Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ယာယီနည်းပြဆိုးလ်ရှားလက်ထက် ရမှတ် ၃၂မှတ်အထိ စုဆောင်းထားနိုင်ခဲ့ပြီး ရာသီကုန်အဆင့်၎အတွင်းဝင်ရောက်နိုင်ဖို့ အရေး ကျားကုတ်ကျားခဲကြိုးစားနေတာပဲဖြစ်ပါတယ်။
(Unicode)
ဘာထရန်တစ်ယောက်လမ်းဘေးလူမိုက်ပုံစံကန်ချက်နဲ့လူကာကူကိုဖြတ်ထုတ်ခဲ့သော်လည်း
မနေ့ညက အိုထရက်ဖို့ဒ်မှာကစားခဲ့တဲ့မန်ချက်စတာယူနိုက်တက်နဲ့ဆောက်တမ်တန်တို့ရဲ့ပွဲကတော့ ဒီရာသီပရီးမီးယားလိပ်ရဲ့အမှတ်ရစရာပွဲလို့ဆိုနိုင်အောင်လန်ပြန်နေတဲ့သွင်းဂိုးတွေကို မြင်တွေ့ခဲ့ရပါတယ်။
ဧည့်သည်ဆောက်တမ်တန်အသင်းအတွက် အဖွင့်ဂိုးကို သူ့ရဲ့ကစားသမားဘ၀ ပထမဆုံးနဲ့အလှပဆုံးသွင်းဂိုးဖြစ်သွားစေအောင် ယန်ဗယ်လာရီက အဝေးကန်ချက်နဲ့လှလှပပသွင်းယူခဲ့သော်လည်း ဒုတိယပိုင်းမှာ အိမ်ရှင်ကစားသမား ပါရဲရား ကလည်း လှပတဲ့ဝေ့ဝိုက်ကန်ချက်နဲ့အတူ ချေပဂိုးသွင်းယူပေးခဲ့ပါတယ်။ရိုမီယိုလူကာကူ က ယူနိုက်တက်အတွက် ၂-၁ ဖြစ်စေမယ့်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့သော်လည်း ဂျိမ်းဝါ့ဒ်ပရောက်စ်က လှပတဲ့ ဖရီးကစ်သွင်းဂိုးနဲ့အတူုပြန်လည်ချေပသွားခဲ့ပြန်ပါတယ်။ဒါပင်မယ့်လည်း ပွဲပြီးခါနီးမှာတော့ လူကာကူရဲ့သေသပ်တဲ့အဝေးကန်ချက်နဲ့အတူယူနိုက်တက်တို့အတွက်အနိုင်သေချာစေမယ့်ဂိုးကိုသွင်းယူပေးသွားနိုင်ခဲ့ပါတယ်။
ဒါပင်မယ့်လည်း လူကာကူတစ်ယောက် ဆောက်တမ်တန်ကစားသမား ရိုင်ယန်ဘာထရန်ရဲ့အန္တရာယ်များတဲ့ ဖျတ်ထုတ်မှုကို ကြံ့ကြံ့ခိုင်နိုင်ခဲ့ပြီး ပြင်းထန်တဲ့ဒဏ်ရာရရှိနိုင်မှုကနေရှောင်ရှားသွားနိုင်ခဲ့ပါတယ်။ဘာထရန်ဟာ လမ်းဘေးဖိုက်တာတွေပြုမှုတဲ့ပုံစံအတိုင်း ဘောလုံးနဲ့အတူပြေးနေတဲ့လူကာကူ ကိုပြေးကန်ခဲ့တာဖြစ်ပြီး လူကာကူ က ကြံခိုင်မှုရှိစွာ မလဲကျခဲ့ပဲရှောင်ရှားသွားနိုင်ခဲ့တာပဲဖြစ်ပါတယ်။
ဘာထရန်ရဲ့အပြုအမူကြောင့် ကွင်းလယ်ဒိုင်က အဝါကဒ်ပြသတိပေးခဲ့သော်လည်း အဆိုပါအပြုအမူမျိုးဟာ အနီကဒ်ပြခံရနိုင်သည်အထိ တစ်ဖက်ကစားသမားအပေါ် အန္တရာယ်များစေတယ်လို့ပရိတ်သတ်တွေက ဆိုနေကြတာပဲဖြစ်ပါတယ်။
ဒါ့အပြင်လူကာကူ ရဲ့သန်မာပုံကို ပါအံသြမင်နေသက်နေကြတာပဲဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ယာယီနည်းပြဆိုးလ်ရှားလက်ထက် ရမှတ် ၃၂မှတ်အထိ စုဆောင်းထားနိုင်ခဲ့ပြီး ရာသီကုန်အဆင့်၄အတွင်းဝင်ရောက်နိုင်ဖို့အရေး ကျားကုတ်ကျားခဲကြိုးစားနေတာပဲဖြစ်ပါတယ်။
Post a Comment