွက်ပွဲစဉ်ဒုကျော့ကို ယှဉ်ပြိုင်ကစားသွားရမှာပါ။ပထမကျော့အိုးထရက်ဖို့မှာ ၂-ဝနဲ့ရှုံးထားတဲ့အပြင်အဓိက ကစားသမားဆယ်ယောက်လောက်ဒဏ်ရာရနေတာကြောင့်နောက်တစ်ဆင့်တက်ဖို့မျှော်လင့်ချက်မှုန်ဝါးဝါးသာရှိပါတယ်။

ဒါပေမယ့်ဆိုးရှားလက်အောက်မှာ ယူနိုက်တက်အသင်းအဝေးကွင်းပွဲတိုင်းနိုင်ထားပါတယ်။ သူတို့ခေတ်က ဝိဉာဉ်ကို လက်ရှိကစားသမားတွေဆီ ဆိုးရှားလ်ပြန်အသက်သွင်းပေးနိုင်မလားစောင့်ဒီညမြင်တွေ့ရတော့မှာပါ။

No comments

Powered by Blogger.