Rennes ကိုအာဆင္နယ္တို ့ရႈံးနိမ့္ခဲ့တဲ့ပြဲမွာအမ္မရီကိုၾကည့္ၿပီးရယ္ခဲ့တယ္လို ့၀န္ခံလိုက္တဲ့ဘင္အာဖာ
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဘင္အာဖာတစ္ေယာက္ အာဆင္နယ္အသင္းကို အနိုင္ရခဲ့တာေၾကာင့္ ေပ်ာ္ရႊင္ေက်နပ္ေနတယ္လို ့ေျပာရင္းပိုေကာင္းမယ္လို ့ထင္ပါတယ္။
ပရီးမီယားလိပ္ကစားသမားေဟာင္းဟာ ယူရိုပါလိပ္၁၆သင္းအဆင့္ပေက်ာ ့အျဖစ္ အာဆင္နယ္ကို ၃-၁ ျဖင့္အနိုင္ရတဲ့ပြဲမွာ Rennes အသင္းအတြက္ပါ၀င္ကစားခဲ့ၿပီး သူ ့ရဲ ့နည္းျပေဟာင္းအူနိုင္းအမ္မရီကိုၾကည့္ၿပီးရယ္ေမာခဲ့ေၾကာင္း၀န္ခံေျပာၾကားလိုက္ပါတယ္။ဘင္ဘာဖာနဲ ့အူနိုင္းအမ္မရီၾကားခက္ထန္တဲ့ဆက္ဆံေရးေတြရွိခဲ့ၿပီး PSG မွာကစားေနစဥ္ကာလအူနိုင္းအမ္မရီလက္ေအာက္မွာသူဟာပါ၀င္ခြင့္မရခဲ့ပါဘူး။
” မဟုတ္ပါဘူး။ကၽြန္ေတာ္ဟာ ဒီလိုမာေက်ာတဲ့ပြဲေတြကိုကစားဖို ့ ဆိုတာကၽြန္ေတာ္ရဲ ့စိတ္တက္ၾကြမႈေၾကာင့္ပါပဲ။ကၽြန္ေတာ္တို ့ေတြအေကာင္းဆံုးအေနအထားတစ္ခုနဲ ့အနိုင္ရဖို ့ဆိုတာကၽြန္ေတာ့္ေခါင္းထဲမွာသာရိွခဲ့တာပါ။ဒါပင္မယ့္ကၽြန္ေတာ္ အမ္မရီကိုတကယ္ၾကည့္ခဲ့ပါတယ္။အရင္လို စိတ္က်ဥ္းက်ပ္တဲ့ပံုစံမ်ိဳးနဲ ့ပါ။ကၽြန္ေတာ္သူ ့ကိုအခ်ိန္တစ္ခ်ိဳ ့မွာလွမ္းလွမ္းၾကည့္မိပါတယ္။ဒါဟာကၽြန္ေတာ့္ကို အနည္းငယ္ရယ္ေမာေစပါတယ္။သူမေျပာင္းလဲေသးပါဘူး။ပြဲမတိုင္ခင္ကၽြန္ေတာ့္သူငယ္ခ်င္းေတြကိုေျပာခဲ့တယ္။ကၽြန္ေတာ့္ရဲ ့ခန္ ့မွန္းခ်က္က ၃-၁၊၄-၁ ေလာက္နဲ ့အနိုင္ယူဖို ့ပါ။ကၽြန္ေတာ္တို ့၄ဂိုးရေအာင္ေတာ့မလုပ္နိုင္ခဲ့ပါဘူး။
ဒါပင္မယ့္ကၽြန္ေတာ့္ခန္ ့မွန္းခ်က္က မွန္ကန္ခဲ့ပါတယ္။”
နယူးကာဆယ္နဲ ့ဟူးလ္စီးတီးေတာင္ပံကစားသမားဟာ ဒီပြဲမွာဂိုးသြင္းယူနိုင္ျခင္းေတာ့မရိွခဲ့ပါဘူး။ဒါပင္မယ့္သူဟာတိုက္စစ္မွာအေကာင္းဆံုးလက္နက္ျဖစ္ခဲ့ၿပီးသူ ့အသင္းဟာ ဂန္းနားတို ့ကို၃ဂိုးအထိသြင္းယူနိုင္ခဲ့ပါတယ္။အာဆင္နယ္ေနာက္ခံလူဆိုကရက္တီးစ္တစ္ေယာက္ အနီကဒ္နဲ ့အထုတ္ခံခဲ့ရၿပီး အာဆင္နယ္တို ့ဟာအဆိုပါပြဲကုိ ၁၀ ေယာက္နဲ ့ကစားခဲ့ရကာ ပြဲအၿပီးမွာ ၃-၁ ျဖင့္အရံႈးေပးခဲ့ရပါတယ္။🗣 Ben Arfa after beating Arsenal: “I did see the same Emery, as agitated as ever. I looked over at him a few times and that made me laugh a little. He hasn't changed.”— ODDSbible (@ODDSbible) March 8, 2019
Safe to say he enjoyed last night 😂 pic.twitter.com/sbV38fJV7M
(unicode)
Rennes ကိုအာဆင်နယ်တို့ရှုံးနိမ့်ခဲ့တဲ့ပွဲမှာအမ်မရီကိုကြည့်ပြီးရယ်ခဲ့တယ်လို့ဝန်ခံလိုက်တဲ့ဘင်အာဖာ
ဘင်အာဖာတစ်ယောက် အာဆင်နယ်အသင်းကို အနိုင်ရခဲ့တာကြောင့် ပျော်ရွှင်ကျေနပ်နေတယ်လို့ပြောရင်းပိုကောင်းမယ်လို့ထင်ပါတယ်။
ပရီးမီယားလိပ်ကစားသမားဟောင်းဟာ ယူရိုပါလိပ်၁၆သင်းအဆင့်ပကျော့အဖြစ် အာဆင်နယ်ကို ၃-၁ ဖြင့်အနိုင်ရတဲ့ပွဲမှာ Rennes အသင်းအတွက်ပါဝင်ကစားခဲ့ပြီး သူ့ရဲ့နည်းပြဟောင်းအူနိုင်းအမ်မရီကိုကြည့်ပြီးရယ်မောခဲ့ကြောင်းဝန်ခံပြောကြားလိုက်ပါတယ်။ဘင်ဘာဖာနဲ့အူနိုင်းအမ်မရီကြားခက်ထန်တဲ့ဆက်ဆံရေးတွေရှိခဲ့ပြီး PSG မှာကစားနေစဉ်ကာလအူနိုင်းအမ်မရီလက်အောက်မှာသူဟာပါဝင်ခွင့်မရခဲ့ပါဘူး။
” မဟုတ်ပါဘူး။ကျွန်တော်ဟာ ဒီလိုမာကျောတဲ့ပွဲတွေကိုကစားဖို့ ဆိုတာကျွန်တော်ရဲ့စိတ်တက်ကြွမှုကြောင့်ပါပဲ။ကျွန်တော်တို့တွေအကောင်းဆုံးအနေအထားတစ်ခုနဲ့အနိုင်ရဖို့ဆိုတာကျွန်တော့်ခေါင်းထဲမှာသာရှိခဲ့တာပါ။ဒါပင်မယ့်ကျွန်တော် အမ်မရီကိုတကယ်ကြည့်ခဲ့ပါတယ်။အရင်လို စိတ်ကျဉ်းကျပ်တဲ့ပုံစံမျိုးနဲ့ပါ။ကျွန်တော်သူ့ကိုအချိန်တစ်ချို့မှာလှမ်းလှမ်းကြည့်မိပါတယ်။ဒါဟာကျွန်တော့်ကို အနည်းငယ်ရယ်မောစေပါတယ်။သူမပြောင်းလဲသေးပါဘူး။ပွဲမတိုင်ခင်ကျွန်တော့်သူငယ်ချင်းတွေကိုပြောခဲ့တယ်။ကျွန်တော့်ရဲ့ခန့်မှန်းချက်က ၃-၁၊၄-၁ လောက်နဲ့အနိုင်ယူဖို့ပါ။ကျွန်တော်တို့၄ဂိုးရအောင်တော့မလုပ်နိုင်ခဲ့ပါဘူး။
ဒါပင်မယ့်ကျွန်တော့်ခန့်မှန်းချက်က မှန်ကန်ခဲ့ပါတယ်။”
နယူးကာဆယ်နဲ့ဟူးလ်စီးတီးတောင်ပံကစားသမားဟာ ဒီပွဲမှာဂိုးသွင်းယူနိုင်ခြင်းတော့မရှိခဲ့ပါဘူး။ဒါပင်မယ့်သူဟာတိုက်စစ်မှာအကောင်းဆုံးလက်နက်ဖြစ်ခဲ့ပြီးသူ့အသင်းဟာ ဂန်းနားတို့ကို၃ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။အာဆင်နယ်နောက်ခံလူဆိုကရက်တီးစ်တစ်ယောက် အနီကဒ်နဲ့အထုတ်ခံခဲ့ရပြီး အာဆင်နယ်တို့ဟာအဆိုပါပွဲကို ၁၀ ယောက်နဲ့ကစားခဲ့ရကာ ပွဲအပြီးမှာ ၃-၁ ဖြင့်အရှုံးပေးခဲ့ရပါတယ်။
Post a Comment