EL Clasico ပြဲမွာ ဆြာရက္ဇက္ကိုရုပ္အရမ္းဆိုးတဲ့ယုန္လို ့သေရာ္ခဲ့တဲ့ ဆာဂ်ီယိုရက္ဂ်ီယြန္
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
စေနေန ့ကကစားခဲ့တဲ့ စပိန္လာလီဂါဒါဘီပြဲမွာေတာ့ရီးရဲလ္အသင္းေခါင္းေဆာင္ဆာဂ်ီယိုရာမို ့စ္နဲ ့ဘာကာအသင္းေခါင္းေဆာင္မက္ဆီတို ့ရဲ ့ထိပ္တိုက္ရန္ပြဲကိုအားလံုးေတြ ့ျမင္ခဲ့ၾကပါတယ္။ဒါ့အျပင္ ဆာဂ်ီယိုရက္ဂ်ီယြန္နဲ ့လူး၀စ္ဆြာရက္ဇ္တို ့ၾကားမွာလည္း ၂ေယာက္ၾကားေဒါသျဖစ္စရာအခိုက္အတန္ ့ေတြရိွခဲ့တာသတိျပဳစရာေကာင္းခဲ့ပါတယ္။
မာဆယ္လိုရဲ ့ေနရာမွာ ေရြးခ်ယ္ခံခဲ့ရတဲ့ဘယ္ေနာက္ခံလူရက္ဂ်ီယြန္ဟာ ပြဲကစားခ်ိန္အတြင္းမွာ ဘာကာတိုက္စစ္မွဴးဆြာရက္ဇ္နဲ ့အခ်င္းမ်ားခဲ့ၿပီး ကင္မရာေတြက သူတို ့၂ေယာက္ရဲ ့ျဖစ္ရပ္ကိုမိမိရရရိုက္ကူးနိုင္ခဲ့ပါတယ္။
ဆြာရက္ဇ္တစ္ေယာက္ သူ ့ကိုထိမိတဲ့အခ်ိန္မွာေတာ့ ရီးရဲလ္ဘယ္ေနာက္ခံလူက ” ငါ့ကိုလာမထိနဲ ့….ငါ့ကိုလာမထိနဲ ့….မင္းကအရမ္းရုပ္ဆိုးတယ္။မင္းကအရမ္းရုပ္ဆိုးတယ္။” လို ့ဆြာရက္ဇ္ကိုေျပာခဲ့တာပဲျဖစ္ပါတယ္။ AS သတင္းရဲ ့အဆိုအရ သူဟာ ဆြာရက္ဇ္ရဲ ့ရုပ္ပိုင္းဆိုင္ရာအသြင္အျပင္ကိုပါေလွာင္ေျပာင္ခဲ့ၿပီး ” ယုန္ေကာင္ ” လို ့ေခၚခဲ့သလို မက္ဆီကိုလည္းတိုက္ခိုက္ေျပာဆိုမႈေတြျပဳလုပ္သြားခဲ့ပါတယ္။သူဟာမက္ဆီကို ဆဲဆိုေနရင္း ” မင္းဘာေျပာလိုက္တာလဲ? မင္းနဲ ့ဘာဆိုင္လို ့လဲ?မင္းဘာျဖစ္ေနတာလဲFlea? (သန္းေကာင္.. မက္ဆီရဲ ့နာမည္ေျပာင္) ဘာလဲ? မင္းဘာေတြမွားေနတာလဲ? ” လို ့လွမ္းေျပာခဲ့ပါေသးတယ္။
မက္ဆီဟာ ရီးရဲလ္လူငယ္ကစားသမားကိုထိပ္တို္က္ရင္ဆိုင္ဖို ့ၾကိဳးစားခဲ့ေသးေသာ္လည္း ဗာရိန္းက အဲ့အေျခအေနကို ၀င္ေရာက္ဟန္ ့တားဖ်န္ေျဖခဲ့ပါတယ္။ဆြာရက္ဇ္ကေတာ့ အသက္၂၂နွစ္အရြယ္မက္ဒရစ္ဘယ္ေနာက္ခံလူကို အရင္တစ္ပြဲကဘာကာကို ရံႈးခဲ့တဲ့ ကိုပါဒီေရးရံႈးပြဲေၾကာင့္ငိုေၾကြးေနတယ္ဆိုတဲ့ အမူအရာနဲ ့ျပန္လည္လွာင္ေျပာင္လုပ္ျပခဲ့တာပဲျဖစ္ပါတယ္။
ပြဲၿပီးမွာေတာ့ စပိန္ကစားသမားျဖစ္တဲ့ ရက္ဂ်ီယြန္ဟာ သူ ့ဘက္မွာပရိတ္သတ္ေတြတိုးလာေအာင္သာလုပ္ေဆာင္ခဲ့တာျဖစ္တယ္လို ့သူနဲ ့တစ္ျပည္တည္းသားျဖစ္တဲ့ဘာကာေနာက္ခံလူဂ်ာရတ္ပီေကးက ကာကြယ္ေျပာဆိုခဲ့ပါတယ္။
” ကၽြန္ေတာ္ ရက္ဂ်ီယြန္နဲ ့စကားေျပာခဲ့ပါတယ္။သူ ့ဘက္မွာပရိတ္သတ္ေတြရလာေအာင္လုပ္ေနခဲ့တာပါ။ဒီလို အေၾကာင္းအရာေတြကကြင္းထဲမွာက်န္ခဲ့ပါၿပီ။မက္ဒရစ္ကကစားသမားအမ်ားစုနဲ ့ကၽြန္ေတာ္အတူရိွခဲ့ဖူးပါတယ္။အဆံုးမွာေတ့ာကၽြန္ေတာ္တို ့ဟာကိုယ့္ကိုယ္ကို ကာကြယ္ဖုိ ့အေကာင္းဆံုးလုပ္ေဆာင္ခဲ့ၾကတာပဲျဖစ္ပါတယ္။” လို ့ပြဲအၿပီးမွာေျပာၾကားသြားခဲ့ပါတယ္။
(Unicode)
EL Clasico ပွဲမှာ ဆွာရက်ဇက်ကိုရုပ်အရမ်းဆိုးတဲ့ယုန်လို့သရော်ခဲ့တဲ့ ဆာဂျီယိုရက်ဂျီယွန်
စနေနေ့ကကစားခဲ့တဲ့ စပိန်လာလီဂါဒါဘီပွဲမှာတော့ရီးရဲလ်အသင်းခေါင်းဆောင်ဆာဂျီယိုရာမို့စ်နဲ့ဘာကာအသင်းခေါင်းဆောင်မက်ဆီတို့ရဲ့ထိပ်တိုက်ရန်ပွဲကိုအားလုံးတွေ့မြင်ခဲ့ကြပါတယ်။ဒါ့အပြင် ဆာဂျီယိုရက်ဂျီယွန်နဲ့လူးဝစ်ဆွာရက်ဇ်တို့ကြားမှာလည်း ၂ယောက်ကြားဒေါသဖြစ်စရာအခိုက်အတန့်တွေရှိခဲ့တာသတိပြုစရာကောင်းခဲ့ပါတယ်။
မာဆယ်လိုရဲ့နေရာမှာ ရွေးချယ်ခံခဲ့ရတဲ့ဘယ်နောက်ခံလူရက်ဂျီယွန်ဟာ ပွဲကစားချိန်အတွင်းမှာ ဘာကာတိုက်စစ်မှူးဆွာရက်ဇ်နဲ့အချင်းများခဲ့ပြီး ကင်မရာတွေက သူတို့၂ယောက်ရဲ့ဖြစ်ရပ်ကိုမိမိရရရိုက်ကူးနိုင်ခဲ့ပါတယ်။
ဆွာရက်ဇ်တစ်ယောက် သူ့ကိုထိမိတဲ့အချိန်မှာတော့ ရီးရဲလ်ဘယ်နောက်ခံလူက ” ငါ့ကိုလာမထိနဲ့….ငါ့ကိုလာမထိနဲ့….မင်းကအရမ်းရုပ်ဆိုးတယ်။မင်းကအရမ်းရုပ်ဆိုးတယ်။” လို့ဆွာရက်ဇ်ကိုပြောခဲ့တာပဲဖြစ်ပါတယ်။ AS သတင်းရဲ့အဆိုအရ သူဟာ ဆွာရက်ဇ်ရဲ့ရုပ်ပိုင်းဆိုင်ရာအသွင်အပြင်ကိုပါလှောင်ပြောင်ခဲ့ပြီး ” ယုန်ကောင် ” လို့ခေါ်ခဲ့သလို မက်ဆီကိုလည်းတိုက်ခိုက်ပြောဆိုမှုတွေပြုလုပ်သွားခဲ့ပါတယ်။သူဟာမက်ဆီကို ဆဲဆိုနေရင်း ” မင်းဘာပြောလိုက်တာလဲ? မင်းနဲ့ဘာဆိုင်လို့လဲ?မင်းဘာဖြစ်နေတာလဲFlea? (သန်းကောင်.. မက်ဆီရဲ့နာမည်ပြောင်) ဘာလဲ? မင်းဘာတွေမှားနေတာလဲ? ” လို့လှမ်းပြောခဲ့ပါသေးတယ်။
မက်ဆီဟာ ရီးရဲလ်လူငယ်ကစားသမားကိုထိပ်တိုက်ရင်ဆိုင်ဖို့ကြိုးစားခဲ့သေးသော်လည်း ဗာရိန်းက အဲ့အခြေအနေကို ဝင်ရောက်ဟန့်တားဖျန်ဖြေခဲ့ပါတယ်။ဆွာရက်ဇ်ကတော့ အသက်၂၂နှစ်အရွယ်မက်ဒရစ်ဘယ်နောက်ခံလူကို အရင်တစ်ပွဲကဘာကာကို ရှုံးခဲ့တဲ့ ကိုပါဒီရေးရှုံးပွဲကြောင့်ငိုကြွေးနေတယ်ဆိုတဲ့ အမူအရာနဲ့ပြန်လည်လှာင်ပြောင်လုပ်ပြခဲ့တာပဲဖြစ်ပါတယ်။
ပွဲပြီးမှာတော့ စပိန်ကစားသမားဖြစ်တဲ့ ရက်ဂျီယွန်ဟာ သူ့ဘက်မှာပရိတ်သတ်တွေတိုးလာအောင်သာလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သူနဲ့တစ်ပြည်တည်းသားဖြစ်တဲ့ဘာကာနောက်ခံလူဂျာရတ်ပီကေးက ကာကွယ်ပြောဆိုခဲ့ပါတယ်။
” ကျွန်တော် ရက်ဂျီယွန်နဲ့စကားပြောခဲ့ပါတယ်။သူ့ဘက်မှာပရိတ်သတ်တွေရလာအောင်လုပ်နေခဲ့တာပါ။ဒီလို အကြောင်းအရာတွေကကွင်းထဲမှာကျန်ခဲ့ပါပြီ။မက်ဒရစ်ကကစားသမားအများစုနဲ့ကျွန်တော်အတူရှိခဲ့ဖူးပါတယ်။အဆုံးမှာတေ့ာကျွန်တော်တို့ဟာကိုယ့်ကိုယ်ကို ကာကွယ်ဖို့အကောင်းဆုံးလုပ်ဆောင်ခဲ့ကြတာပဲဖြစ်ပါတယ်။” လို့ပွဲအပြီးမှာပြောကြားသွားခဲ့ပါတယ်။
Post a Comment