Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဆန်းချက်စ်ဟာ အာဆင်နယ် - မန်ယူနိုက်တက်ပွဲ နဲ့ တစ်ရက်တည်းကစားနေတဲ့ ဘာစီိလိုနာ - ဗယ်လာဒိုလစ်ပွဲကို ကွင်းအတွင်း သွား ရောက်အားပေးနေခဲ့တာပါ။
ဒဏ်ရာကြောင့် အာဆင်နယ်နဲ့ ကစားမယ့်ပွဲကို လွဲချော်ခဲ့တဲ့ ဆန်းချက်အနေနဲ့ အပေါ်ကုဒ် အကျီ ၀တ်ဆင်ထားပြီး ဘာစီလိုနာက ဗယ်လီကာနိုကို အနိုင်ယူခဲ့တဲ့ပွဲကို ကွင်းအတွင်း ကျကျနန သွားရောက် အားပေးနေတာ မြင်တွေ့ရမှာပါ။
ဒီဒူးဒဏ်ရာကိုတော့ ဆောက်သမ်တန်ကို - ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ရရှိခဲ့တာ ဖြစ်ပြီး ချီလီအသင်းရဲ့ အကြော ပညာရှင်ကတော့ အနည်းဆုံး ပတ်ကနေ ပတ်ထိ နားရမယ်လို့ ခန့်မှန်းပေးထားပါတယ်။
ဆန်းချက်ကတော့ ဘာစီလိုနာအသင်းမှာ ၂၀၁၁ ကနေ ၂၀၁၄ ခုနှစ်အထိ ရာသီကြာ ကစားခဲ့တဲ့ ကစားသ မားဟောင်းဖြစ်သလို မန်ယူနိုက်တက်အသင်း ယှဉ်ပြိုင်ကစားနေတဲ့ အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်းတစ်ဦး လည်း ဖြစ်ပါတယ်။
(Unicode)
ယူနိုက်တက်ကိုအားမပေးပဲအသင်းဟောင်းကိုသွားအားပေးခဲ့တဲ့အလက်စ်ဆန်းချက်စ်
ဆန်းချက်စ်ဟာ အာဆင်နယ် - မန်ယူနိုက်တက်ပွဲ နဲ့ တစ်ရက်တည်းကစားနေတဲ့ ဘာစီလိုနာ - ဗယ်လာဒိုလစ်ပွဲကို ကွင်းအတွင်း သွား ရောက်အားပေးနေခဲ့တာပါ။
မန်ယူနိုက်တက် အသင်းရဲ့ လုပ်ခမြင့် တိုက်စစ်မှူး ဆန်းချက်ကတော့ မနေ့ညက အာဆင်နယ်နဲ့ မန်ယူနိုက်တက်ပွဲကို ကွင်းအတွင်း လာရောက်အားပေးခဲ့ခြင်းမရှိပဲ အသင်းဟောင်းပွဲကိုသာ သွားရောက်အားပေးခဲ့တယ်လို့ Daily Mail က ဖော်ပြ လာပါတယ်။
ဒဏ်ရာကြောင့် အာဆင်နယ်နဲ့ ကစားမယ့်ပွဲကို လွဲချော်ခဲ့တဲ့ ဆန်းချက်အနေနဲ့ အပေါ်ကုဒ် အကျီ ၤ ဝတ်ဆင်ထားပြီး ဘာစီလိုနာက ဗယ်လီကာနိုကို အနိုင်ယူခဲ့တဲ့ပွဲကို ကွင်းအတွင်း ကျကျနန သွားရောက် အားပေးနေတာ မြင်တွေ့ရမှာပါ။
ဆန်းချက်ကတော့ ဒူးဒဏ်ရာကြောင့် ၂လလောက်အနားယူရဖို့ ရှိနေတာကြောင့် ရာသီကုန်အထိ မန်ယူနိုက်တက်ပွဲစဉ်တွေကို လွဲချော်ရတော့မယ့်သူလည်း ဖြစ်ပါတယ်။
ဒီဒူးဒဏ်ရာကိုတော့ ဆောက်သမ်တန်ကို ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ရရှိခဲ့တာ ဖြစ်ပြီး ချီလီအသင်းရဲ့ အကြော ပညာရှင်ကတော့ အနည်းဆုံး ၆ ပတ်ကနေ ၈ ပတ်ထိ နားရမယ်လို့ ခန့်မှန်းပေးထားပါတယ်။
“ ၂၀၁၉ ခုနှစ်အတွင်းမှာ ကစားဖို့ ရှိနေတဲ့ ကိုပါအမေရိက ဖလားပြိုင်ပွဲအမီတော့ သူပြန်ကောင်းလာမှာပါ။ အခု ၆ ပတ်နဲ့ ၈ ပတ်အတွင်းတော့ သူပြန်ကစားနိုင်ဦးမှာ မဟုတ်ပါဘူး။” လို့ ချီလီလက်ရွေးစင်အသင်း အကြောပညာရှင်က ပြောခဲ့ပါတယ်။
ဆန်းချက်ကတော့ ဘာစီလိုနာအသင်းမှာ ၂၀၁၁ ကနေ ၂၀၁၄ ခုနှစ်အထိ ၃ ရာသီကြာ ကစားခဲ့တဲ့ ကစားသ မားဟောင်းဖြစ်သလို မန်ယူနိုက်တက်အသင်း ယှဉ်ပြိုင်ကစားနေတဲ့ အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်းတစ်ဦး လည်း ဖြစ်ပါတယ်။
No comments
Powered by Blogger.