Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ချဲလ်ဆီးအသင်းရဲ့ လန်ဒန်ဒါဘီပွဲစဉ်အဖြစ် ယနေ့ ညဖူလ်ဟမ်အသင်းကို - ဖြင့်အနိုင်ရတဲ့ပွဲမှာ ကွင်းလယ်လူဂျော်ဂျင်ဟိုက အသင်းအတွက်အနိုင်ဂိုးကိုသွင်းယူပေးခဲ့ပြီး သူ့ ရဲ့ open play ကနေပထမဆုံးပရီးမီးယားလိပ်သွင်းဂိုးကိုယူဆောင်နိုင်ခဲ့ပါတယ်။
ပွဲချိန် မိနစ် မှာပဲ ရရှိလာတဲ့ ဖရီးကစ် ကနေ ပြန်လျှံကျ လာတာ ကို ကန်တေ နဲ့ ဟာဇတ် တို့ အချိတ်အဆက် က ဖြတ်တင်ဘော ကို ဟီဂွာအင် ခေါင်းတိုက် အဆုံးသတ်ခွင့် ရခဲ့ပေမယ့် ဂိုးပေါက်လွဲ ခဲ့ပါတယ် ပွဲချိန် မိနစ် မှာ တန်ပြန် တိုက်စစ် ကနေ ဖူလ်ဟမ် ဖက်က ကာရီနေး အပိုင် ကန်ချက် ကို အက်ဇ်ပီလီကွီတာ လျှောထိုး ပိတ်နိုင်ခဲ့ သလို ပြန်အန် ထွက်လာတာ ကို ထပ်ကန် တဲ့ ဘရိုင်ယန် ရဲ့ ကန်ချက် လည်း ဂိုးပေါက် ဘေးက ကပ်ထွက် ခဲ့ပါတယ်
ပွဲချိန် ၃၄ မိနစ် မှာ ဆီဆက်ဂနွန် ရဲ့ ဖြတ်တင်ပေးပို့မှု ကို အိုဒွိုင်း အပိုင် ပိတ်ခဲ့ပေမယ့် ဂိုးပေါက် နဲ့ လွဲခဲ့ပါတယ် ပွဲချိန် ၃၆ မိနစ် မှာ ဟီဂွာအင် ရဲ့ အနီးကပ် ပေးပို့မှု ကို ဟာဇတ် ပြေးပိတ် ခဲ့ပေမယ့် ခံစစ် ကစားသမား တွေနဲ့ ထိထွက် ခဲ့ပါတယ် ပွဲချိန် မိနစ် ၄၀ မှာ ဟီဂွာအင် ရဲ့ အနီးကပ် ပေးပို့မှု ကို ဟာဇတ် အပိုင် ထပ်ပိတ် ခဲ့ပေမယ့် ရီကို ကာကွယ် နိုင်ခဲ့ပါတယ် ပထမပိုင်းပြီးခါနီး မှာ အက်ဇ်ပီလီကွီတာ ရဲ့ ဖြတ်တင်ဘော ကို ဟီဂွာအင် အပိုင်ပိတ် ခဲ့ပေမယ့် ရီကို လက်စွမ်းပြ နိုင်ခဲ့ပါတယ် ပထမပိုင်း အပြီး မှာတော့ ချယ်လ်ဆီး အသင်း ဟာ ဟီဂွာအင် ဂျော်ဂျင်ဟို တို့ရဲ့ သွင်းဂိုး တွေနဲ့ ဦးဆောင် ထားနိုင် ခဲ့ပါတယ်
ဒုတိယပိုင်းပြန်စ လို့ ၂မိနစ် အကြာမှာပဲ တသင်းလုံး အချိတ်အဆက် ညီညီ နဲ့ ကစား ရာက တဆင့် ဘာကလေ ရဲ့ ပေးပို့မှု ကို ဟာဇတ် ဧရိယာ ထဲ ဆွဲဆွဲဝင်ဝင် ကန်ခဲ့ပေမယ့် ကန်ချက် ပျော့ခဲ့ ပါတယ် ပွဲချိန် ၅၁ မိနစ် မှာ အရှိန်နဲ့ ဆွဲပြေး လာတဲ့ ဝီလီယံ ကို ဖြတ်တားလို့ မက်ဒေါ်နယ် အဝါထိ ခဲ့ပါတယ် ပွဲချိန် ၅၂ မိနစ် မှာ ဂျော်ဂျင်ဟို ရဲ့ ဖန်တီးပေးပို့မှု ကို ဝီလီယံ အပိုင် ပိတ်ခဲ့ပေမယ့် ဂိုးအပြင် ပိုက်နဲ့ သာ မိတ်ဆက် ခဲ့ပါတယ် 
ပွဲချိန် ၅၉ မိနစ် မှာ တန်ပြန် တိုက်စစ် ကနေ ဘာဘယ်လ် ရဲ့ ပေးပို့မှု ကို မီထရိုဗစ် အဝေး ကန်ချက် နဲ့ ကန်သွင်း ခဲ့ပေမယ့် ဂိုးဘား ပေါ်က အနည်းငယ် ကျော်တက် ခဲ့ရပါတယ် ပွဲချိန် မိနစ် ၆၀ မှာ တန်ပြန် တိုက်စစ် ဆင်လာတဲ့ ဆီဆက်ဂနွန် ကို လျှောထိုး ဖျက်ထုတ် ခဲ့လို့ ဂျော်ဂျင်ဟို အဝါ ထိခဲ့ ပါတယ် ပွဲချိန် ၆၂ မိနစ် မှာ မက်ဒေါ်နယ် အစား အန်ဂွီစာ ဝင်ကစား ပါတယ် ပွဲချိန် ၆၅ မိနစ် မှာ ကာရီနေး ရဲ့ အဝေးကန်ချက် ကို ကီပါ ကာကွယ် နိုင်ခဲ့ပါတယ်
ပွဲချိန် ၆၇ မိနစ် မှာ ဂျော်ဂျင်ဟို အစား ကိုဗာဆစ် ဝင်ကစား ပါတယ် ပွဲချိန် မိနစ် ၇၀ မှာ ဘာဘယ်လ် အစား အယီတေး ဝင်ကစား ပါတယ် ပွဲချိန် ၇၁ မိနစ် မှာ မီထရိုဗစ် ရဲ့ အနီးကပ် ပေးပို့မှု ကို ဘရိုင်ယန် အဝေး ကန်ချက် နဲ့ ခြိမ်းခြောက် ခဲ့ပေမယ့် ကီပါ ကာကွယ် နိုင်ခဲ့ ပါတယ် ပွဲချိန် ၇၃ မိနစ် မှာ ဟာဇတ် အစား ပတ်ဒရို ဝင်ကစား ပါတယ် ပွဲချိန် ၇၇ မိနစ် မှာ ဘာကလေ အစား လော့ဖ်တပ်စ်ချိခ် ဝင်ကစား ပါတယ်
ပွဲချိန် ၇၉ မိနစ် မှာ ကာရီနေး အစား ဗီယက်တို ဝင်ကစား ပါတယ် ပွဲချိန် ၈၈ မိနစ် မှာ အယီတေး ရဲ့ ဖြတ်တင်ဘော ကို မီထရိုဗစ် ခေါင်းနဲ့ ပြေးပိတ် ခဲ့ပေမယ့် ကီပါ လက်စွမ်းပြ ခဲ့ပါတယ် ပွဲပြီးခါနီး မှာ ဆီဆက်ဂနွန် ရဲ့ အနီးကပ် ပိတ်သွင်းမှု လူကျွံ ခဲ့လို့ ချယ်လ်ဆီး တို့ သက်သာရာ ရခဲ့ပါတယ် ပွဲအပြီး မှာတော့ ချယ်လ်ဆီး အသင်း ကပဲ ပထမပိုင်း ရလဒ် နဲ့ ခက်ခက်ခဲခဲ နိုင်ပွဲ တပွဲ ကို ရယူ ခဲ့ကာ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အပေါ် က အသင်းတွေ ကို ထပ်ကြပ်မကွာ ဖိအား ပေးနိုင် ခဲ့ပါတယ်
(Unicode)
ဂျော်ဂျင်ဟိုရဲ့ဂိုးနဲ့ချဲလ်ဆီးတို့လန်ဒန်ဒါဘီအောင်ပွဲကိုအရယူနိုင်ခဲ့ပါတယ်။ ဖူလ်ဟမ် ၁-၂ ချဲလ်ဆီး
EFL ဖလားဖိုင်နယ်ပွဲမှာနည်းပြနဲ့ပြဿနာဖြစ်ခဲ့တဲ့ချဲလ်ဆီးဂိုးသမားကီပါတစ်ယောက် ယနေ့ပွဲရဲ့ပွဲထွက်လူစာရင်းမှာပါဝင်လာခဲ့ပါတယ်။
ချဲလ်ဆီးအသင်းရဲ့လန်ဒန်ဒါဘီပွဲစဉ်အဖြစ် ယနေ့ညဖူလ်ဟမ်အသင်းကို ၂-၁ ဖြင့်အနိုင်ရတဲ့ပွဲမှာ ကွင်းလယ်လူဂျော်ဂျင်ဟိုက အသင်းအတွက်အနိုင်ဂိုးကိုသွင်းယူပေးခဲ့ပြီး သူ့ရဲ့ပထမဆုံးopen play ကနပေရီးမီးယားလိပ်သွင်းဂိုးကိုယူဆောင်နိုင်ခဲ့ပါတယ်။
ဖူလ်ဟမ်အသင်းကတော့ အသင်းရဲ့နည်းပြရာနီရေးနီကိုထုတ်ပယ်ခဲ့ပြီးနောက် ယခုချဲလ်ဆီးနဲ့ပွဲကို ယာယီနည်းပြ စကော့ပါကာကိုကိုင်တွယ်စေခဲ့ပြီး ချဲလ်ဆီးအသင်းကို အကောင်းဆုံးတုံ့ပြန်ကစားစေခဲ့ပါတယ်။
ပွဲချိန် ၄ မိနစ် မှာပဲ ရရှိလာတဲ့ ဖရီးကစ် ကနေ ပြန်လျှံကျ လာတာ ကို ကန်တေ နဲ့ ဟာဇတ် တို့ အချိတ်အဆက် က ဖြတ်တင်ဘော ကို ဟီဂွာအင် ခေါင်းတိုက် အဆုံးသတ်ခွင့် ရခဲ့ပေမယ့် ဂိုးပေါက်လွဲ ခဲ့ပါတယ် ။ ပွဲချိန် ၆ မိနစ် မှာ တန်ပြန် တိုက်စစ် ကနေ ဖူလ်ဟမ် ဖက်က ကာရီနေး အပိုင် ကန်ချက် ကို အက်ဇ်ပီလီကွီတာ လျှောထိုး ပိတ်နိုင်ခဲ့ သလို ပြန်အန် ထွက်လာတာ ကို ထပ်ကန် တဲ့ ဘရိုင်ယန် ရဲ့ ကန်ချက် လည်း ဂိုးပေါက် ဘေးက ကပ်ထွက် ခဲ့ပါတယ် ။
ပွဲချိန် ၁၈ မိနစ် မှာ ဘာကလေ ရဲ့ ပင်နယ်တီ ဧရိယာ ထိပ်က ကန်ချက် ကလည်း ဂိုးဘားပေါ် အနည်းငယ် ကျော်တက် ခဲ့ရပါတယ်။ပွဲချိန် မိနစ် ၂၀ မှာ အက်ဇ်ပီလီကွီတာ ရဲ့ ဖြတ်ပေးမှု ကို ဟီဂွာအင် အပိုင်ပိတ်သွင်း ခဲ့လို့ ချယ်လ်ဆီး တို့ ဦးဆောင်ဂိုး စရခဲ့ပါတယ် ။ ပွဲချိန် ၂၁ မိနစ် မှာ ဝီလီယံ ကို ဆွဲခဲ့လို့ ချိန်ဘာ အဝါ ထိခဲ့ပါတယ် ။ ပွဲချိန် ၂၆ မိနစ် မှာ ဆီဆက်ဂနွန် ရဲ့ ဖြတ်တင်ဘော ကို မီထရိုဗစ် ဖြတ်ပိတ် ခဲ့ပေမယ့် ကီပါ ကာကွယ် နိုင်ခဲ့ပါတယ်။ရရှိ လာတဲ့ ထောင့်ကန်ဘော မှ တဆင့် Marking လွတ်နေတဲ့ ချိန်ဘာ က အပိုင် ပိတ်သွင်း နိုင်ခဲ့လို့ ဖူလ်ဟမ် တို့ ချေပဂိုး ပြန်ရခဲ့ ပါတယ် ။ချယ်လ်ဆီး … ။ တန်ပြန် တိုက်စစ် ကနေ တဆင့် ဟာဇတ် ရဲ့ အကွက် မြင်မြင် ပေးပို့မှု ကို ဂျော်ဂျင်ဟို က ဝိုက်ကန်ချက် နဲ့ ကန်သွင်း ကာ ချယ်လ်ဆီး အတွက် ဦးဆောင်ဂိုး ပြန်ယူ နိုင်ခဲ့ပါတယ် ။ ပွဲချိန် ၃၃ မိနစ် မှာ ဂျော်ဂျင်ဟို ရဲ့ ပေးပို့မှု ကို ဟီဂွာအင် အပိုင် ပိတ်ခွင့် ရခဲ့ပေမယ့် ဂိုးပေါက် နဲ့ အတော် များများ ကို လွဲချော် ခဲ့ပါတယ် ။
ပွဲချိန် ၃၄ မိနစ် မှာ ဆီဆက်ဂနွန် ရဲ့ ဖြတ်တင်ပေးပို့မှု ကို အိုဒွိုင်း အပိင် ပိတ်ခဲ့ပေမယ့် ဂိုးပေါက် နဲ့ လွဲခဲ့ပါတယ် ။ ပွဲချိန် ၃၆ မိနစ် မှာ ဟီဂွာအင် ရဲ့ အနီးကပ် ပေးပို့မှု ကို ဟာဇတ် ပြေးပိတ် ခဲ့ပေမယ့် ခံစစ် ကစားသမား တွေနဲ့ ထိထွက် ခဲ့ပါတယ် ။ ပွဲချိန် မိနစ် ၄၀ မှာ ဟီဂွာအင် ရဲ့ အနီးကပ် ပေးပို့မှု ကို ဟာဇတ် အပိုင် ထပ်ပိတ် ခဲ့ပေမယ့် ရီကို ကာကွယ် နိုင်ခဲ့ပါတယ် ။ ပထမပိုင်းပြီးခါနီး မှာ အက်ဇ်ပီလီကွီတာ ရဲ့ ဖြတ်တင်ဘော ကို ဟီဂွာအင် အပိုင်ပိတ် ခဲ့ပေမယ့် ရီကို လက်စွမ်းပြ နိုင်ခဲ့ပါတယ် ။ ပထမပိုင်း အပြီး မှာတော့ ချယ်လ်ဆီး အသင်း ဟာ ဟီဂွာအင် ၊ ဂျော်ဂျင်ဟို တို့ရဲ့ သွင်းဂိုး တွေနဲ့ ဦးဆောင် ထားနိုင် ခဲ့ပါတယ် ။
ဒုတိယပိုင်းပြန်စ လို့ ၂မိနစ် အကြာမှာပဲ တသင်းလုံး အချိတ်အဆက် ညီညီ နဲ့ ကစား ရာက တဆင့် ဘာကလေ ရဲ့ ပေးပို့မှု ကို ဟာဇတ် ဧရိယာ ထဲ ဆွဲဆွဲဝင်ဝင် ကန်ခဲ့ပေမယ့် ကန်ချက် ပျော့ခဲ့ ပါတယ် ။ ပွဲချိန် ၅၁ မိနစ် မှာ အရှိန်နဲ့ ဆွဲပြေး လာတဲ့ ဝီလီယံ ကို ဖြတ်တားလို့ မက်ဒေါ်နယ် အဝါထိ ခဲ့ပါတယ် ။ ပွဲချိန် ၅၂ မိနစ် မှာ ဂျော်ဂျင်ဟို ရဲ့ ဖန်တီးပေးပို့မှု ကို ဝီလီယံ အပိုင် ပိတ်ခဲ့ပေမယ့် ဂိုးအပြင် ပိုက်နဲ့ သာ မိတ်ဆက် ခဲ့ပါတယ် ။
ပွဲချိန် ၅၉ မိနစ် မှာ တန်ပြန် တိုက်စစ် ကနေ ဘာဘယ်လ် ရဲ့ ပေးပို့မှု ကို မီထရိုဗစ် အဝေး ကန်ချက် နဲ့ ကန်သွင်း ခဲ့ပေမယ့် ဂိုးဘား ပေါ်က အနည်းငယ် ကျော်တက် ခဲ့ရပါတယ် ။ ပွဲချိန် မိနစ် ၆၀ မှာ တန်ပြန် တိုက်စစ် ဆင်လာတဲ့ ဆီဆက်ဂနွန် ကို လျှောထိုး ဖျက်ထုတ် ခဲ့လို့ ဂျော်ဂျင်ဟို အဝါ ထိခဲ့ ပါတယ် ။ ပွဲချိန် ၆၂ မိနစ် မှာ မက်ဒေါ်နယ် အစား အန်ဂွီစာ ဝင်ကစား ပါတယ် ။ ပွဲချိန် ၆၅ မိနစ် မှာ ကာရီနေး ရဲ့ အဝေးကန်ချက် ကို ကီပါ ကာကွယ် နိုင်ခဲ့ပါတယ် ။
ပွဲချိန် ၆၇ မိနစ် မှာ ဂျော်ဂျင်ဟို အစား ကိုဗာဆစ် ဝင်ကစား ပါတယ် ။ ပွဲချိန် မိနစ် ၇၀ မှာ ဘာဘယ်လ် အစား အယီတေး ဝင်ကစား ပါတယ် ။ ပွဲချိန် ၇၁ မိနစ် မှာ မီထရိုဗစ် ရဲ့ အနီးကပ် ပေးပို့မှု ကို ဘရိုင်ယန် အဝေး ကန်ချက် နဲ့ ခြိမ်းခြောက် ခဲ့ပေမယ့် ကီပါ ကာကွယ် နိုင်ခဲ့ ပါတယ် ။ ပွဲချိန် ၇၃ မိနစ် မှာ ဟာဇတ် အစား ပတ်ဒရို ဝင်ကစား ပါတယ် ။ ပွဲချိန် ၇၇ မိနစ် မှာ ဘာကလေ အစား လော့ဖ်တပ်စ်ချိခ် ဝင်ကစား ပါတယ် ။
ပွဲချိန် ၇၉ မိနစ် မှာ ကာရီနေး အစား ဗီယက်တို ဝင်ကစား ပါတယ် ။ ပွဲချိန် ၈၈ မိနစ် မှာ အယီတေး ရဲ့ ဖြတ်တင်ဘော ကို မီထရိုဗစ် ခေါင်းနဲ့ ပြေးပိတ် ခဲ့ပေမယ့် ကီပါ လက်စွမ်းပြ ခဲ့ပါတယ် ။ ပွဲပြီးခါနီး မှာ ဆီဆက်ဂနွန် ရဲ့ အနီးကပ် ပိတ်သွင်းမှု လူကျွံ ခဲ့လို့ ချယ်လ်ဆီး တို့ သက်သာရာ ရခဲ့ပါတယ် ။ ပွဲအပြီး မှာတော့ ချယ်လ်ဆီး အသင်း ကပဲ ပထမပိုင်း ရလဒ် နဲ့ ခက်ခက်ခဲခဲ နိုင်ပွဲ တပွဲ ကို ရယူ ခဲ့ကာ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အပေါ် က အသင်းတွေ ကို ထပ်ကြပ်မကွာ ဖိအား ပေးနိုင် ခဲ့ပါတယ် ။
No comments
Powered by Blogger.