Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
တော့တင်ဟမ်အသင်းရဲ့အိမ်ကွင်းကွင်းသစ်နာမည်ပေါက်ကြားခဲ့..တော့တင်ဟမ်အသင်းကငြင်းဆို
တော့တင်ဟမ်အသင်းဟာ သူတို့ရဲ့အိမ်ကွင်းအသစ်နာမည်ကို ” Nike Stadium ” လို့အမည်ပေးထားတယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပြီး အဆိုပါသတင်းကို တော့တင်ဟမ်အသင်းကငြင်းပယ်ခဲ့ပါတယ်။ရစ်ချက်ကီးနဲ့အန်ဒီဂရေးတို့ဟာ beIn SPORTS ရဲ့ ရှိုးပွဲမှာ အဆိုပါနာမည်ကိုဝေမ ျှခဲ့ပြီး UEFA ကလည်းတော့တင်ဟမ်တို့ဟာ ဖွင့်ပွဲမလုပ်ရသေးတဲ့အိမ်ကွင်းအသစ်ကို ချန်ပီယံလိပ်ကွာတားဖိုင်နယ်မှာအသုံးပြုနိုင်သလားဆိုတာကိုစစ်ဆေးနေကြောင်းသိရပါတယ်။
” အေပရယ်၈ရက်နေ့မှာကစားမယ့်ချန်ပီယံလိပ်ကွာတားဖိုင်နယ်ပွဲကို ဝိုက်ဟာ့တ်လိန်းကကွင်းသစ်မှာကစားနိုင်သလားဆိုတာ UEFA ကစစ်ဆေးနေပါတယ်။အေပရယ်လ ၆ရက်နေ့မှာဘရိုက်တန်ပွဲကိုပထမဆုံးအိမ်ကွင်းအသစ်ဖွင့်ပွဲအဖြစ်ကစားမယ်လို့ကျွန်တော်ယုံကြည်နေပါတယ်။အဲ့ကွင်းမှာဆို တော့ ကျွန်တော်ဖွင့်ပြောပြနိုင်တာက ဒီကွင်းကို “ Nike Stadium ” လို့အမည်မှတ်ထားပါတယ်။”
အဆိုပါနာမည်ပါတဲ့တွစ်တာဗီဒီယိုကို ခဏကြာတဲ့အချိန်မှာတော့ဖျက်ပစ်ခဲ့ပါတယ်။တော့တင်ဟမ်ကတော့ အဆိုပါသတင်းတွေကိုငြင်းဆိုခဲ့ပြီး Daily Mail ကိုပြောပြရာမှာတော့ဒီနာမည်ဟာမှန်ကန်ခြင်းမရှိပါဘူးလို့ထွက်ဆိုခဲ့ပါတယ်။အဆိုပါတော့တင်ဟမ်ရဲ့အိမ်ကွင်းသစ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလထဲက ဖွင့်ဖို့ရှိနေခဲ့သော်လည်းအကြောင်းအမျိုးမျိုးကြောင့်နောက်ကျနေခဲ့ရတာပဲဖြစ်ပါတယ်။သူတို့ဟာ ဝင်ဘာလေကို ယာယီအိမ်ကွင်းအဖြစ်အသုံးပြုထားပြီး လက်ကျန်ပရီးမီးယားလိပ်အိမ်ကွင်း၅ပွဲမှာ အဆိုပါအိမ်ကွင်းသစ်မှာ ကစားဖို့ကလပ်ကမေ ျှာ်လင့်ထားပါတယ်။
ဘေးအန္တရာယ်ကင်းရှင်းရေး အသိအမှတ်ပြုလက်မှတ်မရမခြင်း အိမ်ကွင်းကို ဖွင့်လှစ်ကစားနိုင်မှာမဟုတ်ကြောင်းသိရပြီး ဒီလကုန်လောက်မှာ အပြီးလုပ်ဆောင်သွားဖို့ရှိနေပါတယ်။
Post a Comment