အစဥ္အလာဆိုးေတြျပန္လည္နိုးထလာေနတဲ့လီဗာပူးလ္ (အဲဗာတန္ ၀-၀ လီဗာပူးလ္)
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
အီဂ်စ္စတားဆာလာကေတာ့ ဒီပြဲမွာ ရရိွတဲ့ ေသခ်ာေပါက္အခြင့္အေရး ၂လံုးကိုလြဲေခ်ာ္ခဲ့တာေၾကာင့္ ဒုတိယေနရာမွာ မန္စီးတီးနဲ ့တစ္မွတ္အကြာနဲ ့ရပ္တည္သြားခဲ့ရပါတယ္။
မန္စီးတီးအတြက္ သူတို ့အခြင့္အေရးေပးလိုက္သလိုပါပဲ။
လီဗာပူးလ္အသင္းရဲ ့ဆုဖလားကံၾကမၼာဟာ အဲဗာတန္အသင္းကို သေရက်သြားခဲ့ၿပီးေနာက္ သူတို ့လက္ထဲမွာ ရိွမေနေတာ့ပါဘူး။သူတို ့ဟာခက္ခဲတဲ့လမ္းအတိုင္းဆက္သြားေနရပါေတာ့မယ္။အဲဗာတန္အသင္းကေတာ့ မန္ခ်က္စတာယူနိုက္တက္အသင္းလိုမ်ိဳး အနီေရာင္တို ့ရဲ ့ခ်န္ပီယံအိပ္မက္ကိုဆြဲခ်နိုင္ေအာင္လုပ္ေဆာင္ခဲ့ပါတယ္။ဂြတ္ဆင္ပတ္က သေရရလဒ္သတင္းက အီတီဟဒ္သားတို ့အတြက္ေပ်ာ္ရႊင္စရာသတင္းဆိုတာမွားမယ္မထင္ပါဘူး။လက္က်န္၉ ပြဲကစားဖို ့ရိွေနခ်ိန္မွာ စီးတီးဟာ ၁မွတ္အသာနဲ ့အမွတ္ေပးဇယားကိုသိမ္းပိုက္ထားလိုက္ပါၿပီ။
ပြဲစတာနဲ႔ ဒါဘီ ပြဲစဥ္ ျဖစ္တာနဲ႔ အညီ နွစ္သင္း စလံုးက အျပန္အလွန္ ထိုးေဖာက္မႈေတြ ကစားလာခဲ့ၾကပါတယ္။ အဲဗာတန္ က အတင္းအ၀င္ အတင္းထြက္တဲ့ ပံုစံ မ်ိဳးနဲ႔ ဖိအားေပး ၾကိဳးစားလာခဲ့ သလို ၊ လီဗာပုူးကလဲ မိုဆာလတ္ ရဲ႕ ညာေတာင္ပံ ခံစစ္ကစားေန တုိက္စစ္ လမ္းေၾကာင္းကို ပံုေဖာ္ ေနခဲ့ ပါတယ္။
ႏွစ္သင္း စလံုးရဲ႕ ကစားပံုဟာ သြက္လက္မႈ ရွိတယ္လို႔ ေျပာလို႔ ရေပမယ့္ ၊ ေဘာလံုးကေတာ့ ကြင္းလယ္ ပိုင္းမွာသာ အခ်ိန္ကုန္ေနခဲ့ျပီး ၊ ဂိုးသြင္းခြင့္ အခြင့္အေရးေတြေတာ့ ဘယ္အသင္းကမွ ဖန္တီး ႏိုင္ခဲ့ျခင္း မရွိခဲ့ ပါဘူး။ လီဗာပူးဟာ အိုရီဂီကို ပြဲထုတ္လာခဲ့ေပမယ့္ တိုက္စစ္ ကစားေဖာ္ေတြ နဲ႔ ပံုေဖာ္ ရာမွာ အခ်ိန္အဆက္ မမိခဲ့သလုိ ၊ ဆာလတ္ရဲ႕ ေျခစြမ္းကလဲ တည္ျငိမ္မႈ အားနည္းေနခဲ့ ပါတယ္။
သို႔ေသာ္ လီဗာပူး ေနာက္တနး္ ကစားသမားေတြ ရဲ႕ စြမ္းေဆာင္ရည္ကေတာ့ တည္ျငိမ္မႈ အျပည့္ ရွိေနခဲ့ကာ အဲဗာတန္ နဲ႔ တိုက္စစ္ဆင္လာမႈေတြကို အၾကိမ္ၾကိမ္ ဟန္႔တား ႏိုင္ခဲ့သလို ၊ ကြင္းလယ္ ကစားသမားေတြ နဲ႔လဲ ခ်ိတ္ဆက္ နိုင္ခဲ့ ပါတယ္။ ပထမပိုင္း ရဲ႕ ဂိုးသြင္းခြင့္ အေကာင္းဆံုး အခြင့္အေရးကိုေတာ့ လီဗာပူး အသင္းက ရရွိခဲ့ျပီး ဆာလတ္ ဟာ ဂိုးသမား နဲ႔ တစ္ေယာက္ ေတြ႔တာေတာင္ အသံုးခ် ႏိုင္ျခင္း မရွိခဲ့ ပါဘူး။
လက္က်န္ အခ်ိန္ေတြမွာေတာ့ ႏွစ္သင္းစလံုးဟာ ဂိုးသြင္းခြင့္ အခြင့္အေရးေတာင္ ဖန္တီးႏိုင္ခဲ့ျခင္း မရွိပဲ ၊ ပထမပိုင္းဟာ ဂိးမရွိ သေရရလာဒ္ နဲ႔ သာ ျပီးဆံုး သြားခဲ့ ပါတယ္။
ဒုတိယ ပိုင္း ျပန္စလို႔ 10 မီးနစ္မွာပဲ ဆာလတ္ဟာ ေနာက္တစ္ၾကိမ္ အခြင့္အေရး ထပ္ရခဲ့ပါတယ္။ ဒီတစ္ၾကိမ္မွာေတာ့ မိုက္ကယ္ကိန္းက ဖ်က္ထုတ္လုိက္တာေၾကာင့္ ေထာင္ကန္ေဘာသာ ျဖစ္သြားခဲ့ပါတယ္။
မီးနစ္ 60 မွာေတာ့ အဲဗာတန္ ဟာ ေ၀ါေကာ့ ေနရာကို ရစ္ခ်ာလီဆြန္ နဲ႔ အစားထိုးခဲ့သလုိ ၊ လီဗာပူး ကလဲ အိုရီဂီ ၊ ၀ိုင္နယ္ဒမ္ တို႔ရဲ႕ ေနရာကို ဖာမင္ႏို ၊ ေမလ္နာ တို႔နဲ႔ လူစားလဲကာ အေျပာင္းအလဲ လုပ္လာခဲ့ ပါတယ္။ အဲဒီေနာက္မွာေတာ့လီဗာပူး တိုက္စစ္ကစားပံု ေတာ္ေတာ္ေလး တိုးတက္ လာခဲ့ျပီး ၊ ဗန္ဒိုက္ ေခါင္းတိုက္ ခ်ေပးလိုက္တဲ့ ေဘာလံုးကို ဖာဘင္ဟို က ပိတ္သြင္းဖို႔ ၾကိဳးစားေနစဥ္ မွာပဲ အဲဗာတန္က ဖ်က္ထုတ္ သြားခဲ့ျပန္ပါတယ္။
ပြဲျပီးခါနီးမွာေတာ့ လီဗာပူးဟာ ဖိအားေတြ မ်ားသြားခဲ့ျပီး တိုက္စစ္ လမ္းေၾကာင္း ပံုေဖာ္မႈေတြ မွားယြင္းေနခဲ့သလုိ ၊ ကစားပံုကလဲ အခ်ိတ္အဆက္ မမိပဲ ျဖစ္သြားခဲ့ပါတယ္။
ပြဲအျပီးမွာေတာ့ မာေဆးဆိုဒ္ ဒါဘီ ပြဲစဥ္ဟာ ဂိုးမရွိ သေရ ရလာဒ္ နဲ႔ သာ ျပီးဆံုး သြားခဲ့ျပီး ၊ မန္စီးတီးဟာ အမွတ္ေပး ဇယားကုိ ျပန္လည္ ဦးေဆာင္သြားခဲ့ပါျပီ။
အၾကိမ္ၾကိမ္ အမွတ္ျဖတ္ဖို႔ အခြင့္အေရး ရခဲ့ေပမယ့္ ၊ လီဗာပူး ကေတာ့ အခြင့္အေရးေတြ အသံုးမခ် ႏိုင္ခဲ့ ပါဘူး။ ယာဂန္ကေလာ့ပ္ရဲ႕ လီဗာပူးကလဲ အစဥ္အလာတိုင္းပဲ အဆံုးသတ္ေတာ့မွာလား ဆိုတာ စိတ္၀င္စားဖို႔ ေကာင္းေနခဲ့ျပီ ျဖစ္ပါတယ္။
(Unicode)
အစဉ်အလာဆိုးတွေပြန်လည်နိုးထလာနေတဲ့လီဗာပူးလ် (အဲဗာတန် ဝ-၀ လီဗာပူးလ်)
အီဂျစ်စတားဆာလာကတော့ ဒီပွဲမှာ ရရှိတဲ့ သေချာပေါက်အခွင့်အရေး ၂လုံးကိုလွဲချော်ခဲ့တာကြောင့် ဒုတိယနေရာမှာ မန်စီးတီးနဲ့တစ်မှတ်အကွာနဲ့ရပ်တည်သွားခဲ့ရပါတယ်။
မန်စီးတီးအတွက် သူတို့အခွင့်အရေးပေးလိုက်သလိုပါပဲ။
လီဗာပူးလ်အသင်းရဲ့ဆုဖလားကံကြမ္မာဟာ အဲဗာတန်အသင်းကို သရေကျသွားခဲ့ပြီးနောက် သူတို့လက်ထဲမှာ ရှိမနေတော့ပါဘူး။သူတို့ဟာခက်ခဲတဲ့လမ်းအတိုင်းဆက်သွားနေရပါတော့မယ်။အဲဗာတန်အသင်းကတော့ မန်ချက်စတာယူနိုက်တက်အသင်းလိုမျိုး အနီရောင်တို့ရဲ့ချန်ပီယံအိပ်မက်ကိုဆွဲချနိုင်အောင်လုပ်ဆောင်ခဲ့ပါတယ်။ဂွတ်ဆင်ပတ်က သရေရလဒ်သတင်းက အီတီဟဒ်သားတို့အတွက်ပျော်ရွှင်စရာသတင်းဆိုတာမှားမယ်မထင်ပါဘူး။လက်ကျန်၉ ပွဲကစားဖို့ရှိနေချိန်မှာ စီးတီးဟာ ၁မှတ်အသာနဲ့အမှတ်ပေးဇယားကိုသိမ်းပိုက်ထားလိုက်ပါပြီ။
ပွဲစတာနဲ့ ဒါဘီ ပွဲစဉ် ဖြစ်တာနဲ့ အညီ နှစ်သင်း စလုံးက အပြန်အလှန် ထိုးဖောက်မှုတွေ ကစားလာခဲ့ကြပါတယ်။ အဲဗာတန် က အတင်းအဝင် အတင်းထွက်တဲ့ ပုံစံ မျိုးနဲ့ ဖိအားပေး ကြိုးစားလာခဲ့ သလို ၊ လီဗာပုူးကလဲ မိုဆာလတ် ရဲ့ ညာတောင်ပံ ခံစစ်ကစားနေ တိုက်စစ် လမ်းကြောင်းကို ပုံဖော် နေခဲ့ ပါတယ်။
နှစ်သင်း စလုံးရဲ့ ကစားပုံဟာ သွက်လက်မှု ရှိတယ်လို့ ပြောလို့ ရပေမယ့် ၊ ဘောလုံးကတော့ ကွင်းလယ် ပိုင်းမှာသာ အချိန်ကုန်နေခဲ့ပြီး ၊ ဂိုးသွင်းခွင့် အခွင့်အရေးတွေတော့ ဘယ်အသင်းကမှ ဖန်တီး နိုင်ခဲ့ခြင်း မရှိခဲ့ ပါဘူး။ လီဗာပူးဟာ အိုရီဂီကို ပွဲထုတ်လာခဲ့ပေမယ့် တိုက်စစ် ကစားဖော်တွေ နဲ့ ပုံဖော် ရာမှာ အချိန်အဆက် မမိခဲ့သလို ၊ ဆာလတ်ရဲ့ ခြေစွမ်းကလဲ တည်ငြိမ်မှု အားနည်းနေခဲ့ ပါတယ်။
သို့သော် လီဗာပူး နောက်တန်း ကစားသမားတွေ ရဲ့ စွမ်းဆောင်ရည်ကတော့ တည်ငြိမ်မှု အပြည့် ရှိနေခဲ့ကာ အဲဗာတန် နဲ့ တိုက်စစ်ဆင်လာမှုတွေကို အကြိမ်ကြိမ် ဟန့်တား နိုင်ခဲ့သလို ၊ ကွင်းလယ် ကစားသမားတွေ နဲ့လဲ ချိတ်ဆက် နိုင်ခဲ့ ပါတယ်။ ပထမပိုင်း ရဲ့ ဂိုးသွင်းခွင့် အကောင်းဆုံး အခွင့်အရေးကိုတော့ လီဗာပူး အသင်းက ရရှိခဲ့ပြီး ဆာလတ် ဟာ ဂိုးသမား နဲ့ တစ်ယောက် တွေ့တာတောင် အသုံးချ နိုင်ခြင်း မရှိခဲ့ ပါဘူး။
လက်ကျန် အချိန်တွေမှာတော့ နှစ်သင်းစလုံးဟာ ဂိုးသွင်းခွင့် အခွင့်အရေးတောင် ဖန်တီးနိုင်ခဲ့ခြင်း မရှိပဲ ၊ ပထမပိုင်းဟာ ဂိးမရှိ သရေရလာဒ် နဲ့ သာ ပြီးဆုံး သွားခဲ့ ပါတယ်။
ဒုတိယ ပိုင်း ပြန်စလို့ 10 မီးနစ်မှာပဲ ဆာလတ်ဟာ နောက်တစ်ကြိမ် အခွင့်အရေး ထပ်ရခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ မိုက်ကယ်ကိန်းက ဖျက်ထုတ်လိုက်တာကြောင့် ထောင်ကန်ဘောသာ ဖြစ်သွားခဲ့ပါတယ်။
မီးနစ် 60 မှာတော့ အဲဗာတန် ဟာ ဝေါကော့ နေရာကို ရစ်ချာလီဆွန် နဲ့ အစားထိုးခဲ့သလို ၊ လီဗာပူး ကလဲ အိုရီဂီ ၊ ဝိုင်နယ်ဒမ် တို့ရဲ့ နေရာကို ဖာမင်နို ၊ မေလ်နာ တို့နဲ့ လူစားလဲကာ အပြောင်းအလဲ လုပ်လာခဲ့ ပါတယ်။ အဲဒီနောက်မှာတော့လီဗာပူး တိုက်စစ်ကစားပုံ တော်တော်လေး တိုးတက် လာခဲ့ပြီး ၊ ဗန်ဒိုက် ခေါင်းတိုက် ချပေးလိုက်တဲ့ ဘောလုံးကို ဖာဘင်ဟို က ပိတ်သွင်းဖို့ ကြိုးစားနေစဉ် မှာပဲ အဲဗာတန်က ဖျက်ထုတ် သွားခဲ့ပြန်ပါတယ်။
ပွဲပြီးခါနီးမှာတော့ လီဗာပူးဟာ ဖိအားတွေ များသွားခဲ့ပြီး တိုက်စစ် လမ်းကြောင်း ပုံဖော်မှုတွေ မှားယွင်းနေခဲ့သလို ၊ ကစားပုံကလဲ အချိတ်အဆက် မမိပဲ ဖြစ်သွားခဲ့ပါတယ်။
ပွဲအပြီးမှာတော့ မာဆေးဆိုဒ် ဒါဘီ ပွဲစဉ်ဟာ ဂိုးမရှိ သရေ ရလာဒ် နဲ့ သာ ပြီးဆုံး သွားခဲ့ပြီး ၊ မန်စီးတီးဟာ အမှတ်ပေး ဇယားကို ပြန်လည် ဦးဆောင်သွားခဲ့ပါပြီ။
အကြိမ်ကြိမ် အမှတ်ဖြတ်ဖို့ အခွင့်အရေး ရခဲ့ပေမယ့် ၊ လီဗာပူး ကတော့ အခွင့်အရေးတွေ အသုံးမချ နိုင်ခဲ့ ပါဘူး။ ယာဂန်ကလော့ပ်ရဲ့ လီဗာပူးကလဲ အစဉ်အလာတိုင်းပဲ အဆုံးသတ်တော့မှာလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေခဲ့ပြီ ဖြစ်ပါတယ်။
Post a Comment