ရမ္ေဆးကိုထြက္ခြာခြင့္ေပးလိုက္တာဟာအာဆင္နယ္တို ့အၾကီးအက်ယ္ေနာင္တရသြားေတာ့မွာပါလို ့ဖလက္ခ်ာဆို
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
အာဆင္နယ္အသင္းဟာ ဒီေႏြရာသီမွာ ကြင္းလယ္လူရမ္ေဆးကို အလြတ္ထြက္ခြာခြင့္ေပးလိုက္တာေၾကာင့္ေနာင္တေတြနဲ ့အတူက်န္ရစ္ေနရေတာ့မွာျဖစ္တယ္လို ့မန္ခ်က္စတာယူနိုက္တက္ကစားသမားေဟာင္းဒါရင့္ဖလက္ခ်ာကေျပာၾကားခဲ့ပါတယ္။အာဆင္နယ္အသင္းရဲ ့လက္ရွိကာလရွည္အသံုးေတာ္ခံကစားသမားျဖစ္တဲ့ရမ္ေဆးဟာ ဒီရာသီကုန္မွာ ဂန္းနားသားအျဖစ္ကေနအဆံုးသတ္ၿပီး အီတလီခ်န္ပီယံဂ်ဴဗင္တပ္စ္ဆီေျပာင္းေရႊ ့ေတာ့မွာပဲျဖစ္ပါတယ္။အာဆင္နယ္ပရိတ္သတ္အမ်ားစုကေတာ့ အဆိုပါအေျပာင္းအေရႊ ့နဲ့ပတ္သတ္ၿပီး ဦးေနွာက္ေျခာက္ေနခဲ့ၾကတာအေတာ္ၾကာၿပီျဖစ္ကာ ေ၀းလ္လက္ေရြးစင္ကြင္းလယ္လူအာဆင္နယ္အသင္းရဲ ့ပါရမီရွင္ၾကယ္ပြင့္ေတြထဲကအထြန္းေတာက္ဆံုးျဖစ္ၿပီး အမ္မရီရဲ ့ပြဲထြက္၁၁ေယာက္စာရင္းKey player အျဖစ္ကစားနိုင္ေနတုန္းျဖစ္ပါတယ္။
သူဟာအသင္းကေနထြက္ခြာဖို ့ရိွေနေသာ္လည္း ရမ္းေဆးဟာ သူ ့ရဲ ့ဒီရာသီစိတ္ဓာတ္ပိုင္းနဲ ့အတူ၊တည္ၿငိမ္တဲ့စြမ္းေဆာင္ရည္ေကာင္းေတြနဲ ့ပရိုဖယ္ရွင္နယ္ဆန္မႈေတြေၾကာင့္ခ်ီးက်ဴးခံေနရတာပဲျဖစ္ပါတယ္။မေန ့ညကကစားခဲ့တဲ့ ယူရိုပါလိပ္ပြဲမွာ rennes ကို ၃-၁ ျဖင့္ရံႈးခဲ့တဲ့ပြဲစဥ္အတြင္း အသင္းရဲ ့ကြင္းလယ္ဂြမ္ဒိုဇီဟာ rennes တိုက္စစ္မွဴးရဲ ့တတိယဂိုးကို ထိန္းခ်ဳပ္ဖို ့ပ်က္ကြက္ခဲ့ၿပီး ရမ္ေဆးက သူ ့ရဲ ့အီးေလးဆြဲေနတဲ့ အသင္းေဖာ္ကို ျဖတ္ေက်ာ္ေျပးၿပီး ခံစစ္ကစားဖို ့ၾကိဳးစားခဲ့ပါတယ္။
ဒါ့ေၾကာင့္ ရမ္ေဆးဟာ အာဆင္နယ္အသင္းရဲ ့အေရးပါတဲ့ကစားသမားတစ္ေယာက္အျဖစ္ရိွေနဆဲျဖစ္ၿပီး ဖလက္ခ်ာကေတာ့ သူ ့ကိုထြက္ခြာခြင့္ျပဳလိုက္တာဟာ မဟာအမွားလို ့ယံုၾကည္ေနပါတယ္။
” ၿပီးခဲ့တဲ့နွစ္ေတြတုန္းက သူဟာပရီးမီးယားလိပ္ရဲ ့အေကာင္းဆံုးကစားသမားတစ္ေယာက္ျဖစ္ခဲ့တယ္လို ့ကၽြန္ေတာ္ထင္ပါတယ္။သူဟာ ဒဏ္ရာဗလပြရခဲ့ၿပီးသူ ့ရဲ ့ပံုစံေကာင္းကိုျပန္ရဖို ့ၾကိဳးစားေနခဲ့ပါတယ္။ဒါပင္မယ့္ ၿပီးခဲ့တဲ့ညက သြင္းဂိုးတစ္ဂိုးမွာသူ ့ရဲ ့တန္ျပန္အေျပးနႈန္းကိုအံၾသသင့္ဖြယ္ေတြ ့ခဲ့ရပါတယ္။သူဟာ နံပါတ္၁၀ကစားသမား ဒါမွမဟုတ္ ဇိမ္ခံကြင္းလယ္လူတစ္ေယာက္ပါ။ဒါပင္မယ့္ သူ ့ရဲ ့အသင္းကိုကာကြယ္ဖို ့သူဟာ အျခားေသာအသင္းေဖာ္ကြင္းလယ္လူေတြကိုေက်ာ္ျဖတ္ေျပးၿပီး ခံစစ္ကို၀င္ကူကစားခဲ့ပါတယ္။ဒီလိုကစားသမားက ေနာက္ရာသီမွာအသင္းကေနထြက္ခြာေတာ့မယ္တဲ့။”
” ကၽြန္ေတာ့္အထင္ေတာ့ သူ ့ကိုထြက္ခြာခြင့္ျပဳလို္က္တဲ့အာဆင္နယ္တို ့ၾကီးမားတဲ့အမွားကို က်ဳးလြန္ခဲ့တာပဲလို ့ထင္ပါတယ္။”
” ကစားသမားတစ္ေယာက္ကို အလြတ္ၾကီးထြက္ခြာခြင့္ေပးတယ္ဆိုရင္အထူးသျဖင့္ဂ်ဴဗင္တပ္စ္လို အသင္းက သူ ့ကိုလာေခၚသြားတာဆိုလို ့ရိွရင္ေတာ့ ဒီမွာေတာ့ တစ္ခုခုမွားေနၿပီဆိုၿပီး ကိုယ့္ေခါင္းကိုယ္ကုတ္ကာေခါင္းေျခာက္ေနေတာ့မွာအေသအခ်ာပါပဲ။”
(Unicode)
ရမ်ဆေးကိုထွက်ခွာခွင့်ပေးလိုက်တာဟာအာဆင်နယ်တို့အကြီးအကျယ်နောင်တရသွားတော့မှာပါလို့ဖလက်ချာဆို
အာဆင်နယ်အသင်းဟာ ဒီနွေရာသီမှာ ကွင်းလယ်လူရမ်ဆေးကို အလွတ်ထွက်ခွာခွင့်ပေးလိုက်တာကြောင့်နောင်တတွေနဲ့အတူကျန်ရစ်နေရတော့မှာဖြစ်တယ်လို့မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်းဒါရင့်ဖလက်ချာကပြောကြားခဲ့ပါတယ်။အာဆင်နယ်အသင်းရဲ့လက်ရှိကာလရှည်အသုံးတော်ခံကစားသမားဖြစ်တဲ့ရမ်ဆေးဟာ ဒီရာသီကုန်မှာ ဂန်းနားသားအဖြစ်ကနေအဆုံးသတ်ပြီး အီတလီချန်ပီယံဂျူဗင်တပ်စ်ဆီပြောင်းရွှေ့တော့မှာပဲဖြစ်ပါတယ်။အာဆင်နယ်ပရိတ်သတ်အများစုကတော့ အဆိုပါအပြောင်းအရွှေ့နဲ့ပတ်သတ်ပြီး ဦးနှောက်ခြောက်နေခဲ့ကြတာအတော်ကြာပြီဖြစ်ကာ ဝေးလ်လက်ရွေးစင်ကွင်းလယ်လူအာဆင်နယ်အသင်းရဲ့ပါရမီရှင်ကြယ်ပွင့်တွေထဲကအထွန်းတောက်ဆုံးဖြစ်ပြီး အမ်မရီရဲ့ပွဲထွက်၁၁ယောက်စာရင်းKey player အဖြစ်ကစားနိုင်နေတုန်းဖြစ်ပါတယ်။
သူဟာအသင်းကနေထွက်ခွာဖို့ရှိနေသော်လည်း ရမ်းဆေးဟာ သူ့ရဲ့ဒီရာသီစိတ်ဓာတ်ပိုင်းနဲ့အတူ၊တည်ငြိမ်တဲ့စွမ်းဆောင်ရည်ကောင်းတွေနဲ့ပရိုဖယ်ရှင်နယ်ဆန်မှုတွေကြောင့်ချီးကျူးခံနေရတာပဲဖြစ်ပါတယ်။မနေ့ညကကစားခဲ့တဲ့ ယူရိုပါလိပ်ပွဲမှာ rennes ကို ၃-၁ ဖြင့်ရှုံးခဲ့တဲ့ပွဲစဉ်အတွင်း အသင်းရဲ့ကွင်းလယ်ဂွမ်ဒိုဇီဟာ rennes တိုက်စစ်မှူးရဲ့တတိယဂိုးကို ထိန်းချုပ်ဖို့ပျက်ကွက်ခဲ့ပြီး ရမ်ဆေးက သူ့ရဲ့အီးလေးဆွဲနေတဲ့ အသင်းဖော်ကို ဖြတ်ကျော်ပြေးပြီး ခံစစ်ကစားဖို့ကြိုးစားခဲ့ပါတယ်။
ဒါ့ကြောင့် ရမ်ဆေးဟာ အာဆင်နယ်အသင်းရဲ့အရေးပါတဲ့ကစားသမားတစ်ယောက်အဖြစ်ရှိနေဆဲဖြစ်ပြီး ဖလက်ချာကတော့ သူ့ကိုထွက်ခွာခွင့်ပြုလိုက်တာဟာ မဟာအမှားလို့ယုံကြည်နေပါတယ်။
” ပြီးခဲ့တဲ့နှစ်တွေတုန်းက သူဟာပရီးမီးယားလိပ်ရဲ့အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်ခဲ့တယ်လို့ကျွန်တော်ထင်ပါတယ်။သူဟာ ဒဏ်ရာဗလပွရခဲ့ပြီးသူ့ရဲ့ပုံစံကောင်းကိုပြန်ရဖို့ကြိုးစားနေခဲ့ပါတယ်။ဒါပင်မယ့် ပြီးခဲ့တဲ့ညက သွင်းဂိုးတစ်ဂိုးမှာသူ့ရဲ့တန်ပြန်အပြေးနှုန်းကိုအံသြသင့်ဖွယ်တွေ့ခဲ့ရပါတယ်။သူဟာ နံပါတ်၁၀ကစားသမား ဒါမှမဟုတ် ဇိမ်ခံကွင်းလယ်လူတစ်ယောက်ပါ။ဒါပင်မယ့် သူ့ရဲ့အသင်းကိုကာကွယ်ဖို့သူဟာ အခြားသောအသင်းဖော်ကွင်းလယ်လူတွေကိုကျော်ဖြတ်ပြေးပြီး ခံစစ်ကိုဝင်ကူကစားခဲ့ပါတယ်။ဒီလိုကစားသမားက နောက်ရာသီမှာအသင်းကနေထွက်ခွာတော့မယ်တဲ့။”
” ကျွန်တော့်အထင်တော့ သူ့ကိုထွက်ခွာခွင့်ပြုလိုက်တဲ့အာဆင်နယ်တို့ကြီးမားတဲ့အမှားကို ကျုးလွန်ခဲ့တာပဲလို့ထင်ပါတယ်။”
” ကစားသမားတစ်ယောက်ကို အလွတ်ကြီးထွက်ခွာခွင့်ပေးတယ်ဆိုရင်အထူးသဖြင့်ဂျူဗင်တပ်စ်လို အသင်းက သူ့ကိုလာခေါ်သွားတာဆိုလို့ရှိရင်တော့ ဒီမှာတော့ တစ်ခုခုမှားနေပြီဆိုပြီး ကိုယ့်ခေါင်းကိုယ်ကုတ်ကာခေါင်းခြောက်နေတော့မှာအသေအချာပါပဲ။”
Post a Comment