Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ချန်ပီယံလိပ်ပြိုင်ပွဲကနေထွက်ခဲ့ရတဲ့အတွက်အိပ်မပျော်ပဲဖြစ်ခဲ့ရကြောင်းအမ်ဘက်ပီတစ်ယောက်ဝန်ခံ
PSGအသင်းလူငယ်တိုက်စစ်မှုး အမ်ဘက်ပီဟာ ယူနိုက်တက်အသင်းကိုရှုံးနိမ့်ခဲ့ရတဲ့ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ပွဲစဉ်အပြီးညဖက်လုံးဝအိပ်မပျော်ခဲ့ကြောင်းနှင့်သူအသင်းဖော်တွေလည်းသူလိုပဲဖြစ်ခဲ့ကြပါတယ်။
ချန်ပီယံလိဂ်ဖလားကျငိးပလာခဲ့တဲ့ကာလတစ်လျောက် အိမ်ကွင်းမှာ ၂ဂိုးပြတ်နှင့်ရှုံးနိမ့်ပြီး အဝေးကွင်းမှာ ပြန်လည်အနိုင်ယူကာနောက်တစ်ဆင့်ကိုတက်ရောက်နိုင်ခဲ့တဲ့အသင်းအဖြစ်ယူနိုက်တက်အသင်းကမှတ်တမ်းဝင်ခဲ့ပါတယ်။လိဂူးကလပ်ကြီးက ပထမအကျော့မှာ အင်္ဂလန်ကလပ် ယူနိုက်တက်ကိုအသာအယာအနိုင်ယူနိုင်ခဲ့ပြီးနောက် ဒုတိယအကျော့သူရဲ့အိမ်ကွင်းမှာ ထိန်းကစားမည့်လို့ကြံရွယ်ခဲ့သောလည်း ယူနိုက်တက်အသင်းကမထင်မှတ်စွာပဲလူကာကူရဲ့မှော်ဝင်ဂိုးနှင့်အတူရက်ရှ်ဖို့ဒ်ရဲ့ နောက်ကျပင်နယ်တီဂိုးအပါအဝင် အဝေးဂိုးစည်းမျည်းနှင့်ကွာတားဖိုင်နယ်ကိုတက်ရောက်သွားခဲ့ပါတယ်း။ယူနိုက်တက်အသင်းကပထမအကျော့မှာ PSGအသင်းကို ပွဲချိန်တော်တော်များများကိုခံစစ်အသင်းအဖြစ်ရင်ဆိုင်ခဲ့ရပါတယ်။
ပွဲအပြီးမှာ ဒဏ်ရာကြောင့်မကစားနိုင်တဲ့နေမာကကွင်းဘေးမှာပေါက်ကွဲကာအရှုံးရလဒ်ကိုလက်မခံနိူင်ဘဲဖြစ်နေခဲ့ပါတယ်။အမ်ဘက်ပီကတော့ကွင်းထဲမှာ ချွေးသံတရဲရဲနှင့်ရုနိးကန်ကစားခဲ့သောလည်းအရာမထင်ဖြစ်ခဲ့ရပါတယ်။ပွဲအပြီး အမ်ဘက်ပီကို လူတော်တော်များများက ဝိုင်းဝန်းနှစ်သိမ့်ခဲ့ကြပြီး အဲဒီအထဲမှာ ယူနိုက်တက်ကစားသမားများအပါအဝင် နည်းပြဆိုးရှားလည်းပါဝင်ခဲ့ပါတယ်။အဲဒီနောက်ကာဗာနီက အမ်ဘက်ပီမချီကာ ကွင်းပြင်ကိုခေါ်ဆောင်ခဲ့ရပါတယ်။
အမ်ဘက်ပီက အဲဒီညမှာကြုံခဲ့ရတဲ့ခါးသီးမှုကို ပြန်ပြောင်းပြောပြခဲ့ပါတယ်။
" ကျွန်တော်တို့ အားလုံးကိုအလှဲထိုးနိုငိခဲ့ပါတယိ။ပြောစရာစကားလုံးမရှိတော့ပါဘူး။ကျွန်တော်ရဲ့အိပိချိန်ကိုတောင်ထိန်းသိမ်းဖို့အင်အားမရှိတော့ပါဘူး။ကျွန်တောိထင်တယ်အကုန်လုံးအဲလိုဖြစ်မှာပါပဲဗျာ။ကျွန်တော်တို့ဒီအခြေအနေရဖို့ခက်ခက်ခဲခဲကြိုးစားခဲ့ရတာဗျ။စိတ်ပျက်စရာအရမ်းကောင်းတယ်ဗျာ ကျွန်တော်တို့ တွေပျက်စီးသွားခဲ့ကြတယ်။"
ဒါဟာPSGအသင်းအတွက်ဒုတိယမြောက်ကံဆိုးမိုးမှောင်ကျခြင်းလည်းဖြစ်ပါတယ်။ပထမတစ်ကြိမ်ကတော့ ဘာစီလိုနာအသင်းကို ၄ဂိူးပြတ်အနိုင်ရရှိထားကာ ဒုတိယအကျော့မှာ ၆ဂိုး ၁ဂိုးနှငိ့အရေးနိမ့်ကာပြိုင်ပွဲကထွက်ခွာခဲ့ရဖူးပါတယိ။
အသက်၂၀အရွယ်ရှိတဲ့အမ်ဘက်ပီကတော့ဒိကိစ္စကိုပြန်လည်အစဖော်ဖို့စိတ်ဝင်စားခြင်းမရှိပါဘူး။လာမည့်ရာသီမှာအသင်းမှာဆကိရှိပြီး ရှုံးနိမ့်မှုတွေကနေကူညီပေးဖို့အတွကိလိုလားနေပါတယ်။
"နောက်တစ်ရာသီစရင်တော့အကုန်ပြီးပါပြီ။ပြီးခဲ့တာတွေအကုန်လုံးကိုတံခါးပိတ်ပြီးထားခဲ့လိုကိပါတော့မယ်။လူတော်တော်များများကသံသယရှိနေတုနိးပဲဒါပေမယ့်ကျွန်တော်ကတော့ဒီမှာပဲဆကိရှိပြီး နေနေမှာပါ"
Post a Comment