Header Ads


ေဘာလံုးကစားေနတဲ့ကာလတစ္ေလ ွ်ာက္မိန္းမမယူရတဲ့အေၾကာင္းအရင္းကိုဖြင့္ဟေျပာၾကားခဲ့တဲ့ဆြန္

Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

၂၀၁၅ ခုနွစ္မွာေလဗာကူဆင္ကေန ေျပာင္းလာခဲ့တဲ့စပါးတိုက္စစ္ကစားသမားဆြန္ေဟာင္မင္ဟာ ပရီးမီးယားလိပ္ရဲ ့ စူပါတစ္ေယာက္အျဖစ္အသိအမွတ္ျပဳျခင္းခံထားရတာဟာ တိုက္ဆိုက္မႈေၾကာင့္လံုး၀မဟုတ္ပါဘူး။

ျပင္းျပင္းထန္ထန္ေလ့က်င့္မႈ၊စိတ္အာရံုစူးစိုက္မႈ၊တစ္ခုထဲေသာစိတ္အာရံုနဲ ့မယံုနိုင္စရာေကာင္းေအာင္ခ်ဥ္းကပ္ေနမႈေတြက ေတာင္ကိုရီးယားသားကိုထိပ္တန္းတစ္ေနရာအထိအေရာက္ပို ့ေပးခဲ့ၿပီး ဒီရာသီသူ ့မွတ္တမ္းေတြက အရည္အေသြးကိုသက္ေသထူလ်က္ရိွေနပါတယ္။



ဆြန္ဟာ ဒီရာသီပရီးမီးယားလိပ္မွာ ၁၆၀၂ မိနစ္ကစားၿပီးခ်ိန္မွာ ၁၁ဂိုးသြင္းထားၿပီး ၅ၾကိမ္ဖန္တီးေပးထားနိုင္ပါတယ္။The Gurdian နဲ ့အင္တာဗ်ဳးမွာေတာ့ ဆြန္က သူ ့အေဖရဲ ့ဆိုဆံုးမမႈကိုေျပာျပခဲ့ပါတယ္။သူ ့အေဖက အကယ္၍မင္းလက္ထက္ခဲ့ရင္ နံပါတ္၁ဟာ မင္းမိသားစု၊မင္းမိန္းမနဲ ့ကေလးေတြအတြက္ပဲျဖစ္ရၿပီးေတာ့ သူတို ့ရဲ ့ေနာက္မွာေဘာလံုးကိုထားရမယ္လို ့ေျပာခဲ့ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

”ကၽြန္ေတာ့္အေဖကေတာ့ ဒီလိုေျပာပါတယ္။ကၽြန္ေတာ္လည္းသေဘာတူပါတယ္။မင္းလက္ထပ္ၿပီးတဲ့အခ်ိန္က်ရင္ နံပါတ္၁ဟာ မိသားစု၊မိန္းမနဲ ့ကေလးေတြအတြက္ပဲျဖစ္ရမယ္။သူတို ့ေနာက္မွေဘာလံုးေပါ့။ကၽြန္ေတာ္ထိပ္တန္းအဆင့္မွာကစားနိုင္ေနေအာင္ ကၽြန္ေတာ္ေသခ်ာေပါက္လုပ္ခ်င္တာပါ။အဲ့ဒါဆိုေဘာလံုးကနံပါတ္၁ျဖစ္သြားၿပီ။ထိပ္တန္းအဆင့္မွာဘယ္ေလာက္အထိကစားနိုင္မွန္းဘယ္သူမွမသိပါဘူးဗ်ာ။အဲ့ေတာ့ အနားယူတဲ့အခါက်ရင္ ကၽြန္ေတာ့္အသက္လည္း ၃၃ ဒါမွမဟုတ္ ၃၄ ေပါ့။အဲ့ေလာက္ဆို မိသားစုနဲ ့အတူအၾကာၾကီးေနလို ့ရသြားၿပီေပါ့၊“ လို ့ပညာသားပါပါေျဖခဲ့ပါတယ္။

ဆြန္ဟာ သူ ့ရဲ ့နွစ္သက္စရာေကာင္းတဲ့ကိုယ္ရည္ကိုယ္ေသြးနဲ ့အတူေဘာလံုးပညာမွာလည္းအရည္အေသြးစြမ္းေဆာင္ရည္ျပည့္၀တာေၾကာင့္ကလပ္ကေရာနိုင္ငံအသင္းကပရိတ္သတ္ေတြကပါသူ ့ကို ခ်စ္ျမတ္နိုးၾကတာပဲျဖစ္ပါတယ္။သူဟာၿပီးခဲ့တဲ့ စက္တင္ဘာလက ကိုရီးယားရဲ့ အာရွပြဲေတြမွာ၀င္ကစားခဲ့ၿပီး ပရိတ္သတ္ေတြရဲ ့အသဲေတြကိုေခၽြနိုင္ခဲ့သူလည္းျဖစ္ပါတယ္။ကိုရီးယားအသင္းမွာစြမ္းေဆာင္ရည္ေကာင္းေတြျပသခဲ့ၿပီးအသင္းေခါင္းေဆာင္အျဖစ္တာ၀န္ယူေနရတဲ့ဆြန္ေဟာင္မင္ဟာ နိုင္ငံရဲ ့စစ္မႈမထိမ္းမေနရ အမိန္ ့ကေနအလိုအေလ်ာက္လြတ္ၿငိမ္းခြင့္ရခဲ့တဲ့သူလည္းျဖစ္ပါတယ္။

ဆြန္ဟာလက္ရိွပရီးမီးယားလိပ္ရဲ ့အေကာင္းဆံုးတိုက္စစ္မွဴးေတြထဲကတစ္ေယာက္လား?

(Unicode)

ဘောလုံးကစားနေတဲ့ကာလတစ်လေ ျှာက်မိန်းမမယူရတဲ့အကြောင်းအရင်းကိုဖွင့်ဟပြောကြားခဲ့တဲ့ဆွန်

၂၀၁၅ ခုနှစ်မှာလေဗာကူဆင်ကနေ ပြောင်းလာခဲ့တဲ့စပါးတိုက်စစ်ကစားသမားဆွန်ဟောင်မင်ဟာ ပရီးမီးယားလိပ်ရဲ့ စူပါတစ်ယောက်အဖြစ်အသိအမှတ်ပြုခြင်းခံထားရတာဟာ တိုက်ဆိုက်မှုကြောင့်လုံးဝမဟုတ်ပါဘူး။

ပြင်းပြင်းထန်ထန်လေ့ကျင့်မှု၊စိတ်အာရုံစူးစိုက်မှု၊တစ်ခုထဲသောစိတ်အာရုံနဲ့မယုံနိုင်စရာကောင်းအောင်ချဉ်းကပ်နေမှုတွေက တောင်ကိုရီးယားသားကိုထိပ်တန်းတစ်နေရာအထိအရောက်ပို့ပေးခဲ့ပြီး ဒီရာသီသူ့မှတ်တမ်းတွေက အရည်အသွေးကိုသက်သေထူလျက်ရှိနေပါတယ်။

ဆွန်ဟာ ဒီရာသီပရီးမီးယားလိပ်မှာ ၁၆၀၂ မိနစ်ကစားပြီးချိန်မှာ ၁၁ဂိုးသွင်းထားပြီး ၅ကြိမ်ဖန်တီးပေးထားနိုင်ပါတယ်။The Gurdian နဲ့အင်တာဗျုးမှာတော့ ဆွန်က သူ့အဖေရဲ့ဆိုဆုံးမမှုကိုပြောပြခဲ့ပါတယ်။သူ့အဖေက အကယ်၍မင်းလက်ထက်ခဲ့ရင် နံပါတ်၁ဟာ မင်းမိသားစု၊မင်းမိန်းမနဲ့ကလေးတွေအတွက်ပဲဖြစ်ရပြီးတော့ သူတို့ရဲ့နောက်မှာဘောလုံးကိုထားရမယ်လို့ပြောခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

”ကျွန်တော့်အဖေကတော့ ဒီလိုပြောပါတယ်။ကျွန်တော်လည်းသဘောတူပါတယ်။မင်းလက်ထပ်ပြီးတဲ့အချိန်ကျရင် နံပါတ်၁ဟာ မိသားစု၊မိန်းမနဲ့ကလေးတွေအတွက်ပဲဖြစ်ရမယ်။သူတို့နောက်မှဘောလုံးပေါ့။ကျွန်တော်ထိပ်တန်းအဆင့်မှာကစားနိုင်နေအောင် ကျွန်တော်သေချာပေါက်လုပ်ချင်တာပါ။အဲ့ဒါဆိုဘောလုံးကနံပါတ်၁ဖြစ်သွားပြီ။ထိပ်တန်းအဆင့်မှာဘယ်လောက်အထိကစားနိုင်မှန်းဘယ်သူမှမသိပါဘူးဗျာ။အဲ့တော့ အနားယူတဲ့အခါကျရင် ကျွန်တော့်အသက်လည်း ၃၃ ဒါမှမဟုတ် ၃၄ ပေါ့။အဲ့လောက်ဆို မိသားစုနဲ့အတူအကြာကြီးနေလို့ရသွားပြီပေါ့၊“ လို့ပညာသားပါပါဖြေခဲ့ပါတယ်။

ဆွန်ဟာ သူ့ရဲ့နှစ်သက်စရာကောင်းတဲ့ကိုယ်ရည်ကိုယ်သွေးနဲ့အတူဘောလုံးပညာမှာလည်းအရည်အသွေးစွမ်းဆောင်ရည်ပြည့်ဝတာကြောင့်ကလပ်ကရောနိုင်ငံအသင်းကပရိတ်သတ်တွေကပါသူ့ကို ချစ်မြတ်နိုးကြတာပဲဖြစ်ပါတယ်။သူဟာပြီးခဲ့တဲ့ စက်တင်ဘာလက ကိုရီးယားရဲ့ အာရှပွဲတွေမှာဝင်ကစားခဲ့ပြီး ပရိတ်သတ်တွေရဲ့အသဲတွေကိုချွေနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ကိုရီးယားအသင်းမှာစွမ်းဆောင်ရည်ကောင်းတွေပြသခဲ့ပြီးအသင်းခေါင်းဆောင်အဖြစ်တာဝန်ယူနေရတဲ့ဆွန်ဟောင်မင်ဟာ နိုင်ငံရဲ့စစ်မှုမထိမ်းမနေရ အမိန့်ကနေအလိုအလျောက်လွတ်ငြိမ်းခွင့်ရခဲ့တဲ့သူလည်းဖြစ်ပါတယ်။

ဆွန်ဟာလက်ရှိပရီးမီးယားလိပ်ရဲ့အကောင်းဆုံးတိုက်စစ်မှူးတွေထဲကတစ်ယောက်လား?

No comments

Powered by Blogger.