Header Ads


ဂရတ္ေဘးအေပၚမက္ဒရစ္ပရိတ္သတ္ေတြရဲ့ဆက္ဆံပံုကရွက္ဖို ့ေကာင္းတယ္လို ့ဆိုလိုက္တဲ့ေဘးလ္ေအးဂ်င့္


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

ဂရတ္ေဘးလ္ေအးဂ်င့္ျဖစ္သူဂၽြန္နသန္ဘာနတ္က ရီးရဲလ္မက္ဒရစ္ပရိတ္သတ္ေတြအေပၚေ၀ဖန္တိုက္ခိုက္ေျပာဆိုမႈေတြျပဳလုပ္သြားခဲ့ပါတယ္။ဘာလို ့လဲဆိုေတာ့သူ ့ကစားသမားအေပၚမက္ဒရစ္ပရိတ္သတ္ေတြရဲ ့ဆက္ဆံပံုေတြဟာ အမည္းစက္တစ္ခုလို ရွက္စရာေကာင္းတယ္လို ့ေျပာဆိုလုိက္တာပဲျဖစ္ပါတယ္။ဂရတ္ေဘးဟာ ပြဲကစားခ်ိန္၆၁မိနစ္အတြင္း မာကို ့စ္အဆန္ဆီယိုနဲ ့လူစားလဲခံရတဲ့အခ်ိန္ရီးရဲလ္ပရိိတ္သတ္ေတြရဲ ့ေလွာင္ေျပာင္ေ၀ဖန္ျခင္းကိုခံခဲ့ရသလို ရီးရဲလ္အသင္းဟာလည္း ၄ရက္အတြင္းဘာစီလိုနာအသင္းကို ၂ပြဲေျမာက္လက္ေျမာက္အရံႈးေပးခဲ့ရတာပဲျဖစ္ပါတယ္။



ရီးရဲလ္မက္ဒရစ္အသင္းဟာ ၂၀၀၄ ခုနွစ္ေနာက္ပိုင္းအိမ္ကြင္း၃ပြဲဆက္အေရးနိမ့္ခဲ့ရတာေၾကာင့္ အဆိုပါဘာကာနဲ ့ပြဲမွာလူစားလဲမခံရခ်ိန္အထိ ေဘာလံုးကို အၾကိမ္၂၀ေလာက္သာထိေတြ ့နိုင္ခဲ့တဲ့ ဂရတ္ေဘးလ္ဘက္ကို ပရိတ္သတ္ေတြက ွ်ားဦးလွည့္ေ၀ဖန္ခဲ့ၾကတာပဲျဖစ္ပါတယ္။Sky Sports နဲ ့အင္တာဗ်ဴးမွာေတာ့ ဘားနတ္ကဒီဘက္ေခတ္ရီးရဲလ္ပရိတ္သတ္မ်ိဳးဆက္ေတြဟာ ဂရတ္ေဘးရဲ ့နွစ္အေတာ္ၾကာအသင္းအတြက္သြင္းဂုိးေတြအေၾကာင္းေဆြးေႏြးရမွာပါ။ပြင့္ပြင့္လင္းလင္းေျပာရရင္သူတို ့ကိုယ္သူတို ့ရွက္သင့္ပါတယ္။ဂရတ္ေဘးဟာေလးစားမႈနဲ ့ထိုက္တန္တဲ့သူပါ။ဂရတ္ေဘးအေပၚဆက္ဆံၾကတဲ့ရီးရဲလ္ဖန္ေတြရဲ ့အျပဳအမူကေတာ္ေတာ္ေလးရွက္ဖို ့ေကာင္းပါတယ္။” 



ဒီ ၆နွစ္အတြင္း သူစပိန္မွာရိွေနတာပါ။သူအရာအားလံုးကိုအနိုင္ယူခဲ့တယ္။သူဟာကမာၻ ့အေကာင္းဆံုးကစားသမားေတြထဲကတစ္ေယာက္ပါ။ဒီပရိတ္သတ္ေတြဟာ သူ ့ေျခေထာက္ကို နမ္းရံႈ ့သင့္ပါတယ္။” 

ဂရတ္ေဘးလ္မွာ ၂၀၁၃ ခုနွစ္မွာ စပါးလ္အသင္းကန ရီးရဲလ္ဆီေပါင္ ၈၅သန္းျဖင့္ေျပာင္းေရႊ ့လာခဲ့ၿပီးေနာက္ ၂၁၈ ပြဲကစားၿပီးခ်ိန္ ၁၀၁ ဂိုးသြင္းယူေပးခဲ့သလို ခ်န္ပီယံလိပ္ဖလားကို၄ၾကိမ္အထိရယူထားနိုင္ခဲ့ပါတယ္။ၿပီးခဲ့တဲ့ လီဗန္ေတးနဲ ့ပြဲမွာ ဂိုးသြင္းယူနိုင္ခဲ့ၿပီးေနာက္ လူကပ္စ္ဗက္စ္ကြက္စ္ရဲ ့သူ ့ကိုလာေရာက္ေအာင္ပြဲခံခဲ့မႈအေပၚဂရတ္ေဘးတစ္ေယာက္ေရွာင္ရွားခဲ့ပါတယ္။



ဒါ့ေၾကာင့္စပိန္သတင္းစာေတာ္ေတာ္မ်ားမ်ားက ေဘးလ္ရဲ ့အျပဳအမူအေပၚထိုးနွက္ခဲ့ၾကၿပီး ဂုဏ္သေရမရိွတဲ့စိတ္ဓာတ္ပိုင္ရွင္  မာနၾကီးတဲ့အရိုင္းအစိုင္းေကာင္လို ့နာမည္တပ္ကာ ၀ိုင္း၀န္းစြပ္စြဲေရးသားခဲ့ၾကပါတယ္။ဒါ့အျပင္ ဂရတ္ေဘးဟာ စပိန္စကားကိုေျပာတတ္ဖို ့ရုန္းကန္ေနရၿပီး သူ ့ရဲ့အသင္းေဖာ္ေတြနဲ ့ဆက္ဆံေရးေကာင္းမရွိဘူးလို ့လည္းဆိုထားၾကပါေသးတယ္။

သူ ့ရဲ ့ေအးဂ်င့္ ဘားနတ္ကေတာ့စပိန္သတင္းစာေတြဘယ္လိုပဲေျပာေနပါေစသူေပ်ာ္ေနပါတယ္။သူဟာစပိန္စကားကိုလည္းအထိုက္အေလ်ာက္ေျပာတတ္ပါတယ္။သူနဲ ့ရီးရဲလ္အသင္းေဖာ္ေတြၾကားျပႆနာမရိွပါဘူး။ဒီအေၾကာင္းေတြေရးေနၾကတဲ့သူေတြဟာ သူ ့အေၾကာင္းဘာမွမသိတဲ့သူေတြပါပဲ။ေဘးလ္တစ္ေယာက္မက္ဒရစ္ကထြက္ခြာဖို ့ေဆြးေႏြးမႈေလးတစ္ခုေတာင္မရိွခဲ့ပါဘူး။ဒီေႏြရာသီမွာသူဘယ္အသင္းမွမသြားပါဘူး။သတင္းေတြကဘာေတြပဲေရးေရးသူဟာေက်နပ္တင္းတမ္ေရာင့္ရဲတဲ့သူပါ။သူရီးရဲလ္မွာဆက္ရိွေနမွာပါ။ရီးရဲလ္ကလည္း သူ ့ကိုအလိုရိွပါတယ္။“ 


(Unicode)

ဂရတ်ဘေးအပေါ်မက်ဒရစ်ပရိတ်သတ်တွေရဲ့ဆက်ဆံပုံကရှက်ဖို့ကောင်းတယ်လို့ဆိုလိုက်တဲ့ဘေးလ်အေးဂျင့်


ဂရတ်ဘေးလ်အေးဂျင့်ဖြစ်သူဂျွန်နသန်ဘာနတ်က ရီးရဲလ်မက်ဒရစ်ပရိတ်သတ်တွေအပေါ်ဝေဖန်တိုက်ခိုက်ပြောဆိုမှုတွေပြုလုပ်သွားခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူ့ကစားသမားအပေါ်မက်ဒရစ်ပရိတ်သတ်တွေရဲ့ဆက်ဆံပုံတွေဟာ အမည်းစက်တစ်ခုလို ရှက်စရာကောင်းတယ်လို့ပြောဆိုလိုက်တာပဲဖြစ်ပါတယ်။ဂရတ်ဘေးဟာ ပွဲကစားချိန်၆၁မိနစ်အတွင်း မာကို့စ်အဆန်ဆီယိုနဲ့လူစားလဲခံရတဲ့အချိန်ရီးရဲလ်ပရိတ်သတ်တွေရဲ့လှောင်ပြောင်ဝေဖန်ခြင်းကိုခံခဲ့ရသလို ရီးရဲလ်အသင်းဟာလည်း ၄ရက်အတွင်းဘာစီလိုနာအသင်းကို ၂ပွဲမြောက်လက်မြောက်အရှုံးပေးခဲ့ရတာပဲဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ၂၀၀၄ ခုနှစ်နောက်ပိုင်းအိမ်ကွင်း၃ပွဲဆက်အရေးနိမ့်ခဲ့ရတာကြောင့် အဆိုပါဘာကာနဲ့ပွဲမှာလူစားလဲမခံရချိန်အထိ ဘောလုံးကို အကြိမ်၂၀လောက်သာထိတွေ့နိုင်ခဲ့တဲ့ ဂရတ်ဘေးလ်ဘက်ကို ပရိတ်သတ်တွေက မ ျှားဦးလှည့်ဝေဖန်ခဲ့ကြတာပဲဖြစ်ပါတယ်။Sky Sports နဲ့အင်တာဗျူးမှာတော့ ဘားနတ်က ” ဒီဘက်ခေတ်ရီးရဲလ်ပရိတ်သတ်မျိုးဆက်တွေဟာ ဂရတ်ဘေးရဲ့နှစ်အတော်ကြာအသင်းအတွက်သွင်းဂိုးတွေအကြောင်းဆွေးနွေးရမှာပါ။ပွင့်ပွင့်လင်းလင်းပြောရရင်သူတို့ကိုယ်သူတို့ရှက်သင့်ပါတယ်။ဂရတ်ဘေးဟာလေးစားမှုနဲ့ထိုက်တန်တဲ့သူပါ။ဂရတ်ဘေးအပေါ်ဆက်ဆံကြတဲ့ရီးရဲလ်ဖန်တွေရဲ့အပြုအမူကတော်တော်လေးရှက်ဖို့ကောင်းပါတယ်။” 

”ဒီ ၆နှစ်အတွင်း သူစပိန်မှာရှိနေတာပါ။သူအရာအားလုံးကိုအနိုင်ယူခဲ့တယ်။သူဟာကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲကတစ်ယောက်ပါ။ဒီပရိတ်သတ်တွေဟာ သူ့ခြေထောက်ကို နမ်းရှုံ့သင့်ပါတယ်။” 

ဂရတ်ဘေးလ်မှာ ၂၀၁၃ ခုနှစ်မှာ စပါးလ်အသင်းကန ရီးရဲလ်ဆီပေါင် ၈၅သန်းဖြင့်ပြောင်းရွှေ့လာခဲ့ပြီးနောက် ၂၁၈ ပွဲကစားပြီးချိန် ၁၀၁ ဂိုးသွင်းယူပေးခဲ့သလို ချန်ပီယံလိပ်ဖလားကို၄ကြိမ်အထိရယူထားနိုင်ခဲ့ပါတယ်။ပြီးခဲ့တဲ့ လီဗန်တေးနဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် လူကပ်စ်ဗက်စ်ကွက်စ်ရဲ့သူ့ကိုလာရောက်အောင်ပွဲခံခဲ့မှုအပေါ်ဂရတ်ဘေးတစ်ယောက်ရှောင်ရှားခဲ့ပါတယ်။

ဒါ့ကြောင့်စပိန်သတင်းစာတော်တော်များများက ဘေးလ်ရဲ့အပြုအမူအပေါ်ထိုးနှက်ခဲ့ကြပြီး ဂုဏ်သရေမရှိတဲ့စိတ်ဓာတ်ပိုင်ရှင်  မာနကြီးတဲ့အရိုင်းအစိုင်းကောင်လို့နာမည်တပ်ကာ ဝိုင်းဝန်းစွပ်စွဲရေးသားခဲ့ကြပါတယ်။ဒါ့အပြင် ဂရတ်ဘေးဟာ စပိန်စကားကိုပြောတတ်ဖို့ရုန်းကန်နေရပြီး သူ့ရဲ့အသင်းဖော်တွေနဲ့ဆက်ဆံရေးကောင်းမရှိဘူးလို့လည်းဆိုထားကြပါသေးတယ်။

သူ့ရဲ့အေးဂျင့် ဘားနတ်ကတော့ ” စပိန်သတင်းစာတွေဘယ်လိုပဲပြောနေပါစေသူပျော်နေပါတယ်။သူဟာစပိန်စကားကိုလည်းအထိုက်အလျောက်ပြောတတ်ပါတယ်။သူနဲ့ရီးရဲလ်အသင်းဖော်တွေကြားပြဿနာမရှိပါဘူး။ဒီအကြောင်းတွေရေးနေကြတဲ့သူတွေဟာ သူ့အကြောင်းဘာမှမသိတဲ့သူတွေပါပဲ။ဘေးလ်တစ်ယောက်မက်ဒရစ်ကထွက်ခွာဖို့ဆွေးနွေးမှုလေးတစ်ခုတောင်မရှိခဲ့ပါဘူး။ဒီနွေရာသီမှာသူဘယ်အသင်းမှမသွားပါဘူး။သတင်းတွေကဘာတွေပဲရေးရေးသူဟာကျေနပ်တင်းတမ်ရောင့်ရဲတဲ့သူပါ။သူရီးရဲလ်မှာဆက်ရှိနေမှာပါ။ရီးရဲလ်ကလည်း သူ့ကိုအလိုရှိပါတယ်။“ 

No comments

Powered by Blogger.