Header Ads


ေရာ္ဂ်ာလက္ထက္တုန္းကလိုပဲလီဗာပူးအသင္းဟာဖလားေၾကာက္တဲ့ေရာဂါခံစားေနရတယ္လို ့ဆိုလိုက္တဲ့ဆမ္အလာဒြိဳက္စ္

Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

လီဗာပူးလ္အသင္းဟာအရင္နည္းျပေဟာင္းဘရန္ဒန္ေရာ္ဂ်ာလက္ထက္တုန္းကလိုပဲ ခ်န္ပီယံျဖစ္ခါနီးမွာအဆံုးသတ္သြားခဲ့ရတဲ့ ဖလားေၾကာက္တဲ့ေရာဂါလကၡဏကိုစတင္ျပသေနၿပီလို ့ဆမ္အလာဒြိဳက္စ္ကဆိုလိုက္ပါတယ္။အဲဗာတန္အသင္းနဲ ့ဂိုးမရိွသေရက်တဲ့မာေဆးဆိုဒ္ပြဲမွာ လီဗာပူးလ္တုိ ့အမွတ္ေတြေလ်ာ ့က်ခဲ့ပါတယ္။


သူတို ့ဟာလက္ရိွ၂၀၁၈/၁၉  ပရီးမီးယားလိပ္ရာသီမွာ တစ္ပြဲသာရံႈးနိမ့္ထားေသးတာပဲျဖစ္ပါတယ္။ဒါပင္မယ့္ လီဗာပူးလ္အသင္းဟာ ဒီနွစ္ဇန္န၀ါရီၿပီးတဲ့အခ်ိန္ထဲက မန္ယူနိုက္တက္၊အဲဗာတန္၊၀က္စ္ဟမ္း၊လက္စတာအသင္းေတြကုိေတာက္ေလ ွ်ာက္သေရက်ေနခဲ့တာျဖစ္ၿပီး အခုခ်ိန္မွာေတာ့ ဒီဇင္ဘာ၇ရက္ေန ့ေနာက္ပိုင္းပြဲတူနဲ ့မန္စီးတီးေနာက္မွာထိုင္ေစာင့္ေနရတဲ့အေနအထားကိုပထမဆံုးေရာက္သြားခဲ့တာပဲျဖစ္ပါတယ္။ဂ်ာဂန္ကေလာ့ရဲ ့အဖြဲ ့သားေတြဟာ ရာသီအစထဲကေအးေအးေဆးေဆးေျပးေနတာျဖစ္ေသာ္လည္းလတ္တေလာရလဒ္ေတြအရ (၀က္ဖို ့ဒ္ကို - နဲ ့နိုင္တဲ့ပြဲ) ကလြဲ၍ အမွတ္ေတြေလ်ာ့က်လာတာပဲျဖစ္ၿပီး မန္စီးတီးအသင္းက ပရီးမီးယားလိပ္ဖလားကိုု၂ရာသီဆက္ဆြတ္ခူးဖို ့ေရပန္းစားေနတာပဲျဖစ္ပါတယ္။


ၿပီးခဲ့တဲ့ အတိတ္အခ်ိန္ကာလ ၂၀၁၄ခုနွစ္တုန္းကလီဗာပူးလ္တို ့ဟာ ပရီးမီးယားလိပ္ခ်န္ပီယံျဖစ္ခါနီးမွေျခေခ်ာ္ခဲ့ဖူးပါတယ္။အဆိုပါကာလာတုန္းက ခ်ဲလ္ဆီးအသင္းဟာ အန္ဖီးလ္မွာ - ျဖင့္အနိုင္ယူသြားၿပီး စတီဗင္ဂ်ာရတ္ရဲ ့ေျခေခ်ာ္လဲက်မႈက ေပးဆပ္မႈၾကီးမားသြားခဲ့ရၿပီးေျပာစမွတ္ျဖစ္ခဲ့ရပါတယ္။ဒုတိယေျမာက္ပြဲမွာေတာ့ ခရစ္စတယ္ပဲေလ့စ္အသင္းကို - ျဖင့္အနိုင္ယူထားေနရာကေန ပြဲၿပီးခါနီး ၁၁မိနစ္အလိုမွ ေခ်ပဂိုးေတြျပန္ေပးခဲ့ရၿပီး သူတို ့အသင္းရဲ ့ပထမဆံုးပရီးမီးယားလိပ္ဖလားရမယ့္အခြင့္အေရးကိုလက္လႊတ္ခဲ့ရပါတယ္။ေရာ္ဂ်ာနဲ ့သူ ့အေပါင္းအပါတို ့ဟာ ပရီးမီးယားလိပ္ခ်န္ပီယံမျဖစ္ဖူးခဲ့တဲ့သမိုင္းအစဥ္အလာဆိုးကေနျဖစ္ေပၚလာတဲ့ဖိအားဒဏ္ေတြကို မခ်ိမဆန္ ့ခံစားခဲ့ရၿပီးအခြင့္အေရးကိုလက္လႊတ္ခဲ့ရပါတယ္။ဒါ့ေၾကာင့္အလာဒြိဳက္စ္က လက္ရိွလီဗာပူးလ္အသင္းဟာ ဒီလိုေၾကာက္ရြံတဲ့ခံစားမႈမ်ိဳးကိုခံစားေနရတယ္လို ့ယံုၾကည္ေနတာပဲျဖစ္ပါတယ္။

ဖိအားက အေတာ္ေလးမ်ားပါတယ္။လို Monday’s Alan Brazil Sports Breakfast နဲ ့ေတြ ့ဆံုစဥ္ အလာဒြိဳက္စ္ကေျပာၾကားခဲ့ပါတယ္။



လီဗာပူးလ္အသင္းဟာဒီရာသီမွာ ၁ပြဲပဲရံႈးထားေသးတာပါ။ၿပီးေတာ့ ၿပီးခဲ့တဲ့နွစ္ေတြတုန္းက ေရာ္ဂ်ာတုန္းကလို လိပ္ဖလားယူဖို ့ေၾကာက္ေနသလိုပဲလို ့ကၽြန္ေတာ္ေတာ့ျမင္ပါတယ္။ကေလာ့အတြက္ေတာ့ၾကီးမားတဲ့အက်ပ္အတည္းနဲ ့ရင္ဆိုင္ေနရပါတယ္။ ဖလားရဖို ့ၾကိဳးစားရတဲ့ စိတ္ဓာတ္ပိုင္းကို အသင္းသားေတြဆီက ဘယ္လို ရယူရမလဲ? သူ ့ကိုယ္သူေမးေနမိမွာပါ။ကၽြန္ေတာ္တို ့ထင္ခဲ့တာက ၿပီးခဲ့တဲ့အပတ္က ၀က္ဖို ့ဒ္ကို - နဲ ့က်ိတ္ၿပီးေနာက္သူတို ့ေတြဒီကတုန္ကယင္ျဖစ္ေနတဲ့ျဖစ္ရပ္ကေနျပန္လာနိုင္ၿပီဆိုတာပါပဲ။ဒါပင္မယ့္ မေန ့ကအေျခအေနမွာေတာ့အခိုက္အတန္ ့၁ခု ၂ခုေလာက္ရိွခဲ့ပါတယ္။ခင္ဗ်ားတို ့ထင္ထားတဲ့ သူတို ့အသင္းဆုဖလားရယူနိုင္တဲ့ေနရာကေပါ့။ဒါပင္မယ့္တကယ္ေတာ့ သူတို ့အသင္းလံုလံုေလာက္ေလာက္ေကာင္းမြန္ျခင္းေတာ့မရိွပါဘူး။ကၽြန္ေတာ္အတြက္ေတာ့ ဒါဟာ အနည္းငယ္ေၾကာက္ေနတယ္ပံုစံျဖစ္ေနပါတယ္။” 


ေရာ္ဂ်ာလက္ထက္လီဗာပူးလ္အသင္းဟာရာသီကုန္မွာ အမွတ္ေပးဇယားထိပ္မွာရပ္တည္နိုင္မယ့္အခြင့္အေရးလြဲေခ်ာ္ခဲ့တာေၾကာင့္ ေနာက္ရာသီ ၂၀၁၅-၁၆မွာ ေရာ္ဂ်ာလည္းအထုတ္ခံခဲ့ရပါတယ္။အခုခ်ိန္မွာေတာ့သူဟာ ပရီးမီးယားလိပ္ကို လက္စတာစီးတီးနည္းျပအျဖစ္တစ္ေက်ာ ့ျပန္လာခဲ့ၿပီး သူပထမဆံုးကိုင္တြယ္တဲ့ပြဲမွာ ၀က္ဖို ့ဒ္အသင္းကိုအေရးနိမ့္သြားခဲ့ပါတယ္။

(Unicode)

ရော်ဂျာလက်ထက်တုန်းကလိုပဲလီဗာပူးအသင်းဟာဖလားကြောက်တဲ့ရောဂါခံစားနေရတယ်လို့ဆိုလိုက်တဲ့ဆမ်အလာဒွိုက်စ်

လီဗာပူးလ်အသင်းဟာအရင်နည်းပြဟောင်းဘရန်ဒန်ရော်ဂျာလက်ထက်တုန်းကလိုပဲ ချန်ပီယံဖြစ်ခါနီးမှာအဆုံးသတ်သွားခဲ့ရတဲ့ ဖလားကြောက်တဲ့ရောဂါလက္ခဏကိုစတင်ပြသနေပြီလို့ဆမ်အလာဒွိုက်စ်ကဆိုလိုက်ပါတယ်။အဲဗာတန်အသင်းနဲ့ဂိုးမရှိသရေကျတဲ့မာဆေးဆိုဒ်ပွဲမှာ လီဗာပူးလ်တို့အမှတ်တွေလျော့ကျခဲ့ပါတယ်။

သူတို့ဟာလက်ရှိ၂၀၁၈/၁၉  ပရီးမီးယားလိပ်ရာသီမှာ တစ်ပွဲသာရှုံးနိမ့်ထားသေးတာပဲဖြစ်ပါတယ်။ဒါပင်မယ့် လီဗာပူးလ်အသင်းဟာ ဒီနှစ်ဇန်နဝါရီပြီးတဲ့အချိန်ထဲက မန်ယူနိုက်တက်၊အဲဗာတန်၊ဝက်စ်ဟမ်း၊လက်စတာအသင်းတွေကိုတောက်လေ ျှာက်သရေကျနေခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ ဒီဇင်ဘာ၇ရက်နေ့နောက်ပိုင်းပွဲတူနဲ့မန်စီးတီးနောက်မှာထိုင်စောင့်နေရတဲ့အနေအထားကိုပထမဆုံးရောက်သွားခဲ့တာပဲဖြစ်ပါတယ်။ဂျာဂန်ကလော့ရဲ့အဖွဲ့သားတွေဟာ ရာသီအစထဲကအေးအေးဆေးဆေးပြေးနေတာဖြစ်သော်လည်းလတ်တလောရလဒ်တွေအရ (ဝက်ဖို့ဒ်ကို ၅-၀ နဲ့နိုင်တဲ့ပွဲ) ကလွဲ၍ အမှတ်တွေလျော့ကျလာတာပဲဖြစ်ပြီး မန်စီးတီးအသင်းက ပရီးမီးယားလိပ်ဖလားကို၂ရာသီဆက်ဆွတ်ခူးဖို့ရေပန်းစားနေတာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အတိတ်အချိန်ကာလ ၂၀၁၄ခုနှစ်တုန်းကလီဗာပူးလ်တို့ဟာ ပရီးမီးယားလိပ်ချန်ပီယံဖြစ်ခါနီးမှခြေချော်ခဲ့ဖူးပါတယ်။အဆိုပါကာလာတုန်းက ချဲလ်ဆီးအသင်းဟာ အန်ဖီးလ်မှာ ၂-၀ ဖြင့်အနိုင်ယူသွားပြီး စတီဗင်ဂျာရတ်ရဲ့ခြေချော်လဲကျမှုက ပေးဆပ်မှုကြီးမားသွားခဲ့ရပြီးပြောစမှတ်ဖြစ်ခဲ့ရပါတယ်။ဒုတိယမြောက်ပွဲမှာတော့ ခရစ်စတယ်ပဲလေ့စ်အသင်းကို ၃-၀ ဖြင့်အနိုင်ယူထားနေရာကနေ ပွဲပြီးခါနီး ၁၁မိနစ်အလိုမှ ချေပဂိုးတွေပြန်ပေးခဲ့ရပြီး သူတို့အသင်းရဲ့ပထမဆုံးပရီးမီးယားလိပ်ဖလားရမယ့်အခွင့်အရေးကိုလက်လွှတ်ခဲ့ရပါတယ်။ရော်ဂျာနဲ့သူ့အပေါင်းအပါတို့ဟာ ပရီးမီးယားလိပ်ချန်ပီယံမဖြစ်ဖူးခဲ့တဲ့သမိုင်းအစဉ်အလာဆိုးကနေဖြစ်ပေါ်လာတဲ့ဖိအားဒဏ်တွေကို မချိမဆန့်ခံစားခဲ့ရပြီးအခွင့်အရေးကိုလက်လွှတ်ခဲ့ရပါတယ်။ဒါ့ကြောင့်အလာဒွိုက်စ်က လက်ရှိလီဗာပူးလ်အသင်းဟာ ဒီလိုကြောက်ရွံတဲ့ခံစားမှုမျိုးကိုခံစားနေရတယ်လို့ယုံကြည်နေတာပဲဖြစ်ပါတယ်။

” ဖိအားက အတော်လေးများပါတယ်။” လို့ Monday’s Alan Brazil Sports Breakfast နဲ့တွေ့ဆုံစဉ် အလာဒွိုက်စ်ကပြောကြားခဲ့ပါတယ်။

” လီဗာပူးလ်အသင်းဟာဒီရာသီမှာ ၁ပွဲပဲရှုံးထားသေးတာပါ။ပြီးတော့ ပြီးခဲ့တဲ့နှစ်တွေတုန်းက ရော်ဂျာတုန်းကလို လိပ်ဖလားယူဖို့ကြောက်နေသလိုပဲလို့ကျွန်တော်တော့မြင်ပါတယ်။ကလော့အတွက်တော့ကြီးမားတဲ့အကျပ်အတည်းနဲ့ရင်ဆိုင်နေရပါတယ်။ ဖလားရဖို့ကြိုးစားရတဲ့ စိတ်ဓာတ်ပိုင်းကို အသင်းသားတွေဆီက ဘယ်လို ရယူရမလဲ? သူ့ကိုယ်သူမေးနေမိမှာပါ။ကျွန်တော်တို့ထင်ခဲ့တာက ပြီးခဲ့တဲ့အပတ်က ဝက်ဖို့ဒ်ကို ၅-၀ နဲ့ကျိတ်ပြီးနောက်သူတို့တွေဒီကတုန်ကယင်ဖြစ်နေတဲ့ဖြစ်ရပ်ကနေပြန်လာနိုင်ပြီဆိုတာပါပဲ။ဒါပင်မယ့် မနေ့ကအခြေအနေမှာတော့အခိုက်အတန့်၁ခု ၂ခုလောက်ရှိခဲ့ပါတယ်။ခင်ဗျားတို့ထင်ထားတဲ့ သူတို့အသင်းဆုဖလားရယူနိုင်တဲ့နေရာကပေါ့။ဒါပင်မယ့်တကယ်တော့ သူတို့အသင်းလုံလုံလောက်လောက်ကောင်းမွန်ခြင်းတော့မရှိပါဘူး။ကျွန်တော်အတွက်တော့ ဒါဟာ အနည်းငယ်ကြောက်နေတယ်ပုံစံဖြစ်နေပါတယ်။” 

ရော်ဂျာလက်ထက်လီဗာပူးလ်အသင်းဟာရာသီကုန်မှာ အမှတ်ပေးဇယားထိပ်မှာရပ်တည်နိုင်မယ့်အခွင့်အရေးလွဲချော်ခဲ့တာကြောင့် နောက်ရာသီ ၂၀၁၅-၁၆မှာ ရော်ဂျာလည်းအထုတ်ခံခဲ့ရပါတယ်။အခုချိန်မှာတော့သူဟာ ပရီးမီးယားလိပ်ကို လက်စတာစီးတီးနည်းပြအဖြစ်တစ်ကျော့ပြန်လာခဲ့ပြီး သူပထမဆုံးကိုင်တွယ်တဲ့ပွဲမှာ ဝက်ဖို့ဒ်အသင်းကိုအရေးနိမ့်သွားခဲ့ပါတယ်။










No comments

Powered by Blogger.