Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ဘန်လေပွဲနဲ့မတိုင်ခင်လီဗာပူးလ်ပရိတ်သတ်တွေကိုအရက်မသောက်ဖို့နဲ့ အိပ်ယာစောစောဝင်ဖို့သတိပေးခဲ့တဲ့နည်းပြကလော့
လီဗာပူးလ်အသင်းနည်းပြဂျာဂန်ကလော့က အသင်းရဲ့အဓိကအသက်သွေးကြောဖြစ်တဲ့ပရိသတ်တွေကိုလာမည်ပရီးမီးယားလိဂ်ပွဲစဉ်မှာကွင်းကိုစောစောလာဖို့ရန်နှင့်ညဖက်အရက်မသောက်ဖို့တောင်းဆိုလိုက်ပါတယ်။လီဗာပူးလ်အသင်းဟာဘန်လေအသင်းကို အင်္ဂလန်စံတော်ချိန် နေလည်၁၂နာရီတိတိတွင် အန်ဖိးလ်ကွင်းမှာဧည်ခံကစားမည်ဖြစ်ပါတယ်။
နည်းပြကလော့က ပရိသတ် တွေကိုကောင်းမွန်တဲ့ပုံစံအနေအထားတစ်ခုဖန်တီးလိုနေပြီး ပွဲကိုစီစဉ်ကျင်းပနေကြချိန်ထပ်စောပြီးကျင်းပဖို့ဆုံးဖြတ်ခဲ့တာကြောင့် ပရိသတ်တွေနှင့်နေ့လည်စာအချိန်ကွက်တိကွင်းထဲအရောက်ရှိနေရမှာဖြစ်ပါတယ်။
နည်းပြကလော့ရဲ့စီစဉ်ထားမှုတွေကြောင့် ကစားသမားတွေအနေနှင့်ပွဲစောစီးစွာကျင်းပခြင်းကသူတို့အပေါ် ဘာသက်ရောက်မှုမှာရှိမှာမဟုတ်လောက်ပါဘူး။နည်းပြကသူတို့ရဲ့ပရိသတ်တွေကိုသာစိုးရိမ်ပူပနိပြီးအကောင်းဆုံးဖြစ်စေဖို့အတွက်သာတောင်းဆိုညွန်ကြားစရာများကိုပြုလုပ်ထားခဲ့ပါတယ်။
"ကျွနိတော်တို့ဆီမှာနေ့လည်၁၂နာရီတိတိကစားရတာနဲ့ပတ်သက်ပြီးမေးစရာမေးခွန်းတွေအမြဲရှိနေပါတယ်"လို့ ကလော့ကပွဲမတိုင်ခင်သတင်းစာရှင်းလင်းပွဲမှာပြောကြားလိုက်ပါတယ်။
"ကျွန်တော်ဒီကိစ္စကိုငြင်းဖို့ကိစ္စအကြောင်းမရှိပါဘူး။
"ကျွန်တော်တို့နေ့လည်၁၂မှာပရိသတ်တွေရဲ့အားလိုတယ်ဗျ"
"အကယ်၍မင်းဆီမှာလက်မှတ်ရှိမယ်ဆိုရင် ည၁၀နာရီလောက်အိပ်ယာဝင်သင့်ပြီး တစ်ခွက်တစ်ဖလားတောင်မသောက်လိုက်ပါနဲ့ပွဲပြီးမှ သာ ပွဲကြမ်းလိုက်ပါဗျာ"
လီဗာပူးလ်အသင်းဟာလက်ရှိအချိန်ပရီးမီးယားလိဂ်ဇယား ဒုတိယနေရာမှာရောက်ရှိနေပြီး လက်ရှိချန်ပီယံ မန်စီးတီး အသင်းကို ၁မှတ်အကွာလိုက်ကာဖိအားပေးနေပါတယ်။
မန်စီးတီးအသင်းကတော့စနေနေ့ညမှာ ဝက်ဖို့ဒ် အသင်းနှင့်ယှဉ်ပြိုက်ကစားမည်ဖြစ်ပါတယ်။လီဗာပူးလ်အသင်းက တော့သူတို့အနေနှင့်အဆင့်၁နေရာကိုပြန်လည်သိမ်းပိုက်နိုင်မည်လို့ယုံကြည်နေပြီး ပက်ဂွာဒီယိုလာကလည်းသူရဲ့ပါးနပ်မှုနှင့်အတူ အဆင့်၁နေရာကိုသိမ်းပိုက်ထားဖို့ကြိုးစားနေပါတယ်။
Post a Comment