Super Sunday ပြဲမ်ားအၿပီးတနလၤာေန ့ရဲ့ နံနက္ခင္းသတင္းတိုမ်ား
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ယူနိက္တက္နည္းျပဆိုးလ္ရွားက အာဆင္နယ္ကိုရံႈးနိမ့္ခဲ့တဲ့ပြဲမွာပယ္နယ္တီေပးခဲ့တဲ့ကြင္းလယ္ဒိုင္ဟာ သူ ့ဆံုးျဖတ္ခ်က္အတြက္စိတ္ပ်က္ေနလိမ့္မယ္လို ့ဆိုလိုက္ပါတယ္။
ယူနိုက္တက္နဲ ့ပြဲမွာအေကာင္းဆံုးေျခစြမ္းျပၿပီးအနိုင္ယူခဲ့တာေၾကာင့္ အာဆင္နယ္နည္းျပအူနိုင္းအမ္မရီကရာသီကုန္အဆင့္၄အတြင္း၀င္ဖို ့ရည္မွန္းထားေၾကာင္းေျပာၾကားခဲ့ပါတယ္။တိုက္စစ္မွဴးအူဘာမီးယန္းကေတာ့ အဆင့္၄အတြင္း၀င္ဖို ့အတြက္ အရာအားလံုးဟာကၽြန္ေတာ္တို ့လက္ထဲမွာရိွေၾကာင္းလည္းေျပာၾကားခဲ့ပါတယ္။
ခ်ဲလ္ဆီးနည္းျပဆာရီက ဟာဇက္ဟာေဘာလံုးမပါပဲ ေရြ ့လ်ားမႈပိုေကာင္းေအာင္လုပ္ဖို ့လိုေသးတယ္လို ့၀ုလ္ဗ္အသင္းကိုသေရက်တဲ့ပြဲအၿပီးမွာေျပာၾကားခဲ့ပါတယ္။
ဘန္ေလအသင္းကိုေခ်ပဂိုးေတြေပးခဲ့ရသည့္တိုင္တည္ၿငိမ္ခဲ့တဲ့အသင္းရဲ ့ကစားဟန္ကို လီဗာပူးလ္နည္းျပဂ်ာဂန္ကေလာ့ ကေက်နပ္အားရေၾကာင္းေျပာဆိုခဲ့ပါတယ္။
ဘင္ဇီးမားရဲ ့သြင္းဂိုးေတြနဲ ့အတူ ဗယ္လာဒိုးလစ္အသင္းကို၁-၄ ျဖင့္အနိုင္ရခဲ့ၿပီးေနာက္ လူေတြအေနနဲ ့၊ပရိတ္သတ္ေတြေရာ၊ဂ်ာနစ္လစ္ေတြပါ ရီးရဲလ္မက္ဒရစ္အသင္းနဲ ့အတူရိွေစခ်င္ေၾကာင္းဘင္ဇီးမားကပြဲအၿပီးမွာဆိုခဲ့ပါတယ္။
ဂ်ဳဗင္တပ္စ္တိုက္စစ္မွဴးရိုနယ္ဒိုကသူဟာ ေအတီကိုအသင္းနဲ ့ခ်န္ပီယံလိပ္ပြဲအတြက္အဆင္သင့္ျဖစ္ေနေၾကာင္း၊ဘာမဆိုရင္ဆိုင္သြားဖို ့ရိွေနေၾကာင္းၾကံဳး၀ါးေျပာဆိုသြားခဲ့ပါတယ္။
(Unicode)
Super Sunday ပွဲများအပြီးတနင်္လာနေ့ရဲ့ နံနက်ခင်းသတင်းတိုများ
ယူနိက်တက်နည်းပြဆိုးလ်ရှားက အာဆင်နယ်ကိုရှုံးနိမ့်ခဲ့တဲ့ပွဲမှာပယ်နယ်တီပေးခဲ့တဲ့ကွင်းလယ်ဒိုင်ဟာ သူ့ဆုံးဖြတ်ချက်အတွက်စိတ်ပျက်နေလိမ့်မယ်လို့ဆိုလိုက်ပါတယ်။
ယူနိုက်တက်နဲ့ပွဲမှာအကောင်းဆုံးခြေစွမ်းပြပြီးအနိုင်ယူခဲ့တာကြောင့် အာဆင်နယ်နည်းပြအူနိုင်းအမ်မရီကရာသီကုန်အဆင့်၄အတွင်းဝင်ဖို့ရည်မှန်းထားကြောင်းပြောကြားခဲ့ပါတယ်။တိုက်စစ်မှူးအူဘာမီးယန်းကတော့ အဆင့်၄အတွင်းဝင်ဖို့အတွက် အရာအားလုံးဟာကျွန်တော်တို့လက်ထဲမှာရှိကြောင်းလည်းပြောကြားခဲ့ပါတယ်။
ချဲလ်ဆီးနည်းပြဆာရီက ဟာဇက်ဟာဘောလုံးမပါပဲ ရွေ့လျားမှုပိုကောင်းအောင်လုပ်ဖို့လိုသေးတယ်လို့ဝုလ်ဗ်အသင်းကိုသရေကျတဲ့ပွဲအပြီးမှာပြောကြားခဲ့ပါတယ်။
ဘန်လေအသင်းကိုချေပဂိုးတွေပေးခဲ့ရသည့်တိုင်တည်ငြိမ်ခဲ့တဲ့အသင်းရဲ့ကစားဟန်ကို လီဗာပူးလ်နည်းပြဂျာဂန်ကလော့ ကကျေနပ်အားရကြောင်းပြောဆိုခဲ့ပါတယ်။
ဘင်ဇီးမားရဲ့သွင်းဂိုးတွေနဲ့အတူ ဗယ်လာဒိုးလစ်အသင်းကို၁-၄ ဖြင့်အနိုင်ရခဲ့ပြီးနောက် လူတွေအနေနဲ့၊ပရိတ်သတ်တွေရော၊ဂျာနစ်လစ်တွေပါ ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူရှိစေချင်ကြောင်းဘင်ဇီးမားကပွဲအပြီးမှာဆိုခဲ့ပါတယ်။
ဂျုဗင်တပ်စ်တိုက်စစ်မှူးရိုနယ်ဒိုကသူဟာ အေတီကိုအသင်းနဲ့ချန်ပီယံလိပ်ပွဲအတွက်အဆင်သင့်ဖြစ်နေကြောင်း၊ဘာမဆိုရင်ဆိုင်သွားဖို့ရှိနေကြောင်းကြုံးဝါးပြောဆိုသွားခဲ့ပါတယ်။
Post a Comment