အဆင့္၁ေနရာကို နန္းျပန္တက္ခဲ့တဲ့ မန္စီးတီး(ဘုန္းလ္ေမာက္ ၀-၁ မန္စီးတီး)
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ပြဲစတာ နဲ႔ မန္စီးတီးကပဲ ေဘာလံုး ပိုင္ဆိုင္မႈ အသာနဲ႔ တစ္ဖက္သတ္ နီးပါး ဖိကစားလာခဲ့ ပါတယ္။ မန္စီးတိး ရဲ႕ တိုက္စစ္ဟာ ေတာင္ပံ ႏွစ္ဖက္ ကေနေရာ ၊ ကြင္းလယ္ေၾကာ ကပါ နည္းမ်ိဳးစံု နဲ႔ ထုိးေဖာက္ေနခဲ့တာ ျဖစ္ျပီး ၊ ဘုန္းေမာက္ ကလဲ တစ္သင္းလံုး နီးပါး ပိတ္ ကစားေနခဲ့ ပါတယ္။
ပြဲခ်ိန္ 18 မီးနစ္မွာေတာ့ ဒီဘရုိင္း ခင္းေပးလိုက္တဲ့ ေဘာလံုးကို ေဆးဗားက ဧရိယာ ထဲမွာ အပိုင္ ပိတ္သြင္းခဲ့ေပမယ့္ ၊ ဂိုးေပါက္ နဲ႔ လြဲေခ်ာ္ ခဲ့ရပါတယ္။ ဒီပြဲမွာ ဖာနန္ဒင္ဟို မပါ၀င္ ႏိုင္တာေၾကာင့္ မန္စီးတီး ခံစစ္မႈးေတြ ျဖစ္တဲ့ စတုန္း ၊ ေအာ္တာ မန္ဒီ တို႔ဟာ ဘုန္းေမာက္ရဲ႕တန္ျပန္ တိုက္စစ္ ဆင္လာႏိုင္တဲ့ အေနအထားေတြကို ကြင္းလယ္မွာ ကတည္းက ျဖတ္ေတာက္ ထားခဲ့ပါတယ္။
တုိက္စစ္ ပံုေဖာ္မႈကိုေတာ့ ဒီဘရိုင္းက အဓိက တာ၀န္ယူေနခဲ့တာ ျဖစ္ျပီး ၊ ျဖတ္တင္ေဘာေတြ ဆက္တိုက္ ပို႔ေပးခဲ့ေပမယ့္ ၊ ဘုန္းေမာက္ ေနာက္တန္း ကစားသမားေတြကလဲ အလြတ္ကုိ မေပးခဲ့ ပါဘူး။
31 မီးနစ္ အေရာက္မွာ ဒီဘရိုင္းကပဲ ေနာက္တစ္ၾကိမ္ ခင္းေပးလိုက္တဲ့ ေဘာလံုးကို အေဂြးရုိးက ပိတ္သြင္းခဲ့ျပန္ေပမယ့္ ၊ ဘုန္းေမာက္ ေနာက္တန္း ကစားသမားေတြ ပဲ ဖ်က္ထုတ္ သြားခဲ့ ပါတယ္
ပထမပိုင္းမွာ မန္စီးတီးဟာ တစ္ဖက္သတ္ၾကီး ဖိကစားခဲ့သလို ၊ တည္ကန္ေဘာေတြ အၾကိမ္ၾကိမ္ ရရွိခဲ့ သည့္တိုင္ေအာင္ ဂိုးေပါက္ေတာ့ ရွာေဖြ ႏိုင္ခဲ့ျခင္း မရွိခဲ့ ပါဘူး။
ဒုတိယ ပိုင္းမွာေတာ့ မန္စီးတီး ဟာ ဒဏ္ရာ ျပသနာေတြေၾကာင့္ စတုန္ နဲ႔ ဒီဘရိုင္းကို လူစား လဲလုိက္ရကာ ၊ မာရက္နဲ႔ ကြန္ပနီ တို႔ကို ထည့္သြင္း ကစားလာခဲ့ ပါတယ္။
54 မီးနစ္ အေရာက္မွာ မန္စီးတီး တို႔ လိုအပ္ေနတဲ့ အဖြင့္ဂိုးကို စတင္ ရွာေဖြ သြားႏိုင္ခဲ့ ပါတယ္။ ေဒးဗစ္ ေဆးဗား ျပန္ခင္းေပးလုိက္တဲ့ ေဘာလံုးကို မာရက္ က အပိုင္ကန္သြင္းျပီး ရယူ သြားခဲ့တာ ျဖစ္ပါတယ္။
အဖြင့္ဂိုး ရယူႏိုင္ခဲ့ေသာ္လဲ မန္စီးတီး ဟာ ကစားအားကို လံုး၀ မခ်ပဲ ဆက္လက္ တိုက္စစ္ဆင္ ကစားေနခဲ့ ပါတယ္။ 64 မီးနစ္မွာေတာ့ တန္ျပန္ တိုက္စစ္ကေန ရရွိလာတဲ့ အခြင့္အေရးကို စတာလင္က အပိုင္ ကန္သြငး္ခဲ့ရာ ၊ ဒီတစ္ၾကိမ္မွာေတာ့ ဘုန္းေမာက္ ဂိုးသမားက ကာကြယ္ သြားခဲ့ ပါတယ္။
75 မီးနစ္ ေနာက္ပိုင္းမွာေတာ့ ဘုန္းေမာက္က တိုက္စစ္ကို ပိုဖြင့္လာခဲ့တာေၾကာင့္ ေနာက္တန္းမွာ ေနရာလြတ္ေတြလဲ မ်ားလာခဲ့သလုိ မန္စီးတီး ရဲ႕ တန္ျပန္တိုက္စစ္ေတြကိုလဲ အၾကိမ္ၾကိမ္ ခြင့္ျပဳ ေနခဲ့ရပါတယ္။
စတာလင္ရဲ႕ ဆြဲထြက္လာတဲ့ အေနအထားကို ဘုန္းေမာက္ ဂိုးသမား တက္ပုတ္ထုတ္ခဲ့ရာ ၊ မာရက္က ရရွိသြားျပီး ၊ ဂိုးသမား မရွီတဲ့ ဂိုးေပါက္ကို ကန္သြင္းရမွာေတာ့ ဂိုးေပါက္တည့္ခဲ့ျခင္း မရွိပါဘူး။
အဲဒီေနာက္ အေဂြးရုိး ရဲ႕ ကန္ခ်က္ ဂိုးဘားတန္းကို ထိခဲ့ျပန္သလုိ ၊ ဇင္ခ်န္ကို ရဲ႕ ျဖတ္တင္ေဘာကိုလဲ ဘုန္းေမာက္ ေနာက္တန္း ကစားသမားေတြ ဖ်က္ထုတ္သြားခဲ့ ရျပန္ပါတယ္။
ပြဲအျပီးမွာေတာ့ မန္စီးတီးကပဲ မာရက္ ရဲ႕ တစ္လံုးတည္းေသာ သြင္းဂိုးနဲ႔ အႏိုင္ရရွိသြားခဲ့ ပါတယ္။ ပက္ဂြာဒီယုိလာဟာ အမွတ္ေပးဇယားကို ျပန္လည္ ဦးေဆာင္ သြားခဲ့ပါျပီ။
(Unicode)
အဆင့်၁နေရာကို နန်းပြန်တက်ခဲ့တဲ့ မန်စီးတီး(ဘုန်းလ်မောက် ဝ-၁ မန်စီးတီး)
ပွဲစတာ နဲ့ မန်စီးတီးကပဲ ဘောလုံး ပိုင်ဆိုင်မှု အသာနဲ့ တစ်ဖက်သတ် နီးပါး ဖိကစားလာခဲ့ ပါတယ်။ မန်စီးတိး ရဲ့ တိုက်စစ်ဟာ တောင်ပံ နှစ်ဖက် ကနေရော ၊ ကွင်းလယ်ကြော ကပါ နည်းမျိုးစုံ နဲ့ ထိုးဖောက်နေခဲ့တာ ဖြစ်ပြီး ၊ ဘုန်းမောက် ကလဲ တစ်သင်းလုံး နီးပါး ပိတ် ကစားနေခဲ့ ပါတယ်။
ပွဲချိန် 18 မီးနစ်မှာတော့ ဒီဘရိုင်း ခင်းပေးလိုက်တဲ့ ဘောလုံးကို ဆေးဗားက ဧရိယာ ထဲမှာ အပိုင် ပိတ်သွင်းခဲ့ပေမယ့် ၊ ဂိုးပေါက် နဲ့ လွဲချော် ခဲ့ရပါတယ်။ ဒီပွဲမှာ ဖာနန်ဒင်ဟို မပါဝင် နိုင်တာကြောင့် မန်စီးတီး ခံစစ်မှုးတွေ ဖြစ်တဲ့ စတုန်း ၊ အော်တာ မန်ဒီ တို့ဟာ ဘုန်းမောက်ရဲ့တန်ပြန် တိုက်စစ် ဆင်လာနိုင်တဲ့ အနေအထားတွေကို ကွင်းလယ်မှာ ကတည်းက ဖြတ်တောက် ထားခဲ့ပါတယ်။
တိုက်စစ် ပုံဖော်မှုကိုတော့ ဒီဘရိုင်းက အဓိက တာဝန်ယူနေခဲ့တာ ဖြစ်ပြီး ၊ ဖြတ်တင်ဘောတွေ ဆက်တိုက် ပို့ပေးခဲ့ပေမယ့် ၊ ဘုန်းမောက် နောက်တန်း ကစားသမားတွေကလဲ အလွတ်ကို မပေးခဲ့ ပါဘူး။
31 မီးနစ် အရောက်မှာ ဒီဘရိုင်းကပဲ နောက်တစ်ကြိမ် ခင်းပေးလိုက်တဲ့ ဘောလုံးကို အဂွေးရိုးက ပိတ်သွင်းခဲ့ပြန်ပေမယ့် ၊ ဘုန်းမောက် နောက်တန်း ကစားသမားတွေ ပဲ ဖျက်ထုတ် သွားခဲ့ ပါတယ်။
ပထမပိုင်းမှာ မန်စီးတီးဟာ တစ်ဖက်သတ်ကြီး ဖိကစားခဲ့သလို ၊ တည်ကန်ဘောတွေ အကြိမ်ကြိမ် ရရှိခဲ့ သည့်တိုင်အောင် ဂိုးပေါက်တော့ ရှာဖွေ နိုင်ခဲ့ခြင်း မရှိခဲ့ ပါဘူး။
ဒုတိယ ပိုင်းမှာတော့ မန်စီးတီး ဟာ ဒဏ်ရာ ပြသနာတွေကြောင့် စတုန် နဲ့ ဒီဘရိုင်းကို လူစား လဲလိုက်ရကာ ၊ မာရက်နဲ့ ကွန်ပနီ တို့ကို ထည့်သွင်း ကစားလာခဲ့ ပါတယ်။
54 မီးနစ် အရောက်မှာ မန်စီးတီး တို့ လိုအပ်နေတဲ့ အဖွင့်ဂိုးကို စတင် ရှာဖွေ သွားနိုင်ခဲ့ ပါတယ်။ ဒေးဗစ် ဆေးဗား ပြန်ခင်းပေးလိုက်တဲ့ ဘောလုံးကို မာရက် က အပိုင်ကန်သွင်းပြီး ရယူ သွားခဲ့တာ ဖြစ်ပါတယ်။
အဖွင့်ဂိုး ရယူနိုင်ခဲ့သော်လဲ မန်စီးတီး ဟာ ကစားအားကို လုံး၀ မချပဲ ဆက်လက် တိုက်စစ်ဆင် ကစားနေခဲ့ ပါတယ်။ 64 မီးနစ်မှာတော့ တန်ပြန် တိုက်စစ်ကနေ ရရှိလာတဲ့ အခွင့်အရေးကို စတာလင်က အပိုင် ကန်သွင်းခဲ့ရာ ၊ ဒီတစ်ကြိမ်မှာတော့ ဘုန်းမောက် ဂိုးသမားက ကာကွယ် သွားခဲ့ ပါတယ်။
75 မီးနစ် နောက်ပိုင်းမှာတော့ ဘုန်းမောက်က တိုက်စစ်ကို ပိုဖွင့်လာခဲ့တာကြောင့် နောက်တန်းမှာ နေရာလွတ်တွေလဲ များလာခဲ့သလို မန်စီးတီး ရဲ့ တန်ပြန်တိုက်စစ်တွေကိုလဲ အကြိမ်ကြိမ် ခွင့်ပြု နေခဲ့ရပါတယ်။
စတာလင်ရဲ့ ဆွဲထွက်လာတဲ့ အနေအထားကို ဘုန်းမောက် ဂိုးသမား တက်ပုတ်ထုတ်ခဲ့ရာ ၊ မာရက်က ရရှိသွားပြီး ၊ ဂိုးသမား မရှီတဲ့ ဂိုးပေါက်ကို ကန်သွင်းရမှာတော့ ဂိုးပေါက်တည့်ခဲ့ခြင်း မရှိပါဘူး။
အဲဒီနောက် အဂွေးရိုး ရဲ့ ကန်ချက် ဂိုးဘားတန်းကို ထိခဲ့ပြန်သလို ၊ ဇင်ချန်ကို ရဲ့ ဖြတ်တင်ဘောကိုလဲ ဘုန်းမောက် နောက်တန်း ကစားသမားတွေ ဖျက်ထုတ်သွားခဲ့ ရပြန်ပါတယ်။
ပွဲအပြီးမှာတော့ မန်စီးတီးကပဲ မာရက် ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိသွားခဲ့ ပါတယ်။ ပက်ဂွာဒီယိုလာဟာ အမှတ်ပေးဇယားကို ပြန်လည် ဦးဆောင် သွားခဲ့ပါပြီ။
Credit
Post a Comment