ဖာမီနို၊မာနေးတို့ ရဲ့ သွင်းဂိုးတွေနဲ့ အတူလီဗာပူးလ်တို့ ရဲ့ ချန်ပီယံအိပ်မက်ဆက်လက်ရှင်သန်နေဆဲ.(လီဗာပူးလ်၎-၂ဘန်လေ)
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
လီဗာပူးလ်အသင်းဟာနောက်ထပ်ဦးဆောင်ဂိုးတွေရဖို့ တိုက်စစ်ကိုပိုမိုပုံဖော်ကစားခြဲ့ပီး အထူးသဖြင့် လီဗာပူးလ်တိုက်စစ်မှာဂိုးပေါက်ပျောက်ဆုံးနေတဲ့ ဆာလာက အကောင်းဆုံးရုန်းကန်ကစားခဲ့ပါတယ်။
(Unicode)
ဖာမီနို၊မာနေးတို့ရဲ့သွင်းဂိုးတွေနဲ့အတူလီဗာပူးလ်တို့ရဲ့ချန်ပီယံအိပ်မက်ဆက်လက်ရှင်သန်နေဆဲ.(လီဗာပူးလ်၄-၂ဘန်လေ)
ဒီပွဲပြီးရင် လီဗာပူးလ်တို့ဟာ ဂျာမန်မြေဆီသွားပြီးဘိုင်ယန်နဲ့ချန်ပီယံလိပ်ပွဲကစားရမှာရှိသော်လည်း ဘန်လေနဲ့ပွဲကလည်းအရေးကြီးတာကြောင့် လီဗာပူးလ်တို့အာရုံစူးစိုက်စွာကစားခဲ့ပါတယ်။ဆာလာက
တော့ ဂိုးပေါက်ရှေ့မှာထိရောက်မှုတွေခမ်းခြောက်နေဆဲဖြစ်သော်လည်း သူ့ရဲ့ရုန်းကန်မှုတွေကနေ လီဗာပူးလ်တို့ဂိုးတွေရရှိခဲ့ပါတယ်။
ပွဲအစမိနစ်တွေမှာ လီဗာပူးလ်အသင်းဟာ ကစားကွက်တည်ရဖို့ခက်ခဲနေခဲ့ပြီး ဘန်လေအသင်းကတန်ဆင်းဇုန်ရုန်းအားအရှိန်နဲ့လီဗာပူးလ်တို့စတင်ဖိအာပေးခဲ့ပါတယ်။
ပွဲကစားချိန် ၇မိနစ်မှာ ဧည့်သည်အသင်းတို့ဟာထောင့်ကန်ဘောကနေ အဖွင့်ဂိုးကိုရရှိခဲ့ပြီးအဆိုပါဂိုးဟာ ဘန်လေအသင်းကစားသမားတွေ ဂိုးသမားအယ်လီဆန်ကို ဝိုင်းဖိထားကြပြီးမှ ဝင်သွားတာကြောင့် အယ်လီဆန်တစ်ယောက် ကွင်းလယ်ဒိုင်ကို စောဒကတက်ခဲ့ကာ အဝါကဒ်ပြသခြင်းခံခဲ့ရပါတယ်။
ဦးဆောင်ဂိုးပေးခံလိုက်ရတဲ့ လီဗာပူးလ်အသင်းဟာ ချန်ပီယံဖြစ်ဖို့ဖိအားတစ်ချို့နဲ့အတူ ကစားကွက်ကိုပြန်လည်ဆောက်တည်ခဲ့ပြီး တိုက်စစ်ကိုပိုမိုထိုးဖောက်ကစားခဲ့ပါတယ်။
ပွဲကစားချိန် ၂၁မိနစ်မှာတော့ လီဗာပူးလ်တို့ချေပဂိုးရသွားခဲ့ပြီး ဆာလာရဲ့ဖန်တီးပေးပို့မှုကနေ ဘန်လေဂိုးသမားရဲ့ပုတ်ထုတ်မှုအချိန်အဆအားနည်းမှုကြောင့် ဂိုးရှေ့မှာရှိနေတဲ့ ဖာမီနိုက ပိတ်သွင်းယူသွားခဲ့ပါတယ်။
ချေပဂိုးရသွားတဲ့ လီဗာပူးလ်တို့ဟာ တိုက်စစ်ကို ပိုမိုဖိဖိစီးစီးကစားခဲ့ပြီး ပွဲကစားချိန် ၃၁မိနစ်မှာ တိုက်စစ်ကစားနေရင်း ဘန်လေနောက်ခံလူတွေရဲ့ရှင်းထုတ်ပုံမပြတ်သားမှုကနေ မာနေးက လှလှပပသွင်းယူသွားခဲ့ပြီး လီဗာပူးလ်တို့ဖိအားအောက်ကနေ ကင်းလွတ်သွာခဲ့ကာ ပထမပိုင်းလက်ကျန်မိနစ်တွေမှာ အကောင်းဆုံးထိန်းချုပ်ကစားနေခဲ့ပါတယ်။
ဒုတိယပိုင်းရောက်မှာတော့ လီဗာပူးလ်တို့ ဟာပွဲကိုထိန်းချုပ်ဖို့ကစားနေသလို ဘန်လေအသင်းကလည်း ချေပဂိုးရရှိဖို့တန်ပြန်တိုက်စစ်ကနေ လီဗာပူးလ်တို့ရဲ့တိုက်စစ်အလွန်လိုက်ပါနေတဲ့ အာနိးလ်ဘက်နေ အဓိကထားထိုးဖောက်ကစားခဲ့ပြီး လီဗာပူးလ်အသင်းနောက်တန်းကိုကောင်းကောင်းဒုက္ခပေးခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာနောက်ထပ်ဦးဆောင်ဂိုးတွေရဖို့တိုက်စစ်ကိုပိုမိုပုံဖော်ကစားခဲ့ြ့ပီး အထူးသဖြင့် လီဗာပူးလ်တိုက်စစ်မှာဂိုးပေါက်ပျောက်ဆုံးနေတဲ့ ဆာလာက အကောင်းဆုံးရုန်းကန်ကစားခဲ့ပါတယ်။
ဒါ့ကြောင့်လည်း ပွဲကစားချိန် ၆၈ မိနစ်မှာတော့ ဆာလာရဲ့ထိုးဖောက်မှုကနေ ဘန်လေနောက်ခံလူတွေနဲ့ဂိုးသမားတို့တက်ဖြတ်ထုတ်ရာမှ ဖာမီနိုဆီဘောလုံးရောက်သွားခဲ့ပြီး အကောင်းဆုံးအဆုံးသတ်သွားခဲ့ပါတယ်။
ပွဲကစားချိန် ၈၂မိနစ်လီဗာပူးလ်တို့အတွက် ၄ဂိုးမြောက်ဦးဆောင်ဂိုးရမယ့်အခွင့်အရေးကိုမာနေးတစ်ယောက်လွဲချော်ခဲ့ပါတယ်။ညာဘက်ခြမ်းက အာနိုးလ်ရဲ့ ဖြတ်တင်ပေးပို့မှုကို မာနေးကပြေးဝင်ပိတ်သွင်းခဲ့ရာအံသြဖွယ်ရာဂိုးဘားတန်းနဲ့ထိသွားခဲ့ပါတယ်။
ပွဲပြီးဖို့လက်ကျန်မိနစ်တွေမှာ လီဗာပူးလ်တို့ရဲ့တိုက်စစ်ကစားသမားတွေဖြစ်တဲ့မာနေး၊ဆာလာတို့ဟာနောက်ထပ်ဦးဆောင်ဂိုးတွေရဖို့ကြိုပမ်းခဲ့ပြီး ၈၆မိနစ်မှာမာနေးရဲ့တစ်ကိုယ်တော်ထိုးဖောက်မှုကနေ ဆာလာက လှလှပပဝေ့ဝိုက်အဆုံးသတ်ခဲ့သော်လည်းဘန်လေဂိုးသမားက ပုတ်ထုတ်ခဲ့ပါတယ်။
ဒါပင်မယ့်ပွဲပြီးခါနီးမှာတော့ အလှည့်အပြောင်းတွေရှိခဲ့ပြီး ဘန်လေတို့အချိန်ပိုမိနစ် ၁မိနစ်ရောက်မှာမထင်မှတ်ပဲဂတ်မန်ဆန်ရဲ့ချေပဂိုးရရှိသွားခဲ့ပါတယ်။ချေပဂိုးရသွားတဲ့ဘန်လေတို့နောက်ထပ်ချေပဂိုးရဖို့ကြိုးစားနေရင်းကနေမာနေးက လီဗာပူးလ်အတွက်၄ဂိုးမြောက်ကို ဂိုးသမားကို ဖြတ်ကျော်ရင်းလှလှပပအဆုံးသတ်သွားခဲ့ပါတယ်။
အဆိုပါနိုင်ပွဲကြောင့်လီဗာပူးလ်တို့ဟာဇယားထိပ်ကမန်စီးတီးကို ၁မှတ်အကွာနဲ့နောက်ကလိုက်လံဖိအားပေးနေခဲ့ပြီပဲဖြစ်ပါတယ်။
Post a Comment