Header Ads


မန္စီးတီးကိုအသာစီးရယူၿပီးလီဗာပူးလ္ဖလားရတာျမိန္ေရရွက္ေရခံစားခ်င္တယ္လို ့ဆိုလိုက္တဲ့၀င္ဘလီဒန္စတား



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
၀င္ဘာေလဒန္ေဘာလံုးအသင္းရဲ ့စတားေဟာင္းတစ္ေယာက္ျဖစ္သူဗင္နင္းဂ်ံဳးစ္က သူဟာဒီနွစ္ပရီးမီယားလိပ္ခ်န္ပီယံဆုအတြက္ မန္စီးတီးကို ျဖိဳလဲၿပီးလီဗာပူးလ္တို ့ဖလားရသြားမွာကို သူအရမ္းေတာင့္တေနတယ္လို ့၀န္ခံေျပာၾကားခဲ့ပါတယ္။လီဗာပူးလ္တို ့ပရီးမီးယားလိပ္ဖလားကိုင္ေျမာက္ေနတာကို အရမ္းၾကည့္ခ်င္တယ္လို ့လည္း Talk Sports ကိုဖြင့္ဟေျပာၾကားခဲ့ပါေသးတယ္။

လီဗာပူးလ္တို ့ဟာ ၿပီးခဲ့တဲ့တနဂၤေႏြေန ့ညက မာေဆးဆိုဒ္ဒါဘီပြဲမွာ အဲဗာတန္အသင္းကို ဂိုးမရိွသေရက်ခဲ့ၿပီး အမွတ္ေပးဇယားထိပ္ကေန ေျခေခ်ာ္လဲသြားခဲ့ရပါတယ္။ဂြတ္ဆင္ပတ္ကသေရရလဒ္ကလီဗာပူးလ္အသင္းအတြက္အထိနာေစခဲ့ၿပီး ဂ်ာဂန္ကေလာ့နဲ ့သူ ့အေပါင္းအပါတို ့ဟာ ၿပိဳင္ပြဲဆံုေနာက္ဆံုး၇ပြဲကစားၿပီးခ်ိန္မွာ ၅ပြဲအထိသေရရလဒ္ေတြပိုင္ဆိုင္ေနခဲ့ရတာပဲျဖစ္ပါတယ္။



ရမွတ္၁မွတ္သာရရိွခဲ့ေသာ္လည္း ဂ်ံဳစ္ကေတာ့ ဆုဖလားၿပိဳင္ပြဲဟာ အေကာင္းဆံုးအေနအထားမွာရိွေနေသးတယ္လို ့ဆိုထားပါတယ္။သူဟာ ၁၉၈၈ ခုနွစ္မွာ ၀င္ဘလီဒန္အသင္းနဲ ့အတူ လီဗာပူးလ္ကို FA ဖလားဖိုင္နယ္မွာအနိုင္ယူၿပီး ခ်န္ပီယံျဖစ္ခဲ့ေသာ္လည္း ပရီးမီးယားလိပ္ဖလားရဖို ့၂၉ နွစ္ၾကာေစာင့္ဆိုင္းေနရတဲ့ လီဗာပူးလ္တို ့ဒီတစ္ၾကိမ္မွာ ရယူနိုင္ခဲ့ရင္ သူမနာလို၀န္တိုေနစရာမရိွဘူးလို ့ဆိုခဲ့ျပန္ပါေသးတယ္။

Alan Brazil Sports Breakfast နဲ ့တနလၤာေန ့မွာမွာစကားေျပာခဲ့ရမွာေတာ့ ေဘာလံုးသမားဘ၀ကေန ေဟာလီ၀ုဒ္မင္းသားျဖစ္လာခဲ့တဲ့ ဂ်ံဳးစ္ကကၽြန္ေတာ္သူတို ့နဲ ့ယွဥ္ကစားခဲ့တဲ့အခ်ိန္ထဲက သူတို ့လိပ္ဖလားမရတာအေတာ္ကိုၾကာေနခဲ့ပါၿပီ။လီဗာပူးလ္ဖလားရသြားမွာကို ကၽြန္ေတာ္တကယ္လိုလာပါတယ္။” 



ဘာလို ့လဲဆိုေတာ့ ကၽြန္ေတာ္တို ့ဟာ FA ဖလားဖိုင္နယ္မွာ သူတို ့ကိုအနိုင္ယူခဲ့ပါတယ္။အဲ့ေတာ့ လူေတြထင္တာက ကၽြန္ေတာ္ဟာ လီဗာပူးလ္နဲ ့ပတ္သတ္ရင္ ကန္ၿပီးေျပာေတာ့မယ္ေပါ့။ဒါပင္မယ့္ကၽြန္ေတာ့္မွာမရိွပါဘူး။သူတို ့အသင္းေနာက္ကြယ္ကေန ေရာက္လာၿပီး ဖလားရသြားမယ္ဆိုလို ့ရိွရင္အရမ္းေကာင္းမွာပဲ။မန္စီးတီးကိုအနိုင္ယူၿပီး ဖလားရသြားမွာကို ကၽြန္ေတာ္ၿမိန္ေရရွက္ေရ ခံစားခ်င္တယ္။ဒါပင္မယ့္ အသင္းရဲ ့လက္ရိွပံုစံကိုေတာ့ညာလို ့မရပါဘူး။သူတို ့ဟာမန္စီးတီးကို ၁၀မွတ္အထိျဖတ္ထားနိုင္ခဲ့ဖူးပါတယ္။အခုေတာ့ မန္စီးတီးကေက်ာ္ေတာင္တက္သြားပါၿပီ။အခုဆက္လက္ခ်ီတက္ေနပါၿပီ။၂ေကာင္ထဲေျပးတဲ့ၿပိဳင္ပြဲေပါ့။စိတ္လႈပ္ရွားစရာေကာင္းပါတယ္။ေလာင္းကစားသမားေတြအတြက္ေရာပရိတ္သတ္ေတြအတြက္ေပ်ာ္စရာပါပဲ။” 


မန္စီးတီးကေတာ့ ပိုၿပီးေတာင့္တင္းလာပံုေပၚပါတယ္။သူတို ့ဒီအတိုင္းဆက္သြားေတာ့မွာလား? ဦးေမာ့ထားတာထက္ဦးနိမ့္ထားတာအၿမဲေကာင္းပါတယ္။” 

(Unicode)

မန်စီးတီးကိုအသာစီးရယူပြီးလီဗာပူးလ်ဖလားရတာမြိန်ရေရှက်ရေခံစားချင်တယ်လို့ဆိုလိုက်တဲ့ဝင်ဘလီဒန်စတား


ဝင်ဘာလေဒန်ဘောလုံးအသင်းရဲ့စတားဟောင်းတစ်ယောက်ဖြစ်သူဗင်နင်းဂျုံးစ်က သူဟာဒီနှစ်ပရီးမီယားလိပ်ချန်ပီယံဆုအတွက် မန်စီးတီးကို ဖြိုလဲပြီးလီဗာပူးလ်တို့ဖလားရသွားမှာကို သူအရမ်းတောင့်တနေတယ်လို့ဝန်ခံပြောကြားခဲ့ပါတယ်။လီဗာပူးလ်တို့ပရီးမီးယားလိပ်ဖလားကိုင်မြောက်နေတာကို အရမ်းကြည့်ချင်တယ်လို့လည်း Talk Sports ကိုဖွင့်ဟပြောကြားခဲ့ပါသေးတယ်။

လီဗာပူးလ်တို့ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ညက မာဆေးဆိုဒ်ဒါဘီပွဲမှာ အဲဗာတန်အသင်းကို ဂိုးမရှိသရေကျခဲ့ပြီး အမှတ်ပေးဇယားထိပ်ကနေ ခြေချော်လဲသွားခဲ့ရပါတယ်။ဂွတ်ဆင်ပတ်ကသရေရလဒ်ကလီဗာပူးလ်အသင်းအတွက်အထိနာစေခဲ့ပြီး ဂျာဂန်ကလော့နဲ့သူ့အပေါင်းအပါတို့ဟာ ပြိုင်ပွဲဆုံနောက်ဆုံး၇ပွဲကစားပြီးချိန်မှာ ၅ပွဲအထိသရေရလဒ်တွေပိုင်ဆိုင်နေခဲ့ရတာပဲဖြစ်ပါတယ်။

ရမှတ်၁မှတ်သာရရှိခဲ့သော်လည်း ဂျုံစ်ကတော့ ဆုဖလားပြိုင်ပွဲဟာ အကောင်းဆုံးအနေအထားမှာရှိနေသေးတယ်လို့ဆိုထားပါတယ်။သူဟာ ၁၉၈၈ ခုနှစ်မှာ ဝင်ဘလီဒန်အသင်းနဲ့အတူ လီဗာပူးလ်ကို FA ဖလားဖိုင်နယ်မှာအနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့သော်လည်း ပရီးမီးယားလိပ်ဖလားရဖို့၂၉ နှစ်ကြာစောင့်ဆိုင်းနေရတဲ့ လီဗာပူးလ်တို့ဒီတစ်ကြိမ်မှာ ရယူနိုင်ခဲ့ရင် သူမနာလိုဝန်တိုနေစရာမရှိဘူးလို့ဆိုခဲ့ပြန်ပါသေးတယ်။

Alan Brazil Sports Breakfast နဲ့တနင်္လာနေ့မှာမှာစကားပြောခဲ့ရမှာတော့ ဘောလုံးသမားဘဝကနေ ဟောလီဝုဒ်မင်းသားဖြစ်လာခဲ့တဲ့ ဂျုံးစ်က ” ကျွန်တော်သူတို့နဲ့ယှဉ်ကစားခဲ့တဲ့အချိန်ထဲက သူတို့လိပ်ဖလားမရတာအတော်ကိုကြာနေခဲ့ပါပြီ။လီဗာပူးလ်ဖလားရသွားမှာကို ကျွန်တော်တကယ်လိုလာပါတယ်။” 

” ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ FA ဖလားဖိုင်နယ်မှာ သူတို့ကိုအနိုင်ယူခဲ့ပါတယ်။အဲ့တော့ လူတွေထင်တာက ကျွန်တော်ဟာ လီဗာပူးလ်နဲ့ပတ်သတ်ရင် ကန်ပြီးပြောတော့မယ်ပေါ့။ဒါပင်မယ့်ကျွန်တော့်မှာမရှိပါဘူး။သူတို့အသင်းနောက်ကွယ်ကနေ ရောက်လာပြီး ဖလားရသွားမယ်ဆိုလို့ရှိရင်အရမ်းကောင်းမှာပဲ။မန်စီးတီးကိုအနိုင်ယူပြီး ဖလားရသွားမှာကို ကျွန်တော်မြိန်ရေရှက်ရေ ခံစားချင်တယ်။ဒါပင်မယ့် အသင်းရဲ့လက်ရှိပုံစံကိုတော့ညာလို့မရပါဘူး။သူတို့ဟာမန်စီးတီးကို ၁၀မှတ်အထိဖြတ်ထားနိုင်ခဲ့ဖူးပါတယ်။အခုတော့ မန်စီးတီးကကျော်တောင်တက်သွားပါပြီ။အခုဆက်လက်ချီတက်နေပါပြီ။၂ကောင်ထဲပြေးတဲ့ပြိုင်ပွဲပေါ့။စိတ်လှုပ်ရှားစရာကောင်းပါတယ်။လောင်းကစားသမားတွေအတွက်ရောပရိတ်သတ်တွေအတွက်ပျော်စရာပါပဲ။” 

”မန်စီးတီးကတော့ ပိုပြီးတောင့်တင်းလာပုံပေါ်ပါတယ်။သူတို့ဒီအတိုင်းဆက်သွားတော့မှာလား? ဦးမော့ထားတာထက်ဦးနိမ့်ထားတာအမြဲကောင်းပါတယ်။” 


No comments

Powered by Blogger.