Header Ads


ခ်ဲလ္ဆီးမွာလုပ္ခဲ့တဲ့၀ဋ္ေၾကြးကိုရီးရဲလ္အသင္းမွာျပန္ဆပ္ေနရတဲ့ေကာ္တြိဳက္စ္လို ့ခ်ဲလ္ဆီးပရိတ္သတ္ေတြေလွာင္ေျပာင္ေနၾက


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

ဘယ္လ္ဂ်ီယံသားရဲ ့မက္ဒရစ္ေျမဆီသြားခဲ့တဲ့ အိပ္မက္စိတ္ကူးေတြဟာ အခုခ်ိန္မွာေတာ့ ရီးရဲလ္ရဲ ့ဒီရာသီဒုကၡတြင္းထဲေရာက္ေနမႈေၾကာင့္ လံုး၀ကိုအိပ္မက္ဆိုးတစ္ဖြယ္ျဖစ္ေနပါတယ္။

ရီးရဲလ္မက္ဒရစ္ဆီေျပာင္းသြားတဲ့ေကာ္တြိဳက္စ္ဟာ ဘာမွျဖစ္မလာပါဘူး။သူစိတ္ကူးခဲ့တဲ့အိပ္မက္ဟာအခုထိအေကာင္အထည္မေဖာ္နိုင္ေသးပါဘူး။ဘယ္လ္ဂ်ီယံဂိုးသမားမေန ့ညက အိမ္ကြင္းဘာေနဗ်ဴးမွာ သြင္းဂိုး၄ဂိုးအထိသမခံခဲ့ရၿပီး ခ်န္ပီယံလိပ္ကေနထြက္သြားခဲ့ရတာေၾကာင့္ အိပ္မက္ဆိုးတစ္ဖြယ္သူ ့ကိုေျခာက္လွန္ ့ေနေတာ့မွာအမွန္ပါပဲ။

ဒီရလဒ္ဟာ Los Blancos တို ့အတြက္ဘာစီလိုနာကိုအိမ္ကြင္းမွာရံႈးၿပီးေနာက္ေနာက္ထပ္ ဒုတိယေျမာက္အိမ္ကြင္းရံႈးပြဲဆက္သြားခဲ့ပါတယ္။ေကာ္တြိဳက္စ္ဟာ ရီးရဲလ္အသင္းအတြက္ေနာက္ဆံုး၉ ပြဲမွာ ၁ပြဲသာClean Sheet ရေအာင္စြမ္းေဆာင္ထားနိုင္တာျဖစ္ၿပီးခ်ဲလ္ဆီးပရိတ္သတ္ေတြကေတာ့ ဒီနွစ္ေႏြရာသီမွာ ခ်ဲလ္ဆီးအသင္းမွာသူလုပ္ခဲ့တဲ့အျပဳအမူနဲ ့ပတ္သတ္ၿပီး ေကာ္တြိဳက္စ္တစ္ေယာက္အခုခ်ိန္၀ဋ္ဒုကၡၾကီးေနတာကို အၾကိဳက္ေတြ ့ေနၾကတာပဲျဖစ္ပါတယ္။










ေကာ္တြိဳက္စ္ဟာခ်ဲလ္ဆီးမွာကစားေနစဥ္ရီးရဲလ္အသင္းဆီေျပာင္းခ်င္တာေၾကာင့္ ေလ့က်င့္ခန္းဆင္းဖို ့ျငင္းဆိုခဲ့ၿပီးခြင့္မဲ့ပ်က္ကြက္ခဲ့တာေၾကာင့္စတန္းဖို ့ဘရစ္ခ်္ရဲ ့နံပါတ္၁ရန္သူေတာ္ျဖစ္လာခဲ့ပါတယ္။ခ်ဲလ္ဆီးပရိတ္သတ္ေတြအတြက္ေတာ့ ဒါဟာေကာ္တြိဳက္စ္အေပၚေနာက္ဆံုးအၾကိမ္ေလွာင္ေျပာင္ရယ္ေမာျခင္းျဖစ္ပါေစလို ့ေတာ့ေမ ွ်ာ္လင့္ခ်င္တာအမွန္ပါပဲ။

(Unicode)


ချဲလ်ဆီးမှာလုပ်ခဲ့တဲ့ဝဋ်ကြွေးကိုရီးရဲလ်အသင်းမှာပြန်ဆပ်နေရတဲ့ကော်တွိုက်စ်လို့ချဲလ်ဆီးပရိတ်သတ်တွေလှောင်ပြောင်နေကြ


ဘယ်လ်ဂျီယံသားရဲ့မက်ဒရစ်မြေဆီသွားခဲ့တဲ့ အိပ်မက်စိတ်ကူးတွေဟာ အခုချိန်မှာတော့ ရီးရဲလ်ရဲ့ဒီရာသီဒုက္ခတွင်းထဲရောက်နေမှုကြောင့် လုံးဝကိုအိပ်မက်ဆိုးတစ်ဖွယ်ဖြစ်နေပါတယ်။

ရီးရဲလ်မက်ဒရစ်ဆီပြောင်းသွားတဲ့ကော်တွိုက်စ်ဟာ ဘာမှဖြစ်မလာပါဘူး။သူစိတ်ကူးခဲ့တဲ့အိပ်မက်ဟာအခုထိအကောင်အထည်မဖော်နိုင်သေးပါဘူး။ဘယ်လ်ဂျီယံဂိုးသမားမနေ့ညက အိမ်ကွင်းဘာနေဗျူးမှာ သွင်းဂိုး၄ဂိုးအထိသမခံခဲ့ရပြီး ချန်ပီယံလိပ်ကနေထွက်သွားခဲ့ရတာကြောင့် အိပ်မက်ဆိုးတစ်ဖွယ်သူ့ကိုခြောက်လှန့်နေတော့မှာအမှန်ပါပဲ။

ဒီရလဒ်ဟာ Los Blancos တို့အတွက်ဘာစီလိုနာကိုအိမ်ကွင်းမှာရှုံးပြီးနောက်နောက်ထပ် ဒုတိယမြောက်အိမ်ကွင်းရှုံးပွဲဆက်သွားခဲ့ပါတယ်။ကော်တွိုက်စ်ဟာ ရီးရဲလ်အသင်းအတွက်နောက်ဆုံး၉ ပွဲမှာ ၁ပွဲသာClean Sheet ရအောင်စွမ်းဆောင်ထားနိုင်တာဖြစ်ပြီးချဲလ်ဆီးပရိတ်သတ်တွေကတော့ ဒီနှစ်နွေရာသီမှာ ချဲလ်ဆီးအသင်းမှာသူလုပ်ခဲ့တဲ့အပြုအမူနဲ့ပတ်သတ်ပြီး ကော်တွိုက်စ်တစ်ယောက်အခုချိန်ဝဋ်ဒုက္ခကြီးနေတာကို အကြိုက်တွေ့နေကြတာပဲဖြစ်ပါတယ်။

ကော်တွိုက်စ်ဟာချဲလ်ဆီးမှာကစားနေစဉ်ရီးရဲလ်အသင်းဆီပြောင်းချင်တာကြောင့် လေ့ကျင့်ခန်းဆင်းဖို့ငြင်းဆိုခဲ့ပြီးခွင့်မဲ့ပျက်ကွက်ခဲ့တာကြောင့်စတန်းဖို့ဘရစ်ချ်ရဲ့နံပါတ်၁ရန်သူတော်ဖြစ်လာခဲ့ပါတယ်။ချဲလ်ဆီးပရိတ်သတ်တွေအတွက်တော့ ဒါဟာကော်တွိုက်စ်အပေါ်နောက်ဆုံးအကြိမ်လှောင်ပြောင်ရယ်မောခြင်းဖြစ်ပါစေလို့တော့မေ ျှာ်လင့်ချင်တာအမှန်ပါပဲ။

No comments

Powered by Blogger.