အိုလ္ဒြိဳင္းဟာလာမယ့္၄နွစ္အတြင္းထိပ္တန္းကစားသမားတစ္ေယာက္ျဖစ္လာမွာမဟုတ္ေသးဘူးလို ့ဆိုလိုက္တဲ့ဆာရီ
ကယ္လန္ဟြဒ္ဆန္အိုလ္ဒြိဳင္းဟာ မေန ့ညကကစားခဲ့တဲ့ ဒိုင္နမိုကိဗ္နဲ ့ယူရိုပါလိပ္ပြဲမွာခ်ဲလ္ဆီးအသင္းရဲ့ ပြဲထြက္ကစားသမားအျဖစ္ယံုၾကည္အားကိုးျခင္းမခံခဲ့ရပါဘူး။ဒါပင္မယ့္သူဟာအဆိုပြဲရဲ့ဂိုးသြင္းစာရင္းမွာပါ၀င္ေနတုနး္ျဖစ္ပါတယ္။အဆိုပါလူငယ္ၾကယ္ပြင့္နဲ ့ပတ္သတ္ၿပီး နည္းျပဆာရီကအခုလိုစကားလံုးတစ္ခ်ိဳ ့နဲ ့ေျပာဆိုခဲ့ပါတယ္။ခ်ဲလ္ဆီးနည္းျပမာရီဇီယိုဆာရီတစ္ေယာက္ဟာ အိုလ္ဒြိဳင္းကို ဘာျဖစ္လို ့ပြဲထြက္ကစားသမားအျဖစ္အသံုးမျပဳတာလဲ ေဘာလံုးအေက်ာ္အေမာ္သံုးသပ္သူေတြကေမးခြန္းထုတ္ေနၾကပါတယ္။ဆယ္ေက်ာ္သက္ေတာင္ပံကစားသမားဟာ ယူရိုပါလိပ္ပြဲေတြမွာေတာင္ပြဲထြက္ကစားခြင့္မရခဲ့ပဲက အရံခုံကေနပဲ၀င္ကစားခဲ့ရတာပဲျဖစ္ပါတယ္။
အသင္းရဲ ့ကစားသမားဂၽြန္တယ္ရီေနာက္ပိုင္းမွာ အသင္းမွာလူငယ္အကယ္ဒမီထြက္ကစားသမားေတြကို ပြဲထြက္ခြင့္သိပ္မေပးေတာ့တာေၾကာင့္ခ်ဲလ္ဆီးပရိတ္သတ္ေတြက သူတို ့အသင္းရဲ ့အလားအလာရိွတဲ့လူငယ္ၾကယ္ပြင့္ေလးတစ္ေယာက္ေဘာလံုးမ်ားမ်ားကစားတာကိုမက္မက္ေမာေမာအလိုရိွေနတာပဲျဖစ္ပါတယ္။ခ်ဲလ္ဆီးပရိတ္သတ္ေတြအတြက္ေဒါသထြက္စိတ္ပ်က္စရာအခ်က္က မန္ခ်က္စတာယူနိုက္တက္ကို ၂-၀ ျဖင့္ရံႈးနိမ့္ခဲ့တဲ့ FA ဖလားပြဲမွာ အိုလ္ဒြိဳင္းအစား ဇက္ပါေကာ္စတာကိုထည့္သံုးခဲ့တဲ့ နည္းျပဆာရီရဲ ့ဆံုးျဖတ္ခ်က္ပဲျဖစ္ပါတယ္။မေန ့ညကကစားခဲ့တဲ့ပြဲမွာအဆိုပါဆယ္ေက်ာ္သက္ကစားသမားေလးဟာပြဲကစားခ်ိန္၇၈မိနစ္မွာလူစား၀င္ကစားခဲ့ၿပီး ၄မိနစ္အၾကာမွာတင္ တစ္ဂိုးသြင္းယူခဲ့ေသာ္လည္းသူ ့ရဲ ့နည္းျပကေတာ့ အျပည့္အ၀ေပ်ာ္ရႊင္တဲ့ပံုမေပၚေသးပါဘူး။
ပြဲအၿပီးအင္တာဗ်ဴးမွာ အိုလ္ဒြိဳင္းဟာ ထိပ္တန္းကစားသမားျဖစ္လာဖို ့ေနာက္ထပ္အခ်ိန္ ၄ ၅နွစ္ေလာက္ယူရဦးမယ္လို ့ေျပာၾကားခဲ့ပါတယ္။
“ သူဟာတိုးတက္ဖို ့လိုပါေသးတယ္။ဘာလို ့လဲဆိုေတာ့ သူဟာ ၂၂နွစ္ ဒါမွမဟုတ္ ၂၃ နွစ္မွာအျခားကစားသမားေတြလိုထိပ္တန္းတစ္ေယာက္ျဖစ္လာနိုင္ပါတယ္။ဒါ့ေၾကာင့္ သူဟာ မီဒီယာေတြရဲ ့ဖိအားမပါပဲ၊ပရိတ္သတ္ေတြရဲ ့ဖိအားမပါပဲ၊ကလပ္ရဲ ့ဖိအားမပါပဲ တိုးတက္သြားဖို ့လိုတယ္လို ့ကၽြန္ေတာ္ေတာ့ထင္ပါတယ္။”
Loftus-Cheek ➡️ Hudson-Odoi = ⚽️— Football on BT Sport (@btsportfootball) March 7, 2019
Chelsea's young English talent making the most of their Europa League minutes 🔵🏴
A quality team goal caps a good night's work for Sarri's men! pic.twitter.com/elbJfan5Kh
နည္းျပဆာရီနဲ ့ကလပ္အတြက္ေတာ့ ဖိအားေတြတစ္ပံုတစ္ပင္ၾကီးက်ေရာက္ေနပါတယ္။အဂၤလန္ေတာင္ပံကစားသမားအိုလ္ဒြိဳင္းဟာ ၿပီးခဲ့တဲ့ဇန္န၀ါရီက ဘိုင္ယန္ျမဴးနစ္အသင္းဆီေျပာင္းဖို ့အသင္းကိုဖိအားေပးေတာင္းဆိုၾကိဳးစားခဲ့ၿပီးလာမယ့္ေႏြရာသီမွာ စာခ်ဳပ္ခ်ဳပ္ဖို ့ဆက္လက္လုပ္ေဆာင္ေနပါတယ္။ဒါ့အျပင္လာမယ့္ရာသီမွာလည္း ဇန္န၀ါရီလထဲကေခၚထားတဲ့ ခရစ္ရွန္ပူလီဆစ္တစ္ေယာက္အသင္းကိုေျပာင္းလာေတာ့မွာျဖစ္တာေၾကာင့္အိုလ္ဒြိဳင္းအတြက္ပြဲထြက္အခြင့္အေရးဟာအလြန္နည္းပါးသြားေနတာပဲျဖစ္ပါတယ္။ ဆာရီရဲ ့ ထိပ္တန္းကစားသမားတစ္ေယာက္ျဖစ္လာေရးသီအိုရီအရ ပူလီဆစ္ကိုေခၚယူခဲ့တာဟာေမးခြန္းထုတ္စရာျဖစ္ေနၿပီး ဒီကစားသမားဟာ ေနာက္ထပ္၂နွစ္ ၃နွစ္အတြင္းထိပ္တန္းတစ္ေယာက္မျဖစ္လာနိုင္ေသးဘူးဆိုတာကိုလည္းသူတို ့အားလံုးသိထားၾကၿပီးသားျဖစ္ပါတယ္။
အိုလ္ဒြိဳင္းတစ္ေယာက္ အသင္းရဲ ့စီနီယာလူစာရင္းမွာ ပြဲထြက္ခြင့္မရတာေၾကာင့္ ခ်ဲလ္ဆီးကေနထြက္ခြာခ်င္တာဟာမဆန္းက်ယ္ပါဘူး။ခ်ဲလ္ဆီး ဟြဒ္ဆန္အိုလ္ဒြိဳင္းလ္ကို ထြက္ခြာခြင့္ျပဳမွာလား?
(Unicode)
အိုလ်ဒွိုင်းဟာလာမယ့်၄နှစ်အတွင်းထိပ်တန်းကစားသမားတစ်ယောက်ဖြစ်လာမှာမဟုတ်သေးဘူးလို့ဆိုလိုက်တဲ့ဆာရီ
ကယ်လန်ဟွဒ်ဆန်အိုလ်ဒွိုင်းဟာ မနေ့ညကကစားခဲ့တဲ့ ဒိုင်နမိုကိဗ်နဲ့ယူရိုပါလိပ်ပွဲမှာချဲလ်ဆီးအသင်းရဲ့ ပွဲထွက်ကစားသမားအဖြစ်ယုံကြည်အားကိုးခြင်းမခံခဲ့ရပါဘူး။ဒါပင်မယ့်သူဟာအဆိုပွဲရဲ့ဂိုးသွင်းစာရင်းမှာပါဝင်နေတုန်းဖြစ်ပါတယ်။အဆိုပါလူငယ်ကြယ်ပွင့်နဲ့ပတ်သတ်ပြီး နည်းပြဆာရီကအခုလိုစကားလုံးတစ်ချို့နဲ့ပြောဆိုခဲ့ပါတယ်။ချဲလ်ဆီးနည်းပြမာရီဇီယိုဆာရီတစ်ယောက်ဟာ အိုလ်ဒွိုင်းကို ဘာဖြစ်လို့ပွဲထွက်ကစားသမားအဖြစ်အသုံးမပြုတာလဲ ဘောလုံးအကျော်အမော်သုံးသပ်သူတွေကမေးခွန်းထုတ်နေကြပါတယ်။ဆယ်ကျော်သက်တောင်ပံကစားသမားဟာ ယူရိုပါလိပ်ပွဲတွေမှာတောင်ပွဲထွက်ကစားခွင့်မရခဲ့ပဲက အရံခုံကနေပဲဝင်ကစားခဲ့ရတာပဲဖြစ်ပါတယ်။
အသင်းရဲ့ကစားသမားဂျွန်တယ်ရီနောက်ပိုင်းမှာ အသင်းမှာလူငယ်အကယ်ဒမီထွက်ကစားသမားတွေကို ပွဲထွက်ခွင့်သိပ်မပေးတော့တာကြောင့်ချဲလ်ဆီးပရိတ်သတ်တွေက သူတို့အသင်းရဲ့အလားအလာရှိတဲ့လူငယ်ကြယ်ပွင့်လေးတစ်ယောက်ဘောလုံးများများကစားတာကိုမက်မက်မောမောအလိုရှိနေတာပဲဖြစ်ပါတယ်။ချဲလ်ဆီးပရိတ်သတ်တွေအတွက်ဒေါသထွက်စိတ်ပျက်စရာအချက်က မန်ချက်စတာယူနိုက်တက်ကို ၂-၀ ဖြင့်ရှုံးနိမ့်ခဲ့တဲ့ FA ဖလားပွဲမှာ အိုလ်ဒွိုင်းအစား ဇက်ပါကော်စတာကိုထည့်သုံးခဲ့တဲ့ နည်းပြဆာရီရဲ့ဆုံးဖြတ်ချက်ပဲဖြစ်ပါတယ်။မနေ့ညကကစားခဲ့တဲ့ပွဲမှာအဆိုပါဆယ်ကျော်သက်ကစားသမားလေးဟာပွဲကစားချိန်၇၈မိနစ်မှာလူစားဝင်ကစားခဲ့ပြီး ၄မိနစ်အကြာမှာတင် တစ်ဂိုးသွင်းယူခဲ့သော်လည်းသူ့ရဲ့နည်းပြကတော့ အပြည့်အဝပျော်ရွှင်တဲ့ပုံမပေါ်သေးပါဘူး။
ပွဲအပြီးအင်တာဗျူးမှာ အိုလ်ဒွိုင်းဟာ ထိပ်တန်းကစားသမားဖြစ်လာဖို့နောက်ထပ်အချိန် ၄ ၅နှစ်လောက်ယူရဦးမယ်လို့ပြောကြားခဲ့ပါတယ်။
“ သူဟာတိုးတက်ဖို့လိုပါသေးတယ်။ဘာလို့လဲဆိုတော့ သူဟာ ၂၂နှစ် ဒါမှမဟုတ် ၂၃ နှစ်မှာအခြားကစားသမားတွေလိုထိပ်တန်းတစ်ယောက်ဖြစ်လာနိုင်ပါတယ်။ဒါ့ကြောင့် သူဟာ မီဒီယာတွေရဲ့ဖိအားမပါပဲ၊ပရိတ်သတ်တွေရဲ့ဖိအားမပါပဲ၊ကလပ်ရဲ့ဖိအားမပါပဲ တိုးတက်သွားဖို့လိုတယ်လို့ကျွန်တော်တော့ထင်ပါတယ်။”
နည်းပြဆာရီနဲ့ကလပ်အတွက်တော့ ဖိအားတွေတစ်ပုံတစ်ပင်ကြီးကျရောက်နေပါတယ်။အင်္ဂလန်တောင်ပံကစားသမားအိုလ်ဒွိုင်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီက ဘိုင်ယန်မြူးနစ်အသင်းဆီပြောင်းဖို့အသင်းကိုဖိအားပေးတောင်းဆိုကြိုးစားခဲ့ပြီးလာမယ့်နွေရာသီမှာ စာချုပ်ချုပ်ဖို့ဆက်လက်လုပ်ဆောင်နေပါတယ်။ဒါ့အပြင်လာမယ့်ရာသီမှာလည်း ဇန်နဝါရီလထဲကခေါ်ထားတဲ့ ခရစ်ရှန်ပူလီဆစ်တစ်ယောက်အသင်းကိုပြောင်းလာတော့မှာဖြစ်တာကြောင့်အိုလ်ဒွိုင်းအတွက်ပွဲထွက်အခွင့်အရေးဟာအလွန်နည်းပါးသွားနေတာပဲဖြစ်ပါတယ်။ ဆာရီရဲ့ ထိပ်တန်းကစားသမားတစ်ယောက်ဖြစ်လာရေးသီအိုရီအရ ပူလီဆစ်ကိုခေါ်ယူခဲ့တာဟာမေးခွန်းထုတ်စရာဖြစ်နေပြီး ဒီကစားသမားဟာ နောက်ထပ်၂နှစ် ၃နှစ်အတွင်းထိပ်တန်းတစ်ယောက်မဖြစ်လာနိုင်သေးဘူးဆိုတာကိုလည်းသူတို့အားလုံးသိထားကြပြီးသားဖြစ်ပါတယ်။
အိုလ်ဒွိုင်းတစ်ယောက် အသင်းရဲ့စီနီယာလူစာရင်းမှာ ပွဲထွက်ခွင့်မရတာကြောင့် ချဲလ်ဆီးကနေထွက်ခွာချင်တာဟာမဆန်းကျယ်ပါဘူး။ချဲလ်ဆီး ဟွဒ်ဆန်အိုလ်ဒွိုင်းလ်ကို ထွက်ခွာခွင့်ပြုမှာလား?
Post a Comment