Header Ads


ကြင္းၾကီးၾကပ္သူေရာပရိတ္သတ္ကပါဗီလာကစားသမားဂ်က္ကိုလက္သီးနဲ့ထိုးဒူးနဲ ့တိုက္ခဲ့တဲ့အရုပ္ဆိုးလြန္းတဲ့ျဖစ္ရပ္


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
မေန ့ညကကစားခဲ့တဲ့ ခ်န္ပီယံရွစ္ ဒါဘီၿပိဳင္ပြဲမွာေတာ့ ပြဲၾကီးၾကပ္သူတစ္ေယာက္ဟာ ကစားသမားဂ်က္ဂရီရဲလ္လစ္ခ်္ကို တြန္းၿပီးဒူးနဲ ့တိုက္ခဲ့တာေၾကာင့္အဖမ္းခံရဖို ့ရိွေနပါတယ္။ရဲတပ္ဖြဲ ့၀င္ေတြက အက္စတြန္ဗီလာကစားသမား ဂ်က္ဂရီရဲလ္လစ္ခ်္ကို တြန္းၿပီးဒူးနဲ ့တိုက္ခဲ့တဲ့ ကြင္းၾကီးၾကပ္သူတစ္ေယာက္ကို ဖမ္းဆီးသြားခဲ့ပါတယ္။

ပြဲကစားခ်ိန္ပထမပိုင္းမိနစ္အေစာပိုင္းမွာ အဆိုပါအသက္၂၃နွစ္အဂၤလန္ကြင္းလယ္တိုက္စစ္ကစားသမားဟာ တစ္ဖက္ၿပိဳင္ဘက္အသင္း ဘာမင္ဂန္စီးတီးအသင္းရဲ ့ပရိတ္သတ္တစ္ေယာက္ရဲ ့အမွတ္မထင္တိုက္ခိုက္ျခင္းကိုခံခဲ့ရသလို ဒုတိယပိုင္းမွာ သူဂိုးသြင္းၿပီးေနာက္ေအာင္ပြဲခံတဲ့အခ်ိန္မွာလည္း ထပ္မံတိုက္ခိုက္ျခင္းခံခဲ့ရျပန္ပါေသးတယ္။သူဟာ ဂိုးသြင္းယူၿပီးေနာက္ဗီလာပရိတ္သတ္ေတြနဲ ့ေအာင္ပြဲခံေနခ်ိန္ ပြဲၾကီးၾကပ္သူ အသက္ရြယ္ၾကီးသူတစ္ေယာက္က သူ ့ကိုတြန္းၿပီး ဒူးနဲ့ေဆာင့္ကန္ခဲ့တာပဲျဖစ္ပါတယ္။

ေအာက္မွာတစ္ခ်က္ၾကည့္ပါ။





ခ်န္ပီယံရွစ္ရဲ ့ေျပာေရးဆိုခြင့္ရိွသူတစ္ဦးကေတာ့ ဒီလိုျဖစ္ရပ္ကို သူတို ့အဖြဲ ့အစည္းအေနနဲ ့ဘယ္နည္းနဲ့ မွလက္ခံမွာမဟုတ္ေၾကာင္း၊ကစားသမားတစ္ေယာက္ကို ဒီလိုျပဳမႈခဲ့တဲ့သူမွန္သမ ွ် ဖမ္းဆီးေထာင္ခ်အျပစ္ေပးျခင္းကိုခံရမယ္လို ့ထြက္ဆိုခဲ့ပါတယ္။

ဘာမင္ဂန္စီးတီးအသင္းရဲ ့၀ဘ္ဆုိဒ္မွာေတာ့ အက္စတြန္ဗီလာအသင္းနဲ ့ဂ်က္ဂရီရဲလ္တစ္ကို ကလပ္ကေန အနူးအညႊန္ ့ေတာင္းပန္ပါတယ္။ဒီကိစၥကိုကၽြန္ေတာ္တို ့အေသအခ်ာစံုစမ္းအေရးယူၿပီး စိန္ ့အန္ဒရူးကြင္းကေန ရာသက္ပန္တားျမစ္သြားမွာပါ။ဥပေဒအရသီးျခားျပစ္ဒဏ္ေတြရင္ဆိုင္သြားရရင္လည္း ကလပ္အေနနဲ ့ပါ၀င္ကူညီပူးေပါင္းသြားမွာပါ။ကၽြန္ေတာ္တို ့ကြင္းရဲ ့လံုၿခံဳေရးအေျခအေနအားလံုးကို ေသခ်ာေပါက္စစ္ေဆးသြားမွာပါ။ဒီလိုျဖစ္ရပ္မ်ိဳးဟာေဘာလံုးေလာကမွေရာ လူမႈ၀န္းက်င္မွာပါမရိွသင့္ပါဘူး။ဂ်က္ဆိုတာကလည္း ဘာမင္ဂန္သားတစ္ေယာက္ျဖစ္ၿပီး ဒီလိုလုပ္ခံရဖုိ ့မသင့္တဲ့သူပါ။ဆင္ေျခေပးစရာလံုး၀မရိွပါဘူး။ဂ်က္နဲ ့ဗီလာအသင္းကို ကၽြန္ေတာ္တို ့ထပ္ေတာင္းပန္ပါတယ္။” 


ခ်န္ပီယံရွစ္ၿပိဳင္ပြဲရဲ ့အဆိုပါဒါဘီပြဲစဥ္မွာေတာ့ ဂ်က္ရဲ ့တစ္လံုးတည္းေသာသြင္းဂိုးနဲ ့အတူ ၿမိဳ ့ခံၿပိဳင္ဘက္အိမ္ရွင္အသင္းကို အနိုင္ယူခဲ့ပါတယ္။

(Unicode)

ကွင်းကြီးကြပ်သူရောပရိတ်သတ်ကပါဗီလာကစားသမားဂျက်ကိုလက်သီးနဲ့ထိုးဒူးနဲ့တိုက်ခဲ့တဲ့အရုပ်ဆိုးလွန်းတဲ့ဖြစ်ရပ်

မနေ့ညကကစားခဲ့တဲ့ ချန်ပီယံရှစ် ဒါဘီပြိုင်ပွဲမှာတော့ ပွဲကြီးကြပ်သူတစ်ယောက်ဟာ ကစားသမားဂျက်ဂရီရဲလ်လစ်ချ်ကို တွန်းပြီးဒူးနဲ့တိုက်ခဲ့တာကြောင့်အဖမ်းခံရဖို့ရှိနေပါတယ်။ရဲတပ်ဖွဲ့ဝင်တွေက အက်စတွန်ဗီလာကစားသမား ဂျက်ဂရီရဲလ်လစ်ချ်ကို တွန်းပြီးဒူးနဲ့တိုက်ခဲ့တဲ့ ကွင်းကြီးကြပ်သူတစ်ယောက်ကို ဖမ်းဆီးသွားခဲ့ပါတယ်။

ပွဲကစားချိန်ပထမပိုင်းမိနစ်အစောပိုင်းမှာ အဆိုပါအသက်၂၃နှစ်အင်္ဂလန်ကွင်းလယ်တိုက်စစ်ကစားသမားဟာ တစ်ဖက်ပြိုင်ဘက်အသင်း ဘာမင်ဂန်စီးတီးအသင်းရဲ့ပရိတ်သတ်တစ်ယောက်ရဲ့အမှတ်မထင်တိုက်ခိုက်ခြင်းကိုခံခဲ့ရသလို ဒုတိယပိုင်းမှာ သူဂိုးသွင်းပြီးနောက်အောင်ပွဲခံတဲ့အချိန်မှာလည်း ထပ်မံတိုက်ခိုက်ခြင်းခံခဲ့ရပြန်ပါသေးတယ်။သူဟာ ဂိုးသွင်းယူပြီးနောက်ဗီလာပရိတ်သတ်တွေနဲ့အောင်ပွဲခံနေချိန် ပွဲကြီးကြပ်သူ အသက်ရွယ်ကြီးသူတစ်ယောက်က သူ့ကိုတွန်းပြီး ဒူးနဲ့ဆောင့်ကန်ခဲ့တာပဲဖြစ်ပါတယ်။

အောက်မှာတစ်ချက်ကြည့်ပါ။


ချန်ပီယံရှစ်ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ ဒီလိုဖြစ်ရပ်ကို သူတို့အဖွဲ့အစည်းအနေနဲ့ဘယ်နည်းနဲ့ မှလက်ခံမှာမဟုတ်ကြောင်း၊ကစားသမားတစ်ယောက်ကို ဒီလိုပြုမှုခဲ့တဲ့သူမှန်သမ ျှ ဖမ်းဆီးထောင်ချအပြစ်ပေးခြင်းကိုခံရမယ်လို့ထွက်ဆိုခဲ့ပါတယ်။

ဘာမင်ဂန်စီးတီးအသင်းရဲ့ဝဘ်ဆိုဒ်မှာတော့ အက်စတွန်ဗီလာအသင်းနဲ့ဂျက်ဂရီရဲလ်တစ်ကို ကလပ်ကနေ အနူးအညွှန့်တောင်းပန်ပါတယ်။ဒီကိစ္စကိုကျွန်တော်တို့အသေအချာစုံစမ်းအရေးယူပြီး စိန့်အန်ဒရူးကွင်းကနေ ရာသက်ပန်တားမြစ်သွားမှာပါ။ဥပဒေအရသီးခြားပြစ်ဒဏ်တွေရင်ဆိုင်သွားရရင်လည်း ကလပ်အနေနဲ့ပါဝင်ကူညီပူးပေါင်းသွားမှာပါ။ကျွန်တော်တို့ကွင်းရဲ့လုံခြုံရေးအခြေအနေအားလုံးကို သေချာပေါက်စစ်ဆေးသွားမှာပါ။ဒီလိုဖြစ်ရပ်မျိုးဟာဘောလုံးလောကမှရော လူမှုဝန်းကျင်မှာပါမရှိသင့်ပါဘူး။ဂျက်ဆိုတာကလည်း ဘာမင်ဂန်သားတစ်ယောက်ဖြစ်ပြီး ဒီလိုလုပ်ခံရဖို့မသင့်တဲ့သူပါ။ဆင်ခြေပေးစရာလုံးဝမရှိပါဘူး။ဂျက်နဲ့ဗီလာအသင်းကို ကျွန်တော်တို့ထပ်တောင်းပန်ပါတယ်။”

ချန်ပီယံရှစ်ပြိုင်ပွဲရဲ့အဆိုပါဒါဘီပွဲစဉ်မှာတော့ ဂျက်ရဲ့တစ်လုံးတည်းသောသွင်းဂိုးနဲ့အတူ မြို့ခံပြိုင်ဘက်အိမ်ရှင်အသင်းကို အနိုင်ယူခဲ့ပါတယ်။








No comments

Powered by Blogger.