Header Ads
(Unicode)
အမှန်အကန်အောင်ပွဲခံဖို့ပရိတ်သတ်တွေဆီခုန်ကျော်သွားသော်လည်းအကျမတော်ခဲ့တဲ့ဘရာဇီးတိုက်စစ်မှူး
Consadole Sapporo အသင်းတိုက်စစ်မှုး အန်ဒါဆန်လိုပက်က ဂိုးသွင်းပြီးစိတိလှုပ်ရှားစွာဖြင့်ပရိသတ်တွေနှင့်အောင်ပွဲခံရန်ကွင်းဘေးမှကာထားတဲ့အတားအဆီးများကိုကျော်၍ခုန်ကာအောင်ပွဲခံခဲ့ပါတယ်။သို့သော်လည်းပဲအန်ဒါဆန်က သတိမပြုပဲအတားအဆီးကိုကျော်လိုက်စဉ်မှာ အမြင့်၁၀ပေအမြင့်မှပြုတ်ကျကာ ထိပ်လန့်စရာအဖြစ်အပျက်ဖြစ်ခဲ့ပါတယ်။
ဂျပန်လိပ်မှာဖြစ်ပွားခဲ့တဲ့ အဆိုပါအဖြစ်အပျက်က အသက်၂၅နှစ်အရွယ် အန်ဒါဆန်ကအသင်းအတွက် ဒုတိယမြောက်ဂိုးကို ရှင်မိဇုအက်စ်ပလက်စ်အသင်းဖက်ကို၂ဂိုးမြောက်သွင်းယူပြီးနောက်အောင်ပွဲခံစဉ်မှာဖြစ်ပျက်ခဲ့ခြင်းဖြစ်ပါတယ်။သူကအကာအကွယ်တန်းတွေကိုနင်ဂျာတစ်ယောက်လိုခုန်ပျံကာကျော်လွှားလိုက်ပေမယ့်သူရဲ့ရလဒ်ကဆိုးရွားစွာပြုတ်ကျခြင်းသာရရှိခဲ့ပါတယ်။သူကိုဆေးဝါးအကူအညီသမားများရောက်ရှိလာကာ ပြုတ်ကျဒဏ်ရာကိုကုသပေးခဲ့ရပါတယ်။အဆိုပါပွဲစဉ်တွင်သူရဲ့ဂိုး၂ဂိုးအပါအဝင်၅ဂိုး၂ဂိုးနှင့်အနိုင်ရရှိခဲ့ပါတယ်။
အဆိုပါ ဂျေလိဂ်ပွဲစဉ်ဟာ Consadoleအသင်းရဲ့ ယခုနှစ်ရာသီ ပထမဦးဆုံးအိမ်ကွင်းပွဲစဉ်လည်းဖြစ်ပါတယ်။ကွင်းတာဝန်ရှိတဲ့သူတွေကတော့ အန်ဒါဆငိကိုပြောဖို့မေ့နေခဲ့တာဖြစ်နိုင်ပြီးဘယ်သူမှလည်းသူလိုအောင်ပွဲခံကြမှာဟုတ်ပါဘူး။သူအနေနှင့်အောင်ပွဲခံဖို့အခြေအနေအချိန်အခါလွဲသွားတာကြောင့်အခုလိုအဖြစ်အပျက်ကြုံတွေခဲ့ရခြင်းဖြစ်ပါတယ်။သူကအောင်ပွဲခံစဉ်မှာ ပထမအကာတန်းကိုကျော်ပြီးနောက်တစ်ဆင့်ကိုလှမ်းကျော်စဉ်မှာအမြင့်အနေအထားကိုမသိပဲအောက်သို့ပြုတ်ကျခဲ့ပါတယ်။ဒီအဖြစ်အပျက်ကိုပရိသတ်တွေနှင့်ကစားဖော်တွေလည်းတွေ့မြင်ခဲ့ပြီးသူကိုဆွဲတငိကပြုတ်ကျဒဏ်ရာကိုကုသပေးခဲ့ကြရပါတယ်။
No comments
Powered by Blogger.