မက္ဆီကုိတံေတာင္နဲ ့ေကၽြးခဲ့တဲ့ရာမို ့စ္ကို ျပန္လည္လက္စားေခ်ခဲ့တဲ့လင္ဂလတ္နဲ ့တာစတီဂန္
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
Ei Clásico ပြဲမွာ ရီးရဲလ္အသင္းေခါင္းေဆာင္ဆာဂ်ီယိုရာမို ့စ္တစ္ေယာက္သူေဖာ္တဲ့ေဆးသူျပန္စားခဲ့ရတယ္လို ့ေဘာလံုးပရိတ္သတ္ေတြမွတ္ခ်က္ျပဳေနၾကတာပဲျဖစ္ပါတယ္။မေန ့ညက ရီးရဲလ္နဲ့ဘာကာတို ့ရဲ ့စပိန္ဒါဘီပြဲမွာ ရီးရဲလ္အသင္းေခါင္းေဆာင္ရာမို ့စ္ဟာ ပထမပိုင္းပြဲကစားခ်ိန္မွာ လီယြန္နယ္မက္ဆီကို ရည္ရြယ္ခ်က္ရိွရိွတံေတာင္နဲ ့တြတ္ခဲ့တာေၾကာင့္ အျငင္းပြားဖြယ္ရာျပႆနာျဖစ္လာခဲ့ပါတယ္။
သို ့ပင္မယ့္လည္း အသက္၃၂နွစ္အရြယ္စပိန္ေနာက္ခံလူဟာ အဆိုပါျပႆနာေၾကာင့္ ဘာစီလိုနာကစားသမားေတြျဖစ္ၾကတဲ့ လင္ဂလတ္နဲ ့တာစတီဂန္တို ့ရဲ ့ၾကမ္းၾကမ္းတမ္းတမ္းကစားခဲ့တာေတြကို ျပန္လည္ခံစားခဲ့ရပါတယ္။အသက္၂၃နွစ္အရြယ္ျပင္သစ္ေနာက္ခံလူဟာ ရာမို ့စ္ကို တံေတာင္နဲ ့တြတ္ခဲ့ရံုမက ဂိုးသမားတာစတီဂန္ကလည္း ရာမို ့စ္ကို အတင္းတြန္းထုတ္ျဖတ္ထုတ္ခဲ့ပါတယ္။
ရာကီတစ္ရဲ ့သြင္းဂိုးနဲ့အတူ မက္ဒရစ္မွာေအာင္ပြဲထူေထာင္နိုင္ခဲ့တဲ့ ဘာကာဟာ ဒုတိယေနရာက အက္တလက္တီကိုမက္ဒရစ္ကို ၁၀မွတ္အထိျဖတ္ထားၿပီး ရီးရဲလ္မက္ဒရစ္အသင္းကို ၁၂မွတ္အထိျဖတ္ထားနိုင္ခဲ့ပါတယ္။ဂရတ္ေဘးလ္တစ္ေယာက္ဟာ EI CLasico နဲ ့ပြဲမွာေတာ့ စိတ္ပ်က္စရာညျဖစ္ခဲ့ၿပီးဒုတိယပိုင္းမွာလူစားလဲခံရတဲ့အခ်ိန္မက္ဒရစ္ပရိတ္သတ္ေတြရဲ ့ေလွာင္ေျပာင္ေ၀ဖန္ျခင္းကိုခံခဲ့ရပါတယ္။ဒါ့အျပင္ ေနာက္ခံလူကာဗယ္ေဟးလ္ကိုလည္း မက္ဒရစ္ပရိတ္သတ္ေတြေရွ ့မွာ ရွက္ကိုးရွက္ကန္းျဖစ္သြားေစေအာင္လည္း မက္ဆီတစ္ေယာက္လုပ္ျပခဲ့ပါေသးတယ္။
ဒီရာသီဘာစီလိုနာတစ္ေယာက္ ဆုဖလားဘယ္၂လံုးရမယ္ထင္သလဲ?
(Unicode)
မက်ဆီကိုတံတောင်နဲ့ကျွေးခဲ့တဲ့ရာမို့စ်ကို ပြန်လည်လက်စားချေခဲ့တဲ့လင်ဂလတ်နဲ့တာစတီဂန်
Ei Clásico ပွဲမှာ ရီးရဲလ်အသင်းခေါင်းဆောင်ဆာဂျီယိုရာမို့စ်တစ်ယောက်သူဖော်တဲ့ဆေးသူပြန်စားခဲ့ရတယ်လို့ဘောလုံးပရိတ်သတ်တွေမှတ်ချက်ပြုနေကြတာပဲဖြစ်ပါတယ်။မနေ့ညက ရီးရဲလ်နဲ့ဘာကာတို့ရဲ့စပိန်ဒါဘီပွဲမှာ ရီးရဲလ်အသင်းခေါင်းဆောင်ရာမို့စ်ဟာ ပထမပိုင်းပွဲကစားချိန်မှာ လီယွန်နယ်မက်ဆီကို ရည်ရွယ်ချက်ရှိရှိတံတောင်နဲ့တွတ်ခဲ့တာကြောင့် အငြင်းပွားဖွယ်ရာပြဿနာဖြစ်လာခဲ့ပါတယ်။
သို့ပင်မယ့်လည်း အသက်၃၂နှစ်အရွယ်စပိန်နောက်ခံလူဟာ အဆိုပါပြဿနာကြောင့် ဘာစီလိုနာကစားသမားတွေဖြစ်ကြတဲ့ လင်ဂလတ်နဲ့တာစတီဂန်တို့ရဲ့ကြမ်းကြမ်းတမ်းတမ်းကစားခဲ့တာတွေကို ပြန်လည်ခံစားခဲ့ရပါတယ်။အသက်၂၃နှစ်အရွယ်ပြင်သစ်နောက်ခံလူဟာ ရာမို့စ်ကို တံတောင်နဲ့တွတ်ခဲ့ရုံမက ဂိုးသမားတာစတီဂန်ကလည်း ရာမို့စ်ကို အတင်းတွန်းထုတ်ဖြတ်ထုတ်ခဲ့ပါတယ်။
ရာကီတစ်ရဲ့သွင်းဂိုးနဲ့အတူ မက်ဒရစ်မှာအောင်ပွဲထူထောင်နိုင်ခဲ့တဲ့ ဘာကာဟာ ဒုတိယနေရာက အက်တလက်တီကိုမက်ဒရစ်ကို ၁၀မှတ်အထိဖြတ်ထားပြီး ရီးရဲလ်မက်ဒရစ်အသင်းကို ၁၂မှတ်အထိဖြတ်ထားနိုင်ခဲ့ပါတယ်။ဂရတ်ဘေးလ်တစ်ယောက်ဟာ EI CLasico နဲ့ပွဲမှာတော့ စိတ်ပျက်စရာညဖြစ်ခဲ့ပြီးဒုတိယပိုင်းမှာလူစားလဲခံရတဲ့အချိန်မက်ဒရစ်ပရိတ်သတ်တွေရဲ့လှောင်ပြောင်ဝေဖန်ခြင်းကိုခံခဲ့ရပါတယ်။ဒါ့အပြင် နောက်ခံလူကာဗယ်ဟေးလ်ကိုလည်း မက်ဒရစ်ပရိတ်သတ်တွေရှေ့မှာ ရှက်ကိုးရှက်ကန်းဖြစ်သွားစေအောင်လည်း မက်ဆီတစ်ယောက်လုပ်ပြခဲ့ပါသေးတယ်။
ဒီရာသီဘာစီလိုနာတစ်ယောက် ဆုဖလားဘယ်၂လုံးရမယ်ထင်သလဲ?
Post a Comment