Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်ဆာဂျီယိုရာမို့စ်ကိုလှောင်ပြောင်နေကြတဲ့လီဗာပူးလ်ပရိတ်သတ်များ
လီဗာပူးလ်ပရိတ်သတ်တွေကတော့ အေးဂျက်စ်နဲ့ ပကျော့မှာပွဲပယ်ထိအောင်လုပ်ခဲ့တဲ့ရာမို့စ်ဒုကျော့ရောက်တဲ့အချိန်သူ့အသင်း ချန်ပီယံလိပ်ကနေထွက်ခွာသွားရတဲ့ဖြစ်ရပ်ကိုဒီအတိုင်းပဲကြည့်နိုင်ခဲ့တာကြောင့် လှောင်ပြောင်ဝေဖန်ခဲ့ကြပါတယ်။
ရာမို့စ်ဟာ အေးဂျက်စ်အသင်းနဲ့ပကျော့မှာ ရည်ရွယ်ချက်ရှိရှိအဝါကဒ်ရယူခဲ့တာကြောင့်ပွဲပယ်ပြစ်ဒဏ်ခံခဲ့ရတာပဲဖြစ်ပါတယ်။ဒါ့ကြောင့်လည်း ဆာဂျီယိုရာမို့စ်ကို အစထဲကကြည့်မရဖြစ်နေတဲ့လီဗာပူးလ်ပရိတ်သတ်တွေက ပြင်းပြင်းထန်ထန်လှောင်ပြောင်ဝေဖန်နေကြတာပဲဖြစ်ပါတယ်။
ဥရောပဘုရင်ဟာ မနေ့ညကကစားခဲ့တဲ့ပွဲမှာ ၄-၁ ဖြင့်ရှုံးနိမ့်ခဲ့ပြီး ၂ကျော့ပေါင်း ၅-၃ ဖြင့်အရေးနိမ့်ခဲ့ကာ ဘာနေဗျူးမှာ နန်းကျသွားတဲ့ ဘုရင်တစ်ယောက်ဖြစ်သွားခဲ့ရပါတယ်။ပြီးခဲ့တဲ့ ၃ရာသီလုံးချန်ပီယံလိပ်ဖလားနားမှာ ရစ်ဝဲနေခဲ့တဲ့ ရီးရဲလ်မက်ဒရစ်တို့ဟာ မနေ့ညမှာတော့ သူတို့ရဲ့အရှိန်အဝါဟာမှေးမိန်သွားခဲ့ရပြီး သူတို့အသင်းရဲ့အသင်းခေါင်းဆောင်လည်း ကွင်းခုံတန်းပေါ်မှာထိုင်ကြည့်နေရုံကလွဲ၍ဘာတစ်ခုမှမကူညီခဲ့နိုင်ရှာပါဘူး။
ရာမို့စ်ဟာအေးဂျက်စ်အသင်းနဲ့ပကျော့မှာ ၈၉ မိနစ်အချိန်က အဝါကဒ်ပြစ်ဒဏ်ကြောင့် ၂ပွဲပယ်ပြစ်ဒဏ်ထပ်မံကျခံခဲ့ရတာပဲဖြစ်ပါတယ်။သူဟာ အေးဂျက်စ်နဲ့ဒုကျော့တစ်ပွဲကိုသာလွဲချော်ချင်ပြီး ကွာတားပွဲတွေကို မလွဲချင်တာကြောင့် အဝါကဒ်၅ကဒ်ပြည့်အောင်တမင်ယူခဲ့တာပဲဖြစ်ပါတယ်။ဒါ့ကြောင့် UEFA ကအေးဂျက်စ်နဲ့ပွဲအပြင် နောက်ထပ်၂ပွဲပယ်ပါပြစ်ဒဏ်ချမှတ်ခဲ့တာပဲဖြစ်ပါတယ်။စပိန်အသင်းခေါင်းဆောင်ဟာ အမေဇုန်နဲ့သူ့ရဲ့ကိုယ်ပိုင်အတ္ထုပ္ပတ္တိဇာတ်လမ်းကိုရိုက်ကူးခဲ့ပြီး မနှစ်က ချန်ပီယံလိပ်ဖိုင်နယ်မှာ ဆာလာနဲ့ပတ်သတ်ပြီး မာဆေးဆိုဒ်အသင်းရဲ့ဘုံရန်သူုဖြစ်ခဲ့တဲ့ ရာမို့စ်ကို လီဗာပူးလ်ပရိတ်သတ်တွေကအပြင်းအထန်ဝေဖန်နေကြတာပဲဖြစ်ပါတယ်။
ဆာလာကို ရာမို့စ်ကဆွဲလှဲခဲ့ပြီးနောက် ဒဏ်ရာရပြီးပွဲကနေအစောဆုံးထွက်ခွာခဲ့ရကာ အဆိုပါပွဲမှာရီးရဲလ်တို့၃-၁ဖြင့်အနိုင်ယူခဲ့ပြီးနောက်ရာမို့စ်ဟာလီဗာပူးလ်ပရိတ်သတ်တွေရဲ့မျက်မုန်းကျိုးအငြိုးထားခြင်းကိုခံခဲ့ရတဲ့သူလည်းဖြစ်ပါတယ်။လူမှုကွန်ယက်တွေပေါ်မှာ ရာမို့စ်ကို သူတို့ရဲ့လှောင်ပြောင်သံတွေကိုဖော်ပြပေးလိုက်ပါတယ်။
No comments
Powered by Blogger.