ရီးရဲလ်အသင်းရဲ့ နံပါတ်၁ဦးစားပေးနည်းပြ ဂျို့ စ်မော်ရင်ဟို
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ရီးရဲလ်အသင်းနဲ့နံပါတ်၁ဦးစားပေးနည်းပြ ဂျို့စ်မော်ရင်ဟို
ယူနိုက်တက်နည်းပြဟောင်းဂျို့စ်မော်ရင်ဟိုကို ရီးရဲလ်မက်ဒရစ်အသင်းက ဦးစားပေးခေါ်ယူသွားဖို့ရှိနေပြီး ချဉ်းကပ်ညှိ့နှိုင်းမှုတွေပြုလုပ်ပြီးသွားပြီလို့ကလပ်ရဲ့ဥက္ကဌဟောင်းရာမွန်ကယ်လ်ဒီရွန်ကပြောကြားခဲ့ပါတယ်။ရီးရဲလ်အသင်းရဲ့လက်ရှိနည်းပြချုပ် ဆိုလာရီဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းမှာတင်ဘာစီလိုနာအသင်းကို ၂ပွဲဆက်အရေးနိမ့်ခဲ့သလိုချန်ပီယံလိပ်အေးဂျက်စ်ကိုရှုံးပြီးထွက်ခဲ့ရတာကြောင့်ဘာနေဗျူးကလပ်မှာ ဖိအားတွေအောက်ကျရောက်နေတာပဲဖြစ်ပါတယ်။
၂၀၁၃ခုနှစ်မှာ ရီးရဲလ်ကနေ ထွက်ခွာလာခဲ့တဲ့မော်ရင်ဟိုဟာအခုချိန်မှာတော့ ရီးရဲလ်အသင်းဆီပြန်လာဖို့ရှိနေပြီး မနေ့ညက အေးဂျက်စ်အသင်းကိုရှုံးနိမ့်ခဲ့တဲ့ပွဲမှာပရိတ်သတ်တွေက သူ့နာမည်ကို အော်ဟစ်တောင်းဆိုနေခဲ့ကြပါတယ်။
ရီးရဲလ်ဥက္ကဌဖြစ်သူ ပီးရက်ဇ်ကတော့ အသင်းပရိတ်သတ်တွေကြားတည်ငြိမ်စွာအားပေးမှုဖြစ်လာစေမယ့်လက်နက်ကောင်းတစ်လိုအပ်နေပြီး သူလေးစားဖူးတဲ့တစ်ယောက်ထဲသောနည်းပြ မော်ရင်ဟိုကို ပြန်လည်ခေါ်ယူဖို့ပြင်ဆင်နေတယ်လို့ကယ်လ်ဒီရွန်ကဆိုခဲ့ပါတယ်။
” ဥက္ကဌအတွက်တော့မော်ရင်ဟိုဟာပထမဦးစားပေးဆိုတာကျွန်တော်ချွင်းချက်မရှိနားလည်ထားပါတယ်။ပြီးခဲ့တဲ့အပတ်တွေတုန်းက သူ့ကိုခေါ်ထားပါတယ်။ဇီဒန်းထွက်သွားတဲ့အချိန်ကမော်ရင်ဟိုကမန်ချက်စတာယူနိုက်တက်မှာပါ။ပြန်လာမယ့်အချိန်ကောင်းမဟုတ်ခဲ့ပါဘူး။ဒါပင်မယ့်အခုတော့သူလည်းလွတ်လပ်သွားနေပါပြီ။လာမယ့်ရာသီသူပြန်လာမယ်ဆိုပါက အခွင့်အရေးတွေအများကြီးရှိလာမှာပါ။” လို့Sky Sports နဲ့တွေ့ဆုံစဉ်ပြောကြားခဲ့ပါတယ်။
နောက်ထပ်ဖြစ်နိုင်ချေနည်းပြအကြောင်းထပ်မေးခဲ့ရာမှာတော့ ” ပိုချက်တီနိုလည်းဖြစ်နိုင်တယ်။သူ့အကြောင်းသူတို့တွေပြောနေကြတယ်။ဒါပင်မယ့်လာမယ့်ရက်တွေမှာအများကြီးဖြစ်သွားနိုင်တယ်။ဘာလို့လဲဆိုတော့ ပရိတ်သတ်တွေကဒီအခြေအနေကိုလက်မခံနိုင်တော့ဘူး။ကျွန်တော်တို့လုပ်ခဲ့တဲ့အရာတွေနဲ့ပတ်သတ်ပြီးအခုချိန်မှာတော့ နောက်ထပ် ၃ ၄လလောက်ပူးဆွေးဝမ်းနည်းကြေကွဲနောင်တရနေတော့မှာပါ။”
Post a Comment