PSG ကိုယူနိုက္တက္တို ့အနိုင္ရခဲ့ၿပီးေနာက္ဆာအဲလက္စ္ဖာဂူဆန္ေျပာခဲ့တဲ့စကားကိုေျပာျပခဲ့တဲ့ေဆာက္ဂိတ္
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဆာအဲလက္စ္ဖာဂူဆန္က ” ဒါဟာ မန္ခ်က္စတာယူနိုက္တက္ရဲ ့DNA ပဲ” လို ့PSG ကိုယူနိုက္တက္တို ့အနိုင္ရခဲ့တဲ့ပြဲၿပီးေနာက္ေျပာၾကားခဲ့ေၾကာင္းအဂၤလန္နည္းျပဂရိတ္ေဆာက္ဂိတ္ကဖြင့္ဟ၀န္ခံေျပာၾကားလိုက္ပါတယ္။လူကာကူရဲ ့သြင္းဂိုး၂ဂိုးနဲ ့အတူရပ္ဖို ့ဒ္ရဲ ့ေနာက္က်ပယ္နယ္တီသြင္းဂိုးနဲ ့ပေက်ာ ့က ၂-၀ ရံႈးေၾကြးကိုအၿပီဆပ္ခဲ့ၿပီးကြာတားဖိုင္နယ္အဆင့္ကိုတက္ေရာက္နိုင္ခဲ့ပါတယ္။အဂၤလန္မန္ေနဂ်ာကကေတာ့ အဆိုပါပြဲကို ျပင္သစ္အထိလာေရာက္ၾကည့္ရႈခဲ့ပါတယ္။
Talksports ရဲ ့ေရဒီယိုအစီအစဥ္မွာေတာ့ ေဆာက္ဂိတ္က ” အိုေလးဟာ မွတ္တမ္းတင္စရာေကာင္းေလာက္တဲ့အလုပ္ကိုလုပ္ျပခဲ့ပါတယ္။သူ ့အတြက္ကၽြန္ေတာ္ေက်နပ္ပါတယ္။ပြဲၿပီးတဲ့အခ်ိန္မွာ ဆာအဲလက္စ္ဖာဂူဆန္နဲ့စကားေျပာခဲ့ပါတယ္။တိုတိုတုတ္တုတ္ပါပဲ။သူကေျပာေနတာပါ။ဒါဟာ ယူနိုက္တက္ရဲ ့အမွတ္အသားတစ္ခု DNA လို ့ေျပာေနတာပါ။ဒါဟာဘယ္ေတာ့မွမေသဆံုးဘူးလို ့လည္းေျပာေနခဲ့တာပါ။” လို ့ဖြင့္ဟ၀န္ခံေျပာၾကားခဲ့ပါတယ္။
အဆိုပါပြဲရဲ ့ေနာက္ဆံုးမိနစ္မွာ VAR အကူအညီရယူၿပီးေနာက္ ယူနိုက္တက္ဘက္ကို ပယ္နယ္တီေပးခဲ့ၿပီး တစ္ပြဲလံုးရဲ့ဖိအားေအာက္ေရာက္ေနတဲ့ ရပ္ဖို ့ဒ္က ပယ္နယ္တီကေနသြင္းယူၿပီးေနာက္တစ္ဆင့္တက္သြားနိုင္ခဲ့ပါတယ္။
” သူဟာထိပ္တန္းပါရမီရိွတဲ့ေကာင္ေလးမွန္းကၽြန္ေတာ္တို ့သိပါတယ္။သူဟာအေျခအေနမ်ိဳးစံုကေနသင္ယူခ်င္ပါတယ္။လူေတြကေျပာေနၾကတယ္။ဘာလို ့လူကာကူက ဟတ္ထရစ္မယူတာလဲတဲ့။သူအခြင့္အေရးမရခဲ့လို ့ပါ။ပယ္နယ္တီေပးၿပီးတဲ့အခ်ိန္ ရပ္ဖို ့ဒ္လက္ထဲေဘာလံုးေရာက္ေနပါၿပီ။သူ ့ကိုကိုလံဘီယာနဲ ့ပြဲထဲကေခၚသြားခဲ့တာပါ။သူဟာ ပယ္နယ္တီအသြင္းေတာ္တဲ့တိုက္စစ္မွဴးေတြထဲကတစ္ေယာက္ပါ။ဒီလိုအေျခအေနမ်ိဳးမွာကၽြန္ေတာ္တို ့ရဲ ့လူငယ္ကစားသမားေလးေတြကိုအေတြ ့အၾကံဳယူေစခ်င္ပါတယ္။” လို ့ေျပာၾကားခဲ့ပါတယ္။
(Unicode)
PSG ကိုယူနိုက်တက်တို့အနိုင်ရခဲ့ပြီးနောက်ဆာအဲလက်စ်ဖာဂူဆန်ပြောခဲ့တဲ့စကားကိုပြောပြခဲ့တဲ့ဆောက်ဂိတ်
ဆာအဲလက်စ်ဖာဂူဆန်က ” ဒါဟာ မန်ချက်စတာယူနိုက်တက်ရဲ့DNA ပဲ” လို့PSG ကိုယူနိုက်တက်တို့အနိုင်ရခဲ့တဲ့ပွဲပြီးနောက်ပြောကြားခဲ့ကြောင်းအင်္ဂလန်နည်းပြဂရိတ်ဆောက်ဂိတ်ကဖွင့်ဟဝန်ခံပြောကြားလိုက်ပါတယ်။လူကာကူရဲ့သွင်းဂိုး၂ဂိုးနဲ့အတူရပ်ဖို့ဒ်ရဲ့နောက်ကျပယ်နယ်တီသွင်းဂိုးနဲ့ပကျော့က ၂-၀ ရှုံးကြွေးကိုအပြီဆပ်ခဲ့ပြီးကွာတားဖိုင်နယ်အဆင့်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။အင်္ဂလန်မန်နေဂျာကကတော့ အဆိုပါပွဲကို ပြင်သစ်အထိလာရောက်ကြည့်ရှုခဲ့ပါတယ်။
Talksports ရဲ့ရေဒီယိုအစီအစဉ်မှာတော့ ဆောက်ဂိတ်က ” အိုလေးဟာ မှတ်တမ်းတင်စရာကောင်းလောက်တဲ့အလုပ်ကိုလုပ်ပြခဲ့ပါတယ်။သူ့အတွက်ကျွန်တော်ကျေနပ်ပါတယ်။ပွဲပြီးတဲ့အချိန်မှာ ဆာအဲလက်စ်ဖာဂူဆန်နဲ့စကားပြောခဲ့ပါတယ်။တိုတိုတုတ်တုတ်ပါပဲ။သူကပြောနေတာပါ။ဒါဟာ ယူနိုက်တက်ရဲ့အမှတ်အသားတစ်ခု DNA လို့ပြောနေတာပါ။ဒါဟာဘယ်တော့မှမသေဆုံးဘူးလို့လည်းပြောနေခဲ့တာပါ။” လို့ဖွင့်ဟဝန်ခံပြောကြားခဲ့ပါတယ်။
အဆိုပါပွဲရဲ့နောက်ဆုံးမိနစ်မှာ VAR အကူအညီရယူပြီးနောက် ယူနိုက်တက်ဘက်ကို ပယ်နယ်တီပေးခဲ့ပြီး တစ်ပွဲလုံးရဲ့ဖိအားအောက်ရောက်နေတဲ့ ရပ်ဖို့ဒ်က ပယ်နယ်တီကနေသွင်းယူပြီးနောက်တစ်ဆင့်တက်သွားနိုင်ခဲ့ပါတယ်။
” သူဟာထိပ်တန်းပါရမီရှိတဲ့ကောင်လေးမှန်းကျွန်တော်တို့သိပါတယ်။သူဟာအခြေအနေမျိုးစုံကနေသင်ယူချင်ပါတယ်။လူတွေကပြောနေကြတယ်။ဘာလို့လူကာကူက ဟတ်ထရစ်မယူတာလဲတဲ့။သူအခွင့်အရေးမရခဲ့လို့ပါ။ပယ်နယ်တီပေးပြီးတဲ့အချိန် ရပ်ဖို့ဒ်လက်ထဲဘောလုံးရောက်နေပါပြီ။သူ့ကိုကိုလံဘီယာနဲ့ပွဲထဲကခေါ်သွားခဲ့တာပါ။သူဟာ ပယ်နယ်တီအသွင်းတော်တဲ့တိုက်စစ်မှူးတွေထဲကတစ်ယောက်ပါ။ဒီလိုအခြေအနေမျိုးမှာကျွန်တော်တို့ရဲ့လူငယ်ကစားသမားလေးတွေကိုအတွေ့အကြုံယူစေချင်ပါတယ်။” လို့ပြောကြားခဲ့ပါတယ်။
Post a Comment