Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
အဆိုပါပွဲမှာတော့ အာဆင်နယ်အသင်းဟာ ဇာခါရဲ့ ပထမပိုင်းအဝေးကစ်သွင်းဂိုး၊အူဘားမီးယန်းရဲ့ ပယ်နယ်တီသွင်းဂိုးတွေနဲ့အတူ ဆိုးလ်ရှားလက်ထက် ယူနိုက်တက်ရဲ့ ပရီးမီးယားလိပ်ရှုံးပွဲမရှိစံချိန်ကိုရပ်တန့် ခဲ့ပြီး အဆင့်၎အတွင်းဝင်ရောက်လာနိုင်ခဲ့ကာတတိယနေရာက စပါးလ်အသင်းနဲ့ ၁မှတ်အကွာအနေအထားနဲ့ ရာသီကုန်ချန်ပီယံလိပ်ဝင်ခွင့်ရဖို့ အခြေအနေကောင်းသွားခဲ့တာပဲဖြစ်ပါတယ်။
(Unicode)
အာဆင်နယ်အသင်းရဲ့ပယ်နယ်တီကိုကြည့်ရဖို့ဂွမ်ဒိုဇီနဲ့အီဝိုဘီတို့ကိုလေးဖက်ထောက်ခိုင်းခဲ့တဲ့အာဆင်နယ်ပရိတ်သတ်တစ်ယောက်
အာဆင်နယ်ပရိတ်သတ်တစ်ယောက်ကတော့ မနေ့ညကယူနိုက်တက်နဲ့ပွဲမှာ အနိုင်၃မှတ်သေချာစေမယ့်အူဘာမီးယန်းရဲ့ပယ်နယ်တီသွင်းယူတဲ့အခိုက်အတန့်ကိုရှင်းရှင်းလင်းလင်းကြည့်ချင်ခဲ့ပါတယ်။
ပွဲကြည့်စင်ရှေ့ဘက်ခြမ်းမှာ သင်ရောက်နေခဲ့တယ်ဆိုရင် သင့်အရပ်အမောင်းကို ၆ ပေ ၁၀ လက်မအထိရှိနေရင်တောင်မြင်ကွင်းကျယ်ကျယ်ကိုမြင်နိုင်စွမ်းမရှိပါဘူး။အားသာချက်က ကစားသမား၊နည်းပြတွေနဲ့နီးနီးကပ်ကပ်ကြည့်ရှုနိုင်ပြီး ဘောလုံးပွဲရဲ့အနီးကပ်ဖြစ်ရပ်ကို ထင်ထင်ရှားရှားကြည့်ရှုနိုင်ပါတယ်။
မနေ့ညက အမ်မရိတ်ကွင်းရဲ့ပွဲကြည့်စင်ရှေ့ဘက်ခြမ်းမှာတော့ အူဘာမီးယန်းပယ်နယ်တီကန်သွင်းဖို့ပြုလုပ်နေစဉ်အတွင်း အရံလူကစားသမားတွေဖြစ်တဲ့ ဂွမ်ဒိုဇီနဲ့အီဝိုဘီတို့ကမတ်တပ်ရပ်နေတာကြောင့် မြင်ကွင်းကွယ်နေသလို ဖြစ်ခဲ့ပြီးပရိတ်သတ်တစ်ယောက်ကလှမ်းအော်ပြောခဲ့ရာ အီဝိုဘီရော ဂွမ်ဒိုဇီပါ ခေါင်းရှောင်ပေးခဲ့ပြီး လေးဖက်ထောက်ဒိုက်ထိုးတဲ့အမူအရာနဲ့ပါအရွှန်းဖောက်လုပ်ဆောင်ပြခဲ့ပါတယ်။
အဆိုပါပွဲမှာတော့ အာဆင်နယ်အသင်းဟာ ဇာခါရဲ့ပထမပိုင်းအဝေးကစ်သွင်းဂိုး၊အူဘားမီးယန်းရဲ့ပယ်နယ်တီသွင်းဂိုးတွေနဲ့အတူ ဆိုးလ်ရှားလက်ထက် ယူနိုက်တက်ရဲ့ပရီးမီးယားလိပ်ရှုံးပွဲမရှိစံချိန်ကိုရပ်တန့်ခဲ့ပြီး အဆင့်၄အတွင်းဝင်ရောက်လာနိုင်ခဲ့ကာတတိယနေရာက စပါးလ်အသင်းနဲ့၁မှတ်အကွာအနေအထားနဲ့ရာသီကုန်ချန်ပီယံလိပ်ဝင်ခွင့်ရဖို့အခြေအနေကောင်းသွားခဲ့တာပဲဖြစ်ပါတယ်။
No comments
Powered by Blogger.