Header Ads


အဲဗာတန္နဲ ့ပြဲမွာဆာလာရဲ ့ေဘာအထိန္းအသိမ္းကိုေလွာင္ေျပာင္သေရာ္လိုက္တဲ့ဂယ္ရီနဗီးလ္


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
လီဗာပူးလ္အသင္းကစားသမား မိုဟမဒ္ဆာလာက အဲဗာတန္အသင္းႏွင့္ပြဲစဥ္မွာ ေဘာလံုးအလြဲလြဲအေခ်ာ္ေခ်ာ္ျဖစ္ခဲ့တာေၾကာင့္သူ ့အေပၚေဝဖန္ေရးေတြက်ယ္ေလာင္ခဲ့ၿပီးအဲဒီေဝဖန္မႈေတြထဲမွာ ယူႏိုက္တက္အသင္းဂႏၲဝင္ကစားသမား ဂယ္ရီနဗီးက အားမနာလ်ွာမက်ိဳး ပိုးစိုးပက္စက္ေဝဖန္ခဲ့ၿပီး ဆာလာေဘာလံုးမထိန္းသိမ္းႏိုင္တာအလြန္႐ွက္စရာေကာင္းတယ္လို႔ေဝဖန္လိုက္ပါတယ္။





အဆိုပါပြဲစဥ္မွာ ဟန္ဒါဆင္ရဲ႕ေဘာလံုးေပးပို႔မႈကိုဆာလာက ထိန္းသိမ္းႏိုင္ခဲ့ျခင္းမ႐ွိဘဲေဘာလံုးပ်က္သြားခဲ့ပါတယ္။သူရဲ႕ပထမဦးဆံုးေဘာလံုးထိခ်က္ရ႐ွိခဲ့ျခင္းလည္းျဖစ္ပါတယ္။အဆိုပါေဘာလံုးထိခ်က္ဟာအလြန္ဆိုးရြားခဲ့ၿပီးေဘာလံုးကိုင္ကစားႏိုင္စြမ္းမ႐ွိခဲ့ဘဲ အဲဗာတန္အသင္းကေဘာလံုးရယူသြားႏိုင္ခဲ့ပါတယ္။

သူရဲ႕ပထမဦးဆံုးအႀကိမ္ေဘာလံုးထိခ်က္အေပၚအမ်ားကေဝဖန္ေျပာၾကားလ်က္႐ွိေနပါတယ္။ဒါဟာရယ္စရာေကာင္းၿပီပ်က္ေခ်ာ္ေခ်ာ္လုပ္ရက္တစ္ခုလို႔ sky sportဌာနရဲ႕ေဘာလံုးသံုးသပ္သူ ဂယ္ရီနဗီးက ေျပာၾကားလိုက္ပါတယ္။




"ေဘာလံုးပထမဦးဆံုးအႀကိမ္ထိခ်က္ကရယ္စရာပါပဲ"

လူမႈကြန္ရက္ေပၚမွာလည္း အီဂ်စ္သားႀကီးရဲ႕ အလြန္ဆိုးရြားလွတဲ့ေဘာလံုးထိန္းသိမ္းမႈအေပၚေဝဖန္မွတ္ခ်က္ေတြႏွင့္ျပည့္ႏွံ႔ေနပါတယ္။ 

"အဲဒီအခ်ိန္ကဆာလာရဲ႕ေဘာလံုးထိန္းသိမ္းထိေတြ႔ကအလြန္ဆိုးလြန္းပါတယ္။"

"ဆာလာ က အေနအထားမမွန္ အထိန္းအသိမ္း ဆိုးလိုက္ေလျခင္း"


"ဒီေနရာမွာေတာ့ဆာလာနဲ႔လူကာကူက တူတူပဲဟ"

(Unicode)

အဲဗာတန်နဲ့ပွဲမှာဆာလာရဲ့ဘောအထိန်းအသိမ်းကိုလှောင်ပြောင်သရော်လိုက်တဲ့ဂယ်ရီနဗီးလ်

လီဗာပူးလ်အသင်းကစားသမား မိုဟမဒ်ဆာလာက အဲဗာတန်အသင်းနှင့်ပွဲစဉ်မှာ ဘောလုံးအလွဲလွဲအချော်ချော်ဖြစ်ခဲ့တာကြောင့်သူ့အပေါ်ဝေဖန်ရေးတွေကျယ်လောင်ခဲ့ပြီးအဲဒီဝေဖန်မှုတွေထဲမှာ ယူနိုက်တက်အသင်းဂန္တဝင်ကစားသမား ဂယ်ရီနဗီးက အားမနာလျှာမကျိုး ပိုးစိုးပက်စက်ဝေဖန်ခဲ့ပြီး ဆာလာဘောလုံးမထိန်းသိမ်းနိုင်တာအလွန်ရှက်စရာကောင်းတယ်လို့ဝေဖန်လိုက်ပါတယ်။

အဆိုပါပွဲစဉ်မှာ ဟန်ဒါဆင်ရဲ့ဘောလုံးပေးပို့မှုကိုဆာလာက ထိန်းသိမ်းနိုင်ခဲ့ခြင်းမရှိဘဲဘောလုံးပျက်သွားခဲ့ပါတယ်။သူရဲ့ပထမဦးဆုံးဘောလုံးထိချက်ရရှိခဲ့ခြင်းလည်းဖြစ်ပါတယ်။အဆိုပါဘောလုံးထိချက်ဟာအလွန်ဆိုးရွားခဲ့ပြီးဘောလုံးကိုင်ကစားနိုင်စွမ်းမရှိခဲ့ဘဲ အဲဗာတန်အသင်းကဘောလုံးရယူသွားနိုင်ခဲ့ပါတယ်။

သူရဲ့ပထမဦးဆုံးအကြိမ်ဘောလုံးထိချက်အပေါ်အများကဝေဖန်ပြောကြားလျက်ရှိနေပါတယ်။ဒါဟာရယ်စရာကောင်းပြီပျက်ချော်ချော်လုပ်ရက်တစ်ခုလို့ sky sportဌာနရဲ့ဘောလုံးသုံးသပ်သူ ဂယ်ရီနဗီးက ပြောကြားလိုက်ပါတယ်။

"ဘောလုံးပထမဦးဆုံးအကြိမ်ထိချက်ကရယ်စရာပါပဲ"

လူမှုကွန်ရက်ပေါ်မှာလည်း အီဂျစ်သားကြီးရဲ့ အလွန်ဆိုးရွားလှတဲ့ဘောလုံးထိန်းသိမ်းမှုအပေါ်ဝေဖန်မှတ်ချက်တွေနှင့်ပြည့်နှံ့နေပါတယ်။ 

"အဲဒီအချိန်ကဆာလာရဲ့ဘောလုံးထိန်းသိမ်းထိတွေ့ကအလွန်ဆိုးလွန်းပါတယ်။"

"ဆာလာ က အနေအထားမမှန် အထိန်းအသိမ်း ဆိုးလိုက်လေခြင်း"

"ဒီနေရာမှာတော့ဆာလာနဲ့လူကာကူက တူတူပဲဟ"

No comments

Powered by Blogger.