ယူနိုက္တက္ပရိတ္သတ္ေတြအတြက္မ်က္ရည္က်ေလာက္သည္အထိၾကည္နူးစရာျမင္ကြင္းျဖစ္ခဲ့တဲ့ျပင္သစ္ေျမကမဟာေအာင္ပြဲ
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
မန္ခ်က္စတာယူနိုက္တက္တို ့ကေတာ့ အေကာင္းဆံုးလုပ္ေဆာင္နိုင္ခဲ့ပါတယ္။PSG ေျမေပၚ ကေနာက္က်ဒရမ္မာျဖစ္ရပ္ေတြနဲ ့အတူမာကပ္စ္ရပ္ဖို ့ဒ္က ပြဲကစားခ်ိန္ ၉၄မိနစ္မွာပယ္နယ္တီကေနသြင္းယူေပးခဲ့ၿပီးအိုေလးဂန္နာဆိုးလ္ရွားရဲ ့အဖြဲ ့သားေတြကို ခ်န္ပီယံလိပ္ကြာတားဖိုင္နယ္အထိတက္ေရာက္နိုင္ေစခဲ့ပါတယ္။PSG ေနာက္ခံလူကင္ဘမ္ဘီရဲ ့ပယ္နယ္တီဧရိယာအတြင္းလက္ထိေဘာကဒီပြဲရဲ့အလွည့္အေျပာင္းျဖစ္ေစခဲ့ၿပီး ဒိုင္လူၾကီးက VAR အဆံုးအျဖတ္ရယူကာပယ္နယ္တီေပးခဲ့တာပဲျဖစ္ပါတယ္။ဒါ့ေၾကာင့္ မန္ခ်က္စတာယူႏုိက္တက္အသင္းက ၃ ဂိုး ၁ ဂိုးနဲ႔အႏုိင္ရရွိၿပီး ၂ ေက်ာ့ေပါင္း ၃-၃ အေဝးဂိုးနဲ႔ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ႏုိင္ခဲ့ၿပီျဖစ္ပါတယ္။
မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ ပထမပိုင္းစစခ်င္း ၂ မိနစ္မွာပဲ ပီအက္စ္ဂ်ီညာေနာက္ခံကစားမား ခဲရာရဲ႕ အမွားကို လူကာကူက အခြင့္ေကာင္းယူႏုိင္ခဲ့ၿပီး မန္ခ်က္စတာယူႏုိက္တက္အသင္းက အဖြင့္ဂိုး ရရွိသြားခဲ့ပါတယ္။
၁၂ မိနစ္မွာ ဘတ္ပီရဲ႕ ျဖတ္တင္ေပးပို႔မႈကုိ ဂ်ဴအန္ဘားနတ္က အမွားအယြင္းမရွိပိတ္္သြင္းယူၿပီး အိမ္ရွင္ပီအက္စ္ဂ်ီအသင္း ေခ်ပဂိုး ရရွိသြားခဲ့ပါတယ္။ မိနစ္ ၃၀ မွာ ပင္နယ္တီဧရိယာထိပ္က အျပင္းကန္သြင္းလုိက္တဲ့ေဘာလံုးကို ဘူဖြန္ ဖမ္းခဲ့ရာမွာ မေသသပ္ခဲ့ဘဲ ျပန္လွ်ံထြက္ခဲ့ၿပီး လူကာကူက အပိုင္ပိတ္သြင္းယူႏုိင္ခဲ့တာေၾကာင့္ မန္ယူအသင္း ဒုတိယေျမာက္ဦးေဆာင္ဂိုး ရရွိသြားခဲ့ပါတယ္။
ဒုတိယပိုင္းမွာ အိမ္ရွင္ပီအက္စ္ဂ်ီအသင္းက ေဘာလံုးပိုင္ဆုိင္မႈအသာစီးရယူၿပီး မန္ခ်က္စတာယူႏုိက္တက္အသင္းကို တရၾကမ္းထုိးေဖာက္တုိက္စစ္ဆင္ခဲ့ပါတယ္။ ၈၉ မိနစ္မွာ ဒါေလာ့ ကန္သြင္းလုိက္တဲ့ေဘာလံုးကို ကင္ပန္ဘီ ကာကြယ္ဖို႔ ႀကိဳးပမ္းခဲ့ရာမွာ လက္နဲ႔ထိခဲ့ပါတယ္။
ကြင္းလယ္ဒိုင္က VAR ျပန္လည္ၾကည့္ရႈခဲ့ၿပီးေနာက္ မန္ခ်က္စတာယူႏုိ္က္တက္အသင္းကို ပင္နယ္တီကန္ခြင့္ေပးခဲ့ရာမွာ တစ္ပြဲလံုးဖိအားပခံုးေပၚေရာက္လာျခင္းခံရတဲ့ ရက္ရွ္ဖို႔ဒ္က အမွားအယြင္းမရွိ ကန္သြင္းယူႏိုင္ခဲ့တာေၾကာင့္ မန္ခ်က္စတာယူႏုိ္က္တက္အသင္းက တတိယေျမာက္ဦးေဆာင္ဂိုး ရရွိသြားခဲ့ပါတယ္။
မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ ပီအက္စ္ဂ်ီအသင္းတို႔ဟာ တစ္ဖက္ ၃ ဂိုးစီ ညီမွ်ေနခဲ့ေပမယ့္ မန္ခ်က္စတာယူႏုိက္တက္အသင္းက ပီအက္စ္ဂ်ီအသင္းအိမ္ကြင္းမွာ ၃ ဂိုးသြင္းယူႏုိင္ခဲ့တာေၾကာင့္ အေဝးဂိုးစည္းမ်ဥ္းနဲ႔ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္္အဆင့္ကုိ တက္ေရာက္သြားခဲ့တာျဖစ္ပါတယ္။
(unicode)
ယူနိုက်တက်ပရိတ်သတ်တွေအတွက်မျက်ရည်ကျလောက်သည်အထိကြည်နူးစရာမြင်ကွင်းဖြစ်ခဲ့တဲ့ပြင်သစ်မြေကမဟာအောင်ပွဲ
မန်ချက်စတာယူနိုက်တက်တို့ကတော့ အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ပါတယ်။PSG မြေပေါ် ကနောက်ကျဒရမ်မာဖြစ်ရပ်တွေနဲ့အတူမာကပ်စ်ရပ်ဖို့ဒ်က ပွဲကစားချိန် ၉၄မိနစ်မှာပယ်နယ်တီကနေသွင်းယူပေးခဲ့ပြီးအိုလေးဂန်နာဆိုးလ်ရှားရဲ့အဖွဲ့သားတွေကို ချန်ပီယံလိပ်ကွာတားဖိုင်နယ်အထိတက်ရောက်နိုင်စေခဲ့ပါတယ်။PSG နောက်ခံလူကင်ဘမ်ဘီရဲ့ပယ်နယ်တီဧရိယာအတွင်းလက်ထိဘောကဒီပွဲရဲ့အလှည့်အပြောင်းဖြစ်စေခဲ့ပြီး ဒိုင်လူကြီးက VAR အဆုံးအဖြတ်ရယူကာပယ်နယ်တီပေးခဲ့တာပဲဖြစ်ပါတယ်။ဒါ့ကြောင့် မန်ချက်စတာယူနိုက်တက်အသင်းက ၃ ဂိုး ၁ ဂိုးနဲ့အနိုင်ရရှိပြီး ၂ ကျော့ပေါင်း ၃-၃ အဝေးဂိုးနဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ပထမပိုင်းစစချင်း ၂ မိနစ်မှာပဲ ပီအက်စ်ဂျီညာနောက်ခံကစားမား ခဲရာရဲ့ အမှားကို လူကာကူက အခွင့်ကောင်းယူနိုင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းက အဖွင့်ဂိုး ရရှိသွားခဲ့ပါတယ်။
၁၂ မိနစ်မှာ ဘတ်ပီရဲ့ ဖြတ်တင်ပေးပို့မှုကို ဂျူအန်ဘားနတ်က အမှားအယွင်းမရှိပိတ်သွင်းယူပြီး အိမ်ရှင်ပီအက်စ်ဂျီအသင်း ချေပဂိုး ရရှိသွားခဲ့ပါတယ်။ မိနစ် ၃၀ မှာ ပင်နယ်တီဧရိယာထိပ်က အပြင်းကန်သွင်းလိုက်တဲ့ဘောလုံးကို ဘူဖွန် ဖမ်းခဲ့ရာမှာ မသေသပ်ခဲ့ဘဲ ပြန်လျှံထွက်ခဲ့ပြီး လူကာကူက အပိုင်ပိတ်သွင်းယူနိုင်ခဲ့တာကြောင့် မန်ယူအသင်း ဒုတိယမြောက်ဦးဆောင်ဂိုး ရရှိသွားခဲ့ပါတယ်။
ဒုတိယပိုင်းမှာ အိမ်ရှင်ပီအက်စ်ဂျီအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူပြီး မန်ချက်စတာယူနိုက်တက်အသင်းကို တရကြမ်းထိုးဖောက်တိုက်စစ်ဆင်ခဲ့ပါတယ်။ ၈၉ မိနစ်မှာ ဒါလော့ ကန်သွင်းလိုက်တဲ့ဘောလုံးကို ကင်ပန်ဘီ ကာကွယ်ဖို့ ကြိုးပမ်းခဲ့ရာမှာ လက်နဲ့ထိခဲ့ပါတယ်။
ကွင်းလယ်ဒိုင်က VAR ပြန်လည်ကြည့်ရှုခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းကို ပင်နယ်တီကန်ခွင့်ပေးခဲ့ရာမှာ တစ်ပွဲလုံးဖိအားပခုံးပေါ်ရောက်လာခြင်းခံရတဲ့ ရက်ရှ်ဖို့ဒ်က အမှားအယွင်းမရှိ ကန်သွင်းယူနိုင်ခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်အသင်းက တတိယမြောက်ဦးဆောင်ဂိုး ရရှိသွားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ဟာ တစ်ဖက် ၃ ဂိုးစီ ညီမျှနေခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းက ပီအက်စ်ဂျီအသင်းအိမ်ကွင်းမှာ ၃ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် အဝေးဂိုးစည်းမျဉ်းနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့တာဖြစ်ပါတယ်။
Post a Comment