အသက္၃၀မျပည့္ခင္တရုတ္လိဂ္မွာေဘာလံုးသြားမကစားသင့္ဘူးလို႕ တိုက္တြန္းလိုက္တဲ့အိုဘီမီေခး
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
လတ္တေလာနွစ္ေတြအတြင္း နာမည္ေက်ာ္ေဘာလံုးသမားမ်ားစြာ ဟာ တရုတ္စူပါလိဂ္ကိုေျပာင္းေရြ႕ကစားေနျကပါတယ္။တရုတ္ကေန အဂၤလန္ျပန္လာတဲ့မီေခးကေတာ့ အရြယ္ေကာင္းမွာ တရုတ္သြားျပီးအခ်ိန္မျဖန္းသင့္ဘူးလို႕တိုက္တြန္းလိုက္ပါတယ္။တရုတ္ကလပ္ေတြဟာဥေရာပက နာမည္ျကီးကစားသမားေတြကို ေငြေျကးမက္လံုးေပးျပီး အျပိဳင္အဆိုင္ေခၚယူေနျကပါတယ္။
ေအာ္စကာ၊ေဟာ့၊ဖယ္လိုင္နီ၊တိဗက္တို႕ဆိုရင္ ဥေရာကထိပ္တန္းကလပ္ေတြကိုျငင္းပယ္ျပီး တရုတ္စူပါလိဂ္ေရာက္လာတာပါ။တရုတ္လိဂ္ရဲ႕အဆင့္အတန္းက ဥေရာပမေျပာနဲ႔ေတာင္အေမရိကနဲ႔ေတာင္အေဝးျကီးရွိပါေသးတယ္။ဒါကိုဘာလို႔သြားကစားေနလဲဆိုရင္ေတာ့ ေငြေျကးေျကာင့္ပါပဲ။မီေခးဆိုရင္လည္း2017ခုနွစ္မွာ ခ်ယ္ဆီးကထြက္ခြာျပီး တရုတ္ကလပ္Tianjin TEDAကိုေျပာင္းကစားခဲ့သူပါ။အဲ့ဒီမွာ၂နွစ္ေလာက္ေနခဲ့ျပီး ဇန္နဝါရီအေျပာင္းေရြ႕ကာလမွာ လိဂ္ခ်န္ပီယံရွစ္ကလပ္ မယ္ဒယ္ဘေရာ႔အသင္းဆီေရာက္လာခဲ့ပါတယ္။အင္တာဗ်ဴးတစ္ခုမွာေတာ့ အသက္၃၁နွစ္အရြယ္ကြင္းလယ္ကစားသမားက ေဘာလံုးသမားဘဝေနဝင္ခ်ိန္မေရာက္ခင္ တရုတ္စူပါလိဂ္ကိုမေျပာင္းသင့္ေျကာင္းအျကံေပးခဲ့ပါတယ္။
မီေခးက''တရုတ္စူပါလိဂ္ကိုမသြားခင္ေရွ႕ကို အမ်ားျကီးျကိဳေတြးသင့္ပါတယ္။မွန္ကန္တဲ့အခ်ိန္တစ္ခုေရာက္မွသာ သြားသင့္တယ္။က်ေနာ္ကေတာ့ အသက္၃၀ေအာက္ဘယ္ကစားသမားကိုမွ တရုတ္ကလပ္ဆီေျပာင္းဖို႔တိုက္တြန္းမွာမဟုတ္ဖူး။ တကယ္လို႔သြားမိရင္ေနာင္တရေနလိမ့္မယ္။ငယ္ရြယ္စဥ္မွာ သက္ေသာင့္သက္သာေနရဖို႔ထက္ မတူညီတဲ့ အေတြ႔အျကံဳေတြရဖို႕ျကိဳးစားသင့္တယ္။ေငြေၾကးမက္လံုးေတြေနာက္မလိုက္ပဲက်ေနာ္တို႔သင္ယူေနရမယ့္အခ်ိန္ပါ။ေဘာလံုးသမားေတြလည္း လူသားေတြသာျဖစ္ပါတယ္။ ကစားသမားဘဝအဆံုးသတ္ခါနီးမွသာ ေငြေနာက္လိုက္သင့္ပါတယ္။ေငြရဖို႔အရြယ္ေကာင္းတုန္းတရုတ္သြားရတာ မထိုက္တန္ပါဘူး။''လို႔အျကံေပးခဲ့တာပါ။ဒါေပမယ့္Tianjinအသင္းကိုေျပာင္းမိလို႔ေနာင္တရမေနဘူးလို႔ မီေခးကဆိုလာပါတယ္။
''က်ေနာ္အမွားျကီးလုပ္မိတယ္ဆိုရင္ေတာ့အံ့ျသစရာေပါ့။ဒါေပမယ့္အတိတ္ကိုျပန္ေတြးတိုင္း အဲ့ဒီကိုေျပာင္းလို႔ဝမ္းနည္းမိတယ္မရွိဘူး။အဲ့ဒီမွာရွိတုန္းအဂၤလန္ကမိသားစုကိုေတာ့က်ေနာ္အရမ္းလြမ္းမိတယ္။သူတို႔ကအလည္အပတ္သေဘာမ်ိဳးတစ္နွစ္ ၂ေခါက္ေလာက္ေတာ့ တရုတ္ကိုလာေလ့ရွိတယ္။က်ေနာ္အဂၤလန္ျပန္လာရတဲ့အဓိကအေျကာင္းအရင္းက မိသားစုေျကာင့္ပါ''လို႔မီေခးကဖြင့္ဟခဲ့ပါတယ္။
တရုတ္က ေနဥေရာပျပန္လာတာျခင္းတူတဲ့ေပၚလင္ဟို,ဝစ္ဆဲတို႔ေတာင္ဘာမွမေျပာပဲ မီေခးတစ္ေယာက္ထဲျပန္ရင္ဖြင့္ခဲ့တာေျကာင့္ နည္းနည္းေတာ့ထူးဆန္ပါတယ္။ေငြဆိုတာဒုတိယဘုရားသင္လို႔ခံယူထားသူမ်ားစြာရွိေနပါတယ္။ဒါေျကာင့္ တရုတ္ထြက္ကစားမယ့္ ဥေရာပျကယ္ပြင့္မ်ားစြာရွိလာအံုးမွာပါပဲ။
(Unicode)
အသက်၃၀မပြည့်ခင်တရုတ်လိဂ်မှာဘောလုံးသွားမကစားသင့်ဘူးလို့ တိုက်တွန်းလိုက်တဲ့အိုဘီမီခေး
လတ်တလောနှစ်တွေအတွင်း နာမည်ကျော်ဘောလုံးသမားများစွာ ဟာ တရုတ်စူပါလိဂ်ကိုပြောင်းရွေ့ကစားနေကြပါတယ်။တရုတ်ကနေ အင်္ဂလန်ပြန်လာတဲ့မီခေးကတော့ အရွယ်ကောင်းမှာ တရုတ်သွားပြီးအချိန်မဖြန်းသင့်ဘူးလို့တိုက်တွန်းလိုက်ပါတယ်။တရုတ်ကလပ်တွေဟာဥရောပက နာမည်ကြီးကစားသမားတွေကို ငွေကြေးမက်လုံးပေးပြီး အပြိုင်အဆိုင်ခေါ်ယူနေကြပါတယ်။
အော်စကာ၊ဟော့၊ဖယ်လိုင်နီ၊တိဗက်တို့ဆိုရင် ဥရောကထိပ်တန်းကလပ်တွေကိုငြင်းပယ်ပြီး တရုတ်စူပါလိဂ်ရောက်လာတာပါ။တရုတ်လိဂ်ရဲ့အဆင့်အတန်းက ဥရောပမပြောနဲ့တောင်အမေရိကနဲ့တောင်အဝေးကြီးရှိပါသေးတယ်။ဒါကိုဘာလို့သွားကစားနေလဲဆိုရင်တော့ ငွေကြေးကြောင့်ပါပဲ။မီခေးဆိုရင်လည်း2017ခုနှစ်မှာ ချယ်ဆီးကထွက်ခွာပြီး တရုတ်ကလပ်Tianjin TEDAကိုပြောင်းကစားခဲ့သူပါ။အဲ့ဒီမှာ၂နှစ်လောက်နေခဲ့ပြီး ဇန်နဝါရီအပြောင်းရွေ့ကာလမှာ လိဂ်ချန်ပီယံရှစ်ကလပ် မယ်ဒယ်ဘရော့အသင်းဆီရောက်လာခဲ့ပါတယ်။အင်တာဗျူးတစ်ခုမှာတော့ အသက်၃၁နှစ်အရွယ်ကွင်းလယ်ကစားသမားက ဘောလုံးသမားဘဝနေဝင်ချိန်မရောက်ခင် တရုတ်စူပါလိဂ်ကိုမပြောင်းသင့်ကြောင်းအကြံပေးခဲ့ပါတယ်။
မီခေးက''တရုတ်စူပါလိဂ်ကိုမသွားခင်ရှေ့ကို အများကြီးကြိုတွေးသင့်ပါတယ်။မှန်ကန်တဲ့အချိန်တစ်ခုရောက်မှသာ သွားသင့်တယ်။ကျနော်ကတော့ အသက်၃၀အောက်ဘယ်ကစားသမားကိုမှ တရုတ်ကလပ်ဆီပြောင်းဖို့တိုက်တွန်းမှာမဟုတ်ဖူး။ တကယ်လို့သွားမိရင်နောင်တရနေလိမ့်မယ်။ငယ်ရွယ်စဉ်မှာ သက်သောင့်သက်သာနေရဖို့ထက် မတူညီတဲ့ အတွေ့အကြုံတွေရဖို့ကြိုးစားသင့်တယ်။ငွေကြေးမက်လုံးတွေနောက်မလိုက်ပဲကျနော်တို့သင်ယူနေရမယ့်အချိန်ပါ။ဘောလုံးသမားတွေလည်း လူသားတွေသာဖြစ်ပါတယ်။ ကစားသမားဘဝအဆုံးသတ်ခါနီးမှသာ ငွေနောက်လိုက်သင့်ပါတယ်။ငွေရဖို့အရွယ်ကောင်းတုန်းတရုတ်သွားရတာ မထိုက်တန်ပါဘူး။''လို့အကြံပေးခဲ့တာပါ။ဒါပေမယ့်Tianjinအသင်းကိုပြောင်းမိလို့နောင်တရမနေဘူးလို့ မီခေးကဆိုလာပါတယ်။
''ကျနော်အမှားကြီးလုပ်မိတယ်ဆိုရင်တော့အံ့သြစရာပေါ့။ဒါပေမယ့်အတိတ်ကိုပြန်တွေးတိုင်း အဲ့ဒီကိုပြောင်းလို့ဝမ်းနည်းမိတယ်မရှိဘူး။အဲ့ဒီမှာရှိတုန်းအင်္ဂလန်ကမိသားစုကိုတော့ကျနော်အရမ်းလွမ်းမိတယ်။သူတို့ကအလည်အပတ်သဘောမျိုးတစ်နှစ် ၂ခေါက်လောက်တော့ တရုတ်ကိုလာလေ့ရှိတယ်။ကျနော်အင်္ဂလန်ပြန်လာရတဲ့အဓိကအကြောင်းအရင်းက မိသားစုကြောင့်ပါ''လို့မီခေးကဖွင့်ဟခဲ့ပါတယ်။
တရုတ်က နေဥရောပပြန်လာတာခြင်းတူတဲ့ပေါ်လင်ဟို,ဝစ်ဆဲတို့တောင်ဘာမှမပြောပဲ မီခေးတစ်ယောက်ထဲပြန်ရင်ဖွင့်ခဲ့တာကြောင့် နည်းနည်းတော့ထူးဆန်ပါတယ်။ငွေဆိုတာဒုတိယဘုရားသင်လို့ခံယူထားသူများစွာရှိနေပါတယ်။ဒါကြောင့် တရုတ်ထွက်ကစားမယ့် ဥရောပကြယ်ပွင့်များစွာရှိလာအုံးမှာပါပဲ။
Post a Comment