သူတို ့၂ေယာက္အေၾကာင္းမဟုတ္မမွန္သတင္းေရးခဲ့တဲ့The Sun ကိုပညာသားပါပါျပန္လည္ေခ်ပခဲ့တဲ့ေပါ့ဘာနဲ ့လူကာကူ
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
မန္ခ်က္စတာယူနိုက္တက္တို ့PSG ကို ဒရမ္မာဆန္ဆန္အနိုင္ယူၿပီးေနာက္ ေပါလ္ေပါ့ဘာနဲ ့လူကာကူတို ့ဟာ ေဆာက္တမ္တန္နဲ ့ပြဲမွာ သူတို ့၂ေယာက္ရန္ျဖစ္ခဲ့ၾကတဲ့ဆိုတဲ့သတင္းကို ပညာသားပါပါတံု ့ျပန္ခဲ့ပါတယ္။
The Sun ရဲ ့ေဖာ္ျပခ်က္အရ အဆိုပါသူငယ္ခ်င္း၂ေယာက္ဟာ ေဆာက္တမ္တန္ကို အနိုင္ရတဲ့ပြဲၿပီးေနာက္ပယ္နယ္တီကန္သြင္းတဲ့ကိစၥနဲ ့ပတ္သတ္ၿပီးအ၀တ္လဲခန္းထဲမွာအခ်င္းမ်ားခဲ့ၾကတယ္လို ့ဆိုခဲ့ၿပီး လူကာကူကလူမႈကြန္ယက္ေပၚမွာျပန္လည္ေခ်ပခဲ့ပါတယ္။
သူတို ့၂ေယာက္အဆိုပါသတင္းအေလအလြင့္ကို ရပ္ဖို ့ဒ္ရဲ ့ေနာက္က်ပယ္နယ္တီဂိုးနဲ ့ျပင္သစ္ေျမမွာအနိုင္ယူၿပီးေနာက္ ကြင္းထဲမွာ ေကာလဟာလေတြကို ျဖတ္ခ်လိုက္ၿပီဆိုတဲ့အမူအရာနဲ ့လုပ္ျပခဲ့တာပျဲဖစ္ပါတယ္။
This is why we love football...— Football on BT Sport (@btsportfootball) March 6, 2019
Paul Pogba crashes Rashford and Lukaku's interview 😂
🎙 @DesKellyBTS pic.twitter.com/tgOgiFcgsr
ေပါ့ဘာဟာ ပေက်ာ့ကအနီကဒ္ေၾကာင့္ယခုပြဲကိုလြဲေခ်ာ္ခဲ့တာျဖစ္ၿပီး မန္ခ်က္စတာယူနိုက္တက္အသင္းသားေတြကေတာ့ ကြာတားဖိုင္နယ္ကိုတက္ေရာက္သြားနိုင္ခဲ့တဲ့အတြက္အေပ်ာ္ၾကီးေပ်ာ္ေနၾကတာကို အင္တာဗ်ဴးဗီဒီယိုေတြမွာေတြ ့ျမင္ခဲ့ရတာပဲျဖစ္ပါတယ္။
(Unicode)
သူတို့၂ယောက်အကြောင်းမဟုတ်မမှန်သတင်းရေးခဲ့တဲ့The Sun ကိုပညာသားပါပါပြန်လည်ချေပခဲ့တဲ့ပေါ့ဘာနဲ့လူကာကူ
မန်ချက်စတာယူနိုက်တက်တို့PSG ကို ဒရမ်မာဆန်ဆန်အနိုင်ယူပြီးနောက် ပေါလ်ပေါ့ဘာနဲ့လူကာကူတို့ဟာ ဆောက်တမ်တန်နဲ့ပွဲမှာ သူတို့၂ယောက်ရန်ဖြစ်ခဲ့ကြတဲ့ဆိုတဲ့သတင်းကို ပညာသားပါပါတုံ့ပြန်ခဲ့ပါတယ်။
The Sun ရဲ့ဖော်ပြချက်အရ အဆိုပါသူငယ်ချင်း၂ယောက်ဟာ ဆောက်တမ်တန်ကို အနိုင်ရတဲ့ပွဲပြီးနောက်ပယ်နယ်တီကန်သွင်းတဲ့ကိစ္စနဲ့ပတ်သတ်ပြီးအဝတ်လဲခန်းထဲမှာအချင်းများခဲ့ကြတယ်လို့ဆိုခဲ့ပြီး လူကာကူကလူမှုကွန်ယက်ပေါ်မှာပြန်လည်ချေပခဲ့ပါတယ်။
သူတို့၂ယောက်အဆိုပါသတင်းအလေအလွင့်ကို ရပ်ဖို့ဒ်ရဲ့နောက်ကျပယ်နယ်တီဂိုးနဲ့ပြင်သစ်မြေမှာအနိုင်ယူပြီးနောက် ကွင်းထဲမှာ ကောလဟာလတွေကို ဖြတ်ချလိုက်ပြီဆိုတဲ့အမူအရာနဲ့လုပ်ပြခဲ့တာပြဲဖစ်ပါတယ်။
ပေါ့ဘာဟာ ပကျော့ကအနီကဒ်ကြောင့်ယခုပွဲကိုလွဲချော်ခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းသားတွေကတော့ ကွာတားဖိုင်နယ်ကိုတက်ရောက်သွားနိုင်ခဲ့တဲ့အတွက်အပျော်ကြီးပျော်နေကြတာကို အင်တာဗျူးဗီဒီယိုတွေမှာတွေ့မြင်ခဲ့ရတာပဲဖြစ်ပါတယ်။
Post a Comment