လီဗာပူးခံစစ္အေပၚသက္ေရာက္မႈျကီးျကီးမားမားရွိေနတဲ့ေနာက္ခံလူဗန္ဒိုက္စ္
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
လီဗာပူးအသင္းရဲ႕ဒီရာသီခံစစ္မွတ္တမ္းေတြက မနွစ္ကရာသီနဲ႔ယွဥ္ရင္ မိုးနဲ႔ေျမလိုကြာျခားလြန္းေနပါတယ္။ဒီနွစ္ခုကိုနႈိင္းယွဥ္ျကည့္ရင္ အဓိကအသိအမွတ္ျပဳရမွာက အခ်ိန္တိုအတြင္းအသင္းနဲ႔အထိုင္က်ခဲ့တဲ့ေနာက္ခံလူဗန္ဒိုက္ပါပဲ။
မနွစ္ကဆိုရင္လီဗာပူးကရံႈးထြက္ဖလားေတြကိုသာစိန္ေခၚ နိုင္တဲ့အသင္းတစ္သင္းလိုပါပဲ။ အဲ့ဒီနွစ္မွာ မန္စီးတီးကလည္း အံအားသင့္ဖြယ္စြမ္းေဆာင္ရည္ေကာင္းေတြျပသခဲ့တာေျကာင့္ လီဗာပူးအသင္းအေနနဲ႔အမွတ္ေပးဖလားအနားေတာင္မသီနိုင္ခဲ့ပါဘူး။ဒါေပမယ့္ လီဗာပူးဟာ မနွစ္ထဲက ေစာင့္ျကည့္ခ်င္စရာအေကာင္းဆံုးအသင္းတစ္သင္းပါပဲ။ဒါကိုသံသယျဖစ္စရာမရွိပါဘူး။ပရီးမီးယားလိဂ္မွာလည္း 86ဂိုးသြင္းျပီးမန္စီးတီးေနာက္ဒုတိယသြင္းဂိုးအမ်ားဆံုးအသင္းအျဖစ္ရာသီသိမ္းခဲ့ပါတယ္။
ခ်န္ပီယံလိဂ္မွာဆိုရင္၅ဂိုးသြင္းတဲ့နွစ္ပြဲရွိသလိုတစ္ပြဲထဲ၇ဂိုးသြင္းတာနွစ္ျကိမ္ေတာင္ပါ။အဲ့ဒီအခ်ိန္ကလီဗာပူးရဲ႕တကယ္ျပသနာကဘတ္စကတ္ေဘာအသင္းနဲ႔တူေနတာပါ။ဘတ္စကတ္ေဘာမွာလိုပဲရဂိုးေတြမ်ားသေလာက္ေပးဂိုးေတြလည္းပလူပ်ံေနခဲ့ပါတယ္။ပရီးမီးယားလိဂ္မွာ38ဂိုးထိခြင့္ျပဳခဲ့ရသလို ခ်န္ပီယံလိဂ္မွာလည္းေလးဂိုးအသြင္းခံလိုက္ရတဲ့ပြဲရွိပါေသးတယ္။မႏွစ္က လီဗာပူးဂိုးမေပးရတဲ့ပြဲဟာ ေရႊထက္ရွားပါတယ္။
လက္ရွိရာသီမွာေတာ့ ခံစစ္ပိုင္းတိုးတက္လာမႈကတကယ္ခ်ီးက်ဴးစရာပါ။မေန႔က ဝက္ဖို႔ဒ္ကို 5-0နဲ႔ပြဲအျပီး ျကိဳးျကာတို႔ရဲ႕ခံစစ္ပိုင္းစြမ္းေဆာင္ရည္ကိုခ်ီးက်ဴးစရာရွိလာပါတယ္။၂၈ပြဲအျပီး၁၅ဂိုးသာေပးခဲ့ရျပီးEPLရဲ႕အေကာင္းဆံုးခံစစ္ပါပဲ။ဂ်ာဂ်င္ကေလာ့ရဲ႕နည္းစနစ္ပိုင္းအေျပာင္းအလဲကိုအသိမွတ္ျပဳရမွာျဖစ္သလို အခုလိုမွတ္တမ္းေကာင္းေတြေနာက္ကြယ္မွာ အဓိကလူတစ္ေယာက္ရွိေနပါတယ္။ဟုတ္ပါတယ္။ကြင္းတြင္ေျခစြမ္းသာမကအဝတ္လဲခန္းအတြင္းလႊမ္းမိုးမႈေတြယူေဆာင္လာသူကဗန္ဒိုက္ပါပဲ။
ဒီနယ္သာလန္သာကို မနွစ္ကဇန္နဝါရီမွာေခၚယူျပီးေနာက္ပိုင္းလီဗာပူးခံစစ္သိပိုင္းသိသာသာတိုးတက္လာပါတယ္။ဗန္ဒိုက္ဟာ အျမင့္ေဘာရွင္းထုတ္မႈေတြပိုင္သလိုသူ႔ရဲ႕ေခါင္းေဆာင္မႈစြမ္းရည္နဲ႔ခံစစ္တန္းကို က်စ္လစ္ေစရန္ကူညီေပးပါတယ္။ေနာက္ထပ္အပိုဆုက ကေလာ့ရဲ႕ အလိုက် ball playing defenderအေနနဲ႔ပါ အသံုးေတာ္ခံနိုင္တာပါပဲ။ဝက္ဖို႔ဒ္နဲ႔ပြဲမွာဆိုရင္လီဗာပူးေနာက္တန္းရဲ႕စြမ္းေဆာင္ရည္ကေတာ္ေတာ္ေလးကိုျမင့္မားပါတယ္။ဗန္ဒိုက္ကနွစ္ဂိုးသြင္းခဲ့သလို အာနိုးကဖန္တီးမႈသံုးျကိမ္,ေရာ္ဘတ္ဆန္ကဖန္တီးမႈနွစ္ျကိမ္ျပဳလုပ္နိုင္ခဲ့ပါတယ္။
ဒီလိုခံစစ္ပိုင္းစြမ္းေဆာင္ရည္ေကာင္းေတြကပဲ လီဗာပူူးကိုအမွတ္ေပးဇယားထိပ္ဆံုးမွာရွိေနေစတာပါ။လီဗာပူးအသင္ူပရီးမီးယားလိဂ္ခ်န္ပီယံကိုစိန္ေခၚနိုင္ျခင္းဟာဗန္ဒိုက္ေျကာင့္လို႔မေျပာလိုေပမယ့္ သူကျကီးမားတဲ့အခန္းက႑ကေနပါဝင္ေနပါတယ္။
(Unicode)
လီဗာပူးခံစစ်အပေါ်သက်ရောက်မှုကြီးကြီးမားမားရှိနေတဲ့နောက်ခံလူဗန်ဒိုက်စ်
လီဗာပူးအသင်းရဲ့ဒီရာသီခံစစ်မှတ်တမ်းတွေက မနှစ်ကရာသီနဲ့ယှဉ်ရင် မိုးနဲ့မြေလိုကွာခြားလွန်းနေပါတယ်။ဒီနှစ်ခုကိုနှိုင်းယှဉ်ကြည့်ရင် အဓိကအသိအမှတ်ပြုရမှာက အချိန်တိုအတွင်းအသင်းနဲ့အထိုင်ကျခဲ့တဲ့နောက်ခံလူဗန်ဒိုက်ပါပဲ။
မနှစ်ကဆိုရင်လီဗာပူးကရှုံးထွက်ဖလားတွေကိုသာစိန်ခေါ် နိုင်တဲ့အသင်းတစ်သင်းလိုပါပဲ။ အဲ့ဒီနှစ်မှာ မန်စီးတီးကလည်း အံအားသင့်ဖွယ်စွမ်းဆောင်ရည်ကောင်းတွေပြသခဲ့တာကြောင့် လီဗာပူးအသင်းအနေနဲ့အမှတ်ပေးဖလားအနားတောင်မသီနိုင်ခဲ့ပါဘူး။ဒါပေမယ့် လီဗာပူးဟာ မနှစ်ထဲက စောင့်ကြည့်ချင်စရာအကောင်းဆုံးအသင်းတစ်သင်းပါပဲ။ဒါကိုသံသယဖြစ်စရာမရှိပါဘူး။ပရီးမီးယားလိဂ်မှာလည်း 86ဂိုးသွင်းပြီးမန်စီးတီးနောက်ဒုတိယသွင်းဂိုးအများဆုံးအသင်းအဖြစ်ရာသီသိမ်းခဲ့ပါတယ်။
ချန်ပီယံလိဂ်မှာဆိုရင်၅ဂိုးသွင်းတဲ့နှစ်ပွဲရှိသလိုတစ်ပွဲထဲ၇ဂိုးသွင်းတာနှစ်ကြိမ်တောင်ပါ။အဲ့ဒီအချိန်ကလီဗာပူးရဲ့တကယ်ပြသနာကဘတ်စကတ်ဘောအသင်းနဲ့တူနေတာပါ။ဘတ်စကတ်ဘောမှာလိုပဲရဂိုးတွေများသလောက်ပေးဂိုးတွေလည်းပလူပျံနေခဲ့ပါတယ်။ပရီးမီးယားလိဂ်မှာ38ဂိုးထိခွင့်ပြုခဲ့ရသလို ချန်ပီယံလိဂ်မှာလည်းလေးဂိုးအသွင်းခံလိုက်ရတဲ့ပွဲရှိပါသေးတယ်။မနှစ်က လီဗာပူးဂိုးမပေးရတဲ့ပွဲဟာ ရွှေထက်ရှားပါတယ်။
လက်ရှိရာသီမှာတော့ ခံစစ်ပိုင်းတိုးတက်လာမှုကတကယ်ချီးကျူးစရာပါ။မနေ့က ဝက်ဖို့ဒ်ကို 5-0နဲ့ပွဲအပြီး ကြိုးကြာတို့ရဲ့ခံစစ်ပိုင်းစွမ်းဆောင်ရည်ကိုချီးကျူးစရာရှိလာပါတယ်။၂၈ပွဲအပြီး၁၅ဂိုးသာပေးခဲ့ရပြီးEPLရဲ့အကောင်းဆုံးခံစစ်ပါပဲ။ဂျာဂျင်ကလော့ရဲ့နည်းစနစ်ပိုင်းအပြောင်းအလဲကိုအသိမှတ်ပြုရမှာဖြစ်သလို အခုလိုမှတ်တမ်းကောင်းတွေနောက်ကွယ်မှာ အဓိကလူတစ်ယောက်ရှိနေပါတယ်။ဟုတ်ပါတယ်။ကွင်းတွင်ခြေစွမ်းသာမကအဝတ်လဲခန်းအတွင်းလွှမ်းမိုးမှုတွေယူဆောင်လာသူကဗန်ဒိုက်ပါပဲ။
ဒီနယ်သာလန်သာကို မနှစ်ကဇန်နဝါရီမှာခေါ်ယူပြီးနောက်ပိုင်းလီဗာပူးခံစစ်သိပိုင်းသိသာသာတိုးတက်လာပါတယ်။ဗန်ဒိုက်ဟာ အမြင့်ဘောရှင်းထုတ်မှုတွေပိုင်သလိုသူ့ရဲ့ခေါင်းဆောင်မှုစွမ်းရည်နဲ့ခံစစ်တန်းကို ကျစ်လစ်စေရန်ကူညီပေးပါတယ်။နောက်ထပ်အပိုဆုက ကလော့ရဲ့ အလိုကျ ball playing defenderအနေနဲ့ပါ အသုံးတော်ခံနိုင်တာပါပဲ။ဝက်ဖို့ဒ်နဲ့ပွဲမှာဆိုရင်လီဗာပူးနောက်တန်းရဲ့စွမ်းဆောင်ရည်ကတော်တော်လေးကိုမြင့်မားပါတယ်။ဗန်ဒိုက်ကနှစ်ဂိုးသွင်းခဲ့သလို အာနိုးကဖန်တီးမှုသုံးကြိမ်,ရော်ဘတ်ဆန်ကဖန်တီးမှုနှစ်ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။
ဒီလိုခံစစ်ပိုင်းစွမ်းဆောင်ရည်ကောင်းတွေကပဲ လီဗာပူူးကိုအမှတ်ပေးဇယားထိပ်ဆုံးမှာရှိနေစေတာပါ။လီဗာပူးအသင်ူပရီးမီးယားလိဂ်ချန်ပီယံကိုစိန်ခေါ်နိုင်ခြင်းဟာဗန်ဒိုက်ကြောင့်လို့မပြောလိုပေမယ့် သူကကြီးမားတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။
Post a Comment