Header Ads
လီဗာပူးလ်အသင်းကဗန်ဒိုက်စ်နဲ့ အတူတူကစားချင်တယ်လို့ ဆိုလိုက်တဲ့အေးဂျက်စ်နောက်ခံလူဒီလိုက်
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
လီဗာပူးလ်အသင်းကဗန်ဒိုက်စ်နဲ့အတူူတူကစားချင်တယ်လို့ဆိုလိုက်တဲ့အေးဂျက်စ်နောက်ခံလူဒီလိုက်
အေဂျက်စ်အသင်းကစားသမား ဒီလိုက်က လီဗာပူးလ်အသင်းနောက်ခံလူ ဗန်ဒိုက်နှင့်လက်ရွေးစင်အသင်းမှာအလွန်တရာကိုရင်းနှီးတဲ့ဆကိဆံရေးရှိပြီး သူကိုလီဗာပူးလ်အသင်းမှာလာကစားဖို့လည်းဖိတ်ခေါ်ထားတယ်လို့သိရပါတယ်။အသက်၁၉နှစ်အရွယ် ဒီလိုက်ကိုတော့ ဘာစီလိုနာအသင်းက အသည်းအသန်လိုချင်နေပြီး ရရင်ရတဲ့အချိန်ခေါ်ယူဖို့အဆင့်သင်ဖြစ်နေပါတယ်။သူကလည်းအသင်းဖော်ဟောင်း ဒီဂျောင်ရဲ့ ခြေရာကိုလိုက်နင်းဖို့များနေပါတယ်။
"ဗန်ဒိုက်ကထိပ်တန်းလိဂ်အတွေ့အကြုံကောင်းကောင်းရှိတဲ့ကစားသမားတစ်ဦးပါ" လို့ဒီလိုက် က Goalသတင်းဌာနကိုပြောကြားလိုက်ပါတယ်။
"ဒါပေါ့သူဆီကအများကြီးသင်ယူရဖို့လိုသေးတယိ။သူနဲ့အတူလက်ရွေးစင်အသင်းမှာကစားရင်းသူကအများကြီးကူညီပေးတယ်ဗျ"
"ဒါကဖြစ်နိုင်ပါတယ်(ဒီလိုက်လီဗာပူးလ်အသင်းကိုရောက်ရှိလို့ဖို့ဆိုတာ)။လီဗာပူးလ်အသင်းက အသင်းကောင်းတစ်ခုပါ။ဒါပေမယ့်ကျွန်တော်သူတို့ကိုအာရုံထားမှာမဟုတ်ပါဘူး။လက်ရှိအေဂျက်စ်အသင်းမှာပဲစိတ်ရောကိုယ်ပါအာရုံစိုက်နေတယ်။အဲဒီနောက်မှာသာ ကျွန်တော်ဘယ်မှာအဆုံးသတ်မလဲဆိုတာကြည့်ရမှာပါ"
ဒီလိုက်ဟာချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျှောက်အငယ်ဆုံးအသင်းခေါင်းဆောင်အဖြစ် ရီးရဲလ်မက်ဒရစ်အသင်းနှင့်ပွဲစဉ်မှာတာဝန်ယူကာကစားပြီး မှတ်တမ်းဝင်လာခဲ့ပါတယ်။မူလစံချိန်ရှင်က ဖာဘရီဂတ်စ် ဖြစ်ပါတယ်။သူရဲ့ဦးဆောင်မှုနှင့်အတူအေဂျက်စ်အသင်းကအံ့မခန်းကောင်းမွန်ခဲ့ကာ ပွဲအပြီးရလဒ်က ၄ဂိုး၁ဂိုးဖြစ်ခဲ့ကာ ကွာတားဖိုင်နယ်ကိုတက်ရောက်သွားခဲ့ပါတယ်။သူကိုအေဂျက်စ်အသင်းရဲ့ဒါရိုက်တာကိုယ်တိုင်ကိုကချီးကျူဂုဏ်ပြုရတဲ့အထိကောင်းမွန်ခဲ့ပါတယ်။
"ကျွန်တော်အတွက်ဒီလိုက် ကအသင်းကြီး၆သင်းမှာကောင်းကောင်းမွနခမွနိကစားနိုငိတဲ့ကစားသမားပါ။သူကကစားအားကောင်းတယ်စိတ်ဓာတ်မာတဲ့နှလုံးသားရှိတယ်။အကယ်၍ကျွန်တော်သာတခြားအသင်းကဆို သူကိုချကိချင်းစာချုပ်ချုပ်မိမှာပါ။"
"ကျွန်တော် တို့သူကိုမရောင်းချင်ပါဘူး။ကျွန်တော်တို့ပိုက်ဆံလည်းမလိုပါဘူး။ဒါပေမယ့်ကျွန်တော်တို့သိတာကတော့သူအသင်းကြီးတစသင်းကိုပြောင်းဖို့ရှိပါတယ်"လို့အေဂျက်အားကစားဒါရိုက်တာကဆိုပါတယ်။
No comments
Powered by Blogger.