Header Ads


ထိပ္တန္းဥေရာပလိပ္၅ခုမွထိပ္တန္းဂိုးသြင္ရွင္နွင့္ထိပ္တန္းဂိုးဖန္တီးတဲ့သူတစ္ေယာက္(သို ့)မက္ဆီ



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
လီယြန္နယ္မက္ဆီဟာ ဒီရာသီဥေရာပအဓိကလိပ္ေတြမွာေတာ့ ထိပ္တန္းဂိုးသြင္းရွင္ နွင့္ထိပ္တန္းဂိုးဖန္တီးနိုင္တဲ့သူတစ္ေယာက္ျဖစ္လို ့ေနပါတယ္။အသက္၃၁နွစ္အရြယ္ကစားသမားဟာ မေန ့က ရာယိုဗာလီကန္နိုအသင္းကို - ျဖင့္အနိုင္ရတဲ့ပြဲမွာ သူ ့ရဲ ့လာလီဂါသြင္းဂိုး ၂၆ဂိုးေျမာက္ကိုသြင္းယူနိုင္ခဲ့ၿပီး ထိပ္တန္းဂိုးသြင္းရွင္တစ္ေယာက္ျဖစ္လာခဲ့ပါတယ္။



သူဟာ အသင္းမွာ ၁၇ဂိုးသြင္းယူထားတဲ့အသင္းေဖာ္လူး၀စ္ဆြာရက္ဇ္ထက္ ဂိုးပိုမိုသြင္းယူထားၿပီး ဒါဟာ မက္ဆီကို ဥေရာပထိပ္တန္း၅ခုမွာ ထိပ္တန္းဂိုးသြင္းသူတစ္ေယာက္ျဖစ္လာေစခဲ့ပါတယ္။


အဂၤလန္ပရီးမီးယားလိပ္မွာေတာ့ မန္စီးတီးတိုက္စစ္မွဴးဆာဂ်ီယိုအေဂြးရိုက ၁၈ဂိုးသြင္းၿပီးဦးေဆာင္ေနသလို စီးရီးေအမွာ ေတာ့ စီရိုနယ္ဒိုက ၁၉  ဂိုးသြင္းယူထားပါတယ္။ဘိုယ္ယန္ျမဴးနစ္တိုက္စစ္မွဴးလီ၀န္ေဒါစကီးက ဘြန္ဒက္စ္လီဂါမွာ ၁၇ဂိုးအထိသြင္းယူထားပါတယ္။ျပင္သစ္ရဲ့လူငယ္တိုက္စစ္မွဴးေလးအမ္ဘာေပးတစ္ေယာက္သာ မက္ဆီရဲ ့ဂိုးစာရင္းနားကပ္နိုင္တာျဖစ္ၿပီးသူဟာ လီဂူး- မွာ ၂၄ဂိုးအထိသြင္းယူထားပါတယ္။

မက္ဆီဟာ သြင္းဂိုးေတြအေျမာက္အျမားကိုလည္းေထာက္ပံေပးထားေနပါတယ္။တိတိက်က်ေျပာရရင္ ၁၂ဂိုးအထိဖန္တီးေပးထားပါတယ္။ဒါဟာမက္ဆီကို ထိပ္တန္းဥေရာပလိပ္၅ခုမွာ ထိပ္တန္းဖန္တီးရွင္တစ္ေယာက္ျဖစ္ေစခဲ့ပါတယ္။အင္ဒီဟာဇက္က ဒီရာသီ ၁၁ ဂိုးဖန္တီးထားနိုင္ၿပီး ဘိုင္ယန္ျမဴးနစ္ရဲ ့ဂ်ိဳအာကင္မစ္ခ်္က ၁၀ ဂိုးဖန္တီးထားပါတယ္။

မက္ဆီရဲ ့ဘာစီလုိနာအသင္းကေတာ့ ဒီရာသီ၁၉ ပြဲေျမာက္ကိုအနိုင္ယူရင္း ဒုတိယေနရာက ေအတီကိုမက္ဒရစ္ကို ၇မွတ္အထိျဖတ္ထားနိုင္ခဲ့ပါတယ္။

(Unicode)


ထိပ်တန်းဥရောပလိပ်၅ခုမှထိပ်တန်းဂိုးသွင်ရှင်နှင့်ထိပ်တန်းဂိုးဖန်တီးတဲ့သူတစ်ယောက်(သို့)မက်ဆီ

လီယွန်နယ်မက်ဆီဟာ ဒီရာသီဥရောပအဓိကလိပ်တွေမှာတော့ ထိပ်တန်းဂိုးသွင်းရှင် နှင့်ထိပ်တန်းဂိုးဖန်တီးနိုင်တဲ့သူတစ်ယောက်ဖြစ်လို့နေပါတယ်။အသက်၃၁နှစ်အရွယ်ကစားသမားဟာ မနေ့က ရာယိုဗာလီကန်နိုအသင်းကို ၃-၁ ဖြင့်အနိုင်ရတဲ့ပွဲမှာ သူ့ရဲ့လာလီဂါသွင်းဂိုး ၂၆ဂိုးမြောက်ကိုသွင်းယူနိုင်ခဲ့ပြီး ထိပ်တန်းဂိုးသွင်းရှင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။

သူဟာ အသင်းမှာ ၁၇ဂိုးသွင်းယူထားတဲ့အသင်းဖော်လူးဝစ်ဆွာရက်ဇ်ထက် ၉ ဂိုးပိုမိုသွင်းယူထားပြီး ဒါဟာ မက်ဆီကို ဥရောပထိပ်တန်း၅ခုမှာ ထိပ်တန်းဂိုးသွင်းသူတစ်ယောက်ဖြစ်လာစေခဲ့ပါတယ်။

အင်္ဂလန်ပရီးမီးယားလိပ်မှာတော့ မန်စီးတီးတိုက်စစ်မှူးဆာဂျီယိုအဂွေးရိုက ၁၈ဂိုးသွင်းပြီးဦးဆောင်နေသလို စီးရီးအေမှာ တော့ စီရိုနယ်ဒိုက ၁၉  ဂိုးသွင်းယူထားပါတယ်။ဘိုယ်ယန်မြူးနစ်တိုက်စစ်မှူးလီဝန်ဒေါစကီးက ဘွန်ဒက်စ်လီဂါမှာ ၁၇ဂိုးအထိသွင်းယူထားပါတယ်။ပြင်သစ်ရဲ့လူငယ်တိုက်စစ်မှူးလေးအမ်ဘာပေးတစ်ယောက်သာ မက်ဆီရဲ့ဂိုးစာရင်းနားကပ်နိုင်တာဖြစ်ပြီးသူဟာ လီဂူး-၁ မှာ ၂၄ဂိုးအထိသွင်းယူထားပါတယ်။

မက်ဆီဟာ သွင်းဂိုးတွေအမြောက်အမြားကိုလည်းထောက်ပံပေးထားနေပါတယ်။တိတိကျကျပြောရရင် ၁၂ဂိုးအထိဖန်တီးပေးထားပါတယ်။ဒါဟာမက်ဆီကို ထိပ်တန်းဥရောပလိပ်၅ခုမှာ ထိပ်တန်းဖန်တီးရှင်တစ်ယောက်ဖြစ်စေခဲ့ပါတယ်။အင်ဒီဟာဇက်က ဒီရာသီ ၁၁ ဂိုးဖန်တီးထားနိုင်ပြီး ဘိုင်ယန်မြူးနစ်ရဲ့ဂျိုအာကင်မစ်ချ်က ၁၀ ဂိုးဖန်တီးထားပါတယ်။


မက်ဆီရဲ့ဘာစီလိုနာအသင်းကတော့ ဒီရာသီ၁၉ ပွဲမြောက်ကိုအနိုင်ယူရင်း ဒုတိယနေရာက အေတီကိုမက်ဒရစ်ကို ၇မှတ်အထိဖြတ်ထားနိုင်ခဲ့ပါတယ်။

No comments

Powered by Blogger.