ဒီတစ္ပတ္ပရီးမီးယားလိဂ္ပြဲစဥ္(၃၀)အျပီးဘာေတြဘယ္လိုျဖစ္ပ်က္ခဲ့သလဲ?
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ပရီးမီးယားလိဂ္ဆိုတာကေတာ့ ပြဲစဥ္တစ္ခုျပီးတိုင္း စိတ္လႈပ္ရွားစရာေတြက်န္ခဲ့စျမဲပါ။ဒီတပတ္မွာလည္း တန္ဆင္းဇုန္အသင္းေတြရဲ႕ရုန္းကန္မႈေတြ,ခ်န္ပီယံလိဂ္ဝင္ခြင့္တိုက္ပြဲေတြနဲ႕ စိတ္ဝင္စားစရာေကာင္းလွပါတယ္။ဒါေျကာင့္ ဒီတပတ္ပြဲေတြအေျကာင္းသံုးပ္ခ်က္ေဖာ္ျပလိုက္ရပါတယ္။
အာဆင္နယ္2-0မန္ယူ
ဒီတပတ္Big matchပြဲစဥ္မွာေတာ့ အမ္မရီက ဆိုးရွားကို ပရီးမီးယားလိဂ္ပထမဆံုးအရံႈူးကို ျမည္းစမ္းေစခဲ့ပါတယ္။ဒီရာသီအာဆင္နယ္ဟာ အိမ္ကြင္းရလဒ္ေကာင္းေတြပိုင္ဆိုင္ထားသလို အခုလည္း ခါးသီးျပိဳင္ဘက္မန္ယူကို 2-0နဲ႔အနိုင္ကစားျပီး အမွတ္ေပးဇယားအဆင့္ေလးေနရာတက္လွမ္းလာပါတယ္။ခ်ာကာရဲ႕အေဝးကစ္ကန္ခ်က္ကို ဒီဂီယာကာကြယ္နိုင္ခဲ့သင့္ေပမယ့္ ကေလးဆန္တဲ့အမွားမ်ိဳးနဲ႔ အဖြင့္ဂိုးခြင့္ျပဳခဲ့ရပါတယ္။ဂိုးေပးရျပီးေနာက္ပိုင္းမန္ယူအသင္းကဖိဖိစီးစီးျပန္ကစားလာေပမယ့္ အာဆင္နယ္ကပဲပင္နယ္တီကေနဒုတိယဂိုးထပ္ရခဲ့ပါတယ္။အူဘာမီယန္းပင္နယ္တီသြင္းယူျပီးေနာက္အာဆင္နယ္ပရိတ္သတ္တစ္ဦးကြင္းထဲဝင္ျပီး စေမာလင္းကိုတြန္းခဲ့ပါေသးတယ္။ခါးသီးျပိဳင္ဘက္ကို နိုင္ခဲ့လို႕အာဆင္နယ္ဖန္ေတြအေပ်ာ္လြန္ေနမွာအေသအခ်ာပါပဲ။ဒီနိုင္ပြဲေျကာင့္ ဂန္းနားတို႔ရဲ႕ ခ်န္ပီယံလိဂ္ဝင္ခြင့္ေမ်ွာ္လင့္ခ်က္ပိုမိုအားေကာင္းလာပါျပီ။
ခ်ယ္ဆီး1-1ဝုဗ္
ဆာရီအတြက္ေနာက္ထပ္ေခါင္းကိုက္စရာပြဲပါပဲ။ခ်န္ပီယံလိဂ္ဝင္ခြင့္ျပိဳင္ဘက္အသင္းေတြ အမွတ္ေရာ႔ေနခ်ိန္မွာ အခြင့္အေရးမယူနိုင္တဲ့အျပင္ ဟာဇက္ကယ္လို႔မရံႈးခဲ့တာပါ။ရလဒ္က1-1ဆိုေပမယ့္ခ်ယ္ဆီးပရိတ္သတ္ေတြအေနနဲ႔ရံႈးသလို ခံစားေနရမွာပါ။ခ်ယ္ဆီးအသင္းတည္ေထာင္တာ114နွစ္ေျမာက္ပြဲစဥ္မွာေတာ့ ဟာဇက္ရဲ႕အခ်ိန္ပိုဂိုးေျကာင့္သာ မ်က္နွာမပ်က္ခဲ့ရတာပါ။
လီဗာပူး4-2ဘန္ေလ
တိုက္စစ္ပိုင္းရုန္းကန္ေနရခ်ိန္မွာ ၄ဂိုးသြင္းခဲ့တာကေတာ့ ကေလာ့အတြက္ေက်နပ္စရာပါပဲ။ဖာမီနိုပါလာတာနဲ႔တိုက္စစ္ပိုင္းျပန္တက္လာတာ တိုက္ဆိုင္မႈမဟုတ္နိုင္ပါဘူး။ဘန္ေလအသင္းက အဖြင့္ဂိုးရခဲ့ေပမယ့္ျကိဳးျကာနီတို႔ျပန္လာနိုင္ခဲ့ပါတယ္။ဒီရာသီပြဲထြက္ခြင့္၅ပြဲသာရွိခဲ့တဲ့ လယ္လာနာ ကလီဗာပူးနိုင္ပြဲမွာအေရးပါခဲ့ပါတယ္။မာေနးနဲ႔ဖာမီနိုတို႔ရဲ႕ပထမနွစ္ဂိုးလံုးသူ႔ေျကာင့္ရလာတာပါ။ဘန္ေလက3-2ထိလိုက္လာေသးေပမယ့္ မာေနးကပြဲသိမ္းဂိုးသြင္းျပီးဂိုးျပတ္နိုင္ပြဲယူနိုင္ခဲ့ပါတယ္။
ကာဒစ္2-0ဝက္ဟမ္း
တန္းဆင္းဇုန္တိုက္ပြဲျပင္းထန္လာခ်ိန္မွာဒီနွစ္ပြဲက ကာဒစ္အတြက္အေရးပါလွပါတယ္။ဒါ့အျပင္ သံုးပြဲဆက္အရံႈးကိုရပ္တန္႔နိုင္ခဲ့သလို ေစာေစာစီးစီးဂိုးရခဲ့တာကလည္း ကာဒစ္အတြက္ရွားရွားပါးပါးပါပဲ။ေဆာက္သမ္တန္ပါနိုင္ပြဲရခဲ့လို႕ အဆင့္၁၈ေနရာက မတက္ေပမယ့္ အေပၚနွစ္သင္းနဲ႔၂မွတ္သာကြာေတာ့ပါတယ္။ရာသီကုန္ဖို႔၈ပြဲက်န္ေသးတာေျကာင့္ ကာဒစ္အေနနဲ႔ တင္က်န္ဖို႔အစြမ္းကုန္ျကိဳးစားရအံုးမွာပါ။
ဟတ္ဒါဖီး0-2ဘုန္းေမာက္
ဝီဆင္ဂိုးေပါက္ျပန္ေတြ႔ျခင္းနဲ႔အတူ ဘုန္းေမာက္အသင္း အေဝးကြင္းနိုင္ပြဲရခဲ့ပါတယ္။ဝီဆင္ဟာ ဒဏ္ရာေျကာင့္၇ပတ္ျကာနားေနရေပမယ့္ ခ်က္ခ်င္းဂိုးေပါက္ျပန္ေတြ႕ခဲ့ပါတယ္။ဒီပြဲကိုအဂၤလန္နည္းျပေဆာက္ဂိတ္လာေရာက္ျကည့္ရႈခဲ့ပါေသးတယ္။ဟတ္ဒါဖီးရဲ႕ေျခစြမ္းကေတာ့စိတ္ပ်က္စရာျဖစ္ျပီး တစ္ရာသီလံုး၁၄မွတ္သာစုေဆာင္းထားနိုင္တာေျကာင့္တန္းဆင္းရဖို႕ေသခ်ာသေလာက္ရွိေနပါျပီ။
လက္စတာ3-1ဖူဟမ္
ေဂ်မီဗာဒီကေတာ့ လက္စတာအတြက္ဂိုးတစ္ရာဆိုတဲ့မွတ္တိုင္ကိုေက်ာ္လြန္သြားပါျပီ။ ဒီေန႔ပြဲသြင္းဂိုးေျကာင့္ ဗာဒီရဲ႕သြင္းဂိုးမွတ္တမ္းက လက္စတာမွာ၁၀၁ဂိုးထိရွိလာပါျပီ။ေရာ္ဂ်ာရဲ႕ပထမဆံုးအိမ္ကြင္းပြဲကေတာ့ အဖြင့္လွခဲ့ပါတယ္။ဖူဟမ္ကလည္း၆ပြဲဆက္အရံႈးနဲ႔အတူ PLမွာတင္က်န္ဖို႔ကမ္းမျမင္လမ္းမျမင္ပါပဲ။
မန္စီးတီး3-1ဝက္ဖို႔ဒ္
စတာလင္ရဲ႕ဟတ္ထရစ္နဲ႔အတူ လက္ရွိခ်န္ပီယံတို႔အမွတ္ေပးဇယားကိုဦးေဆာင္ေနဆဲပါ။စတာလင္ရဲ႕ေပါက္ကြဲအားေတြေတာ္ေတာ္အလုပ္ျဖစ္ခဲ့ျပီး ဂြါဒီယိုလာလိုတိုက္စစ္အသားေပးနည္းျပမ်ိဳးနဲ႔လက္တြဲခြင့္ရတာသူကံေကာင္းပါတယ္။ဒီေျခစြမ္းေတြကိုအဂၤလန္ဆီယူေဆာင္လာဖို႔ ေဆာက္ဂိတ္ဆုေတာင္းေနေလာက္မွာပါ။အိမ္ကြင္းေျခစြမ္းေကာင္းေတြနဲ႔အတူ မန္စီးတီးဟာလီဗာပူးအထက္၁မွတ္အကြာနဲ႔ဆက္လက္ဦးေဆာင္ေနပါတယ္။
နယူးကာဆယ္3-2အဲဗာတန္
အဲဗာတန္ဂိုးသမားပစ္ဖို႔ဒ္ကေတာ့ ဒီပြဲျပန္ျကည့္ရင္ေနာင္တရေနမလားပဲ။ပီရက္ ကေနာက္က်ဂိုးနွစ္ဂိုးသြင္းျပီး နယူးကာဆယ္နိုင္ပြဲကိုပံုေဖာ္ေပးနိုင္ခဲ့တယ္။မာကိုေဆးဗားရဲ႕ အဲဗာတန္အသားသားေတြဟာ၂ဂိုးရျပီးနိုင္ျပီလို႔မွတ္လိုက္ျကဟန္တူပါတယ္။အဂၤလန္မွာဒါမ်ိဳးေပါ့ဆလို႔မရပါဘူး။ဒါကပရီးမီးယားလိဂ္ပါ။နယူးကာဆယ္ကေတာ့ေနာက္က်ဂိုးေတြနဲ႔အနိုင္ရျပီး ပရီးမီးယားလိဂ္မွာတင္က်န္ဖို႔ရာနႈန္းမ်ားသြားပါျပီ။အခုနိုင္ပြဲဟာ သူတို႔ရဲ႕ဒီရာသီအိမ္ကြင္းနိုင္ပြဲငါးပြဲေျမာက္ပါပဲ။
ေဆာက္သမ္တန္2-1စပါး
စပါးရဲ႕ရလဒ္ေတြက ေမးခြန္းထုတ္စရာေကာင္းေနသလို ခ်န္ပီယံလိဂ္ဝင္ခြင့္ဦးတည္ခ်က္ပါစိုးရိမ္လာရပါျပီ။စိန္႔ကေတာ့ ဒုတိယပိုင္း၅မိနစ္အတြင္းနွစ္ဂိုးသြင္းျပီး နိုင္ပြဲေဖာ္ေဆာင္ခဲ့တာပါ။ဟာရီကိန္းအဖြင့္ဂိုုးသြင္းယူခဲ့ကာ နိုင္ငံနဲ႔ကလပ္စုစုေပါင္း သြင္းဂိုး၂၀၀ျပည့္ခဲ့ေပမယ့္ ကိန္းတစ္ေယာက္အျပည့္အဝမေပ်ာ္နိုင္ခဲ့ပါဘူး။မထင္မွတ္ထားတဲ့ ဂိုးနွစ္ဂိုးနဲ႔ ေဆာက္သမ္တန္က အရံႈးရလဒ္ကိုေျပာင္းျပန္လွန္ခဲ့တာပါ။ဒီနိုင္ပြဲေျကာင့္ ေနာက္ရာသီPLမွာဆက္ရွိဖို႔ေမ်ွာ္လင့္ခ်က္ကို ပိုမိုအေရာင္ေတာက္လာေစခဲ့ပါတယ္။
ပဲေလ့1-2ဘရိုက္တန္
ဘရိုက္တန္အသင္းက်ဥ္းေျမာင္းတဲ့ ရလဒ္နဲ႔ အေဝးကြင္းနိုင္ပြဲရခဲ့ပါတယ္။ဘရိုက္တန္အတြက္ ၂၀၁၉ခုနွစ္အတြင္းဒုတိယေျမာက္အေဝးကြင္းနိုင္ပြဲပါ။ဒီနိုင္ပြဲေျကာင့္ရမွတ္၃၃မွတ္နဲ႔ ဇယားအလယ္ပိုင္းနားခ်ည္းကပ္လာခဲ့ပါတယ္။
နွစ္သင္းလံုးတန္းမဆင္းရဖို႕စိတ္မခ်ရေသးတာေျကာင့္ အနိုင္ရလဒ္ဆီဦးတည္ကစားခဲ့တာပါပဲ။ဒီပြဲမွာအခြင့္အေရးကိုအမိအရအသံုးခ်နိုင္တဲ့ ဘရိုက္တန္ကအနိုင္ယူသြားခဲ့ပါတယ္။
(Unicode)
ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်(၃၀)အပြီးဘာတွေဘယ်လိုဖြစ်ပျက်ခဲ့သလဲ?
ပရီးမီးယားလိဂ်ဆိုတာကတော့ ပွဲစဉ်တစ်ခုပြီးတိုင်း စိတ်လှုပ်ရှားစရာတွေကျန်ခဲ့စမြဲပါ။ဒီတပတ်မှာလည်း တန်ဆင်းဇုန်အသင်းတွေရဲ့ရုန်းကန်မှုတွေ,ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲတွေနဲ့ စိတ်ဝင်စားစရာကောင်းလှပါတယ်။ဒါကြောင့် ဒီတပတ်ပွဲတွေအကြောင်းသုံးပ်ချက်ဖော်ပြလိုက်ရပါတယ်။
အာဆင်နယ်2-0မန်ယူ
ဒီတပတ်Big matchပွဲစဉ်မှာတော့ အမ်မရီက ဆိုးရှားကို ပရီးမီးယားလိဂ်ပထမဆုံးအရှုူံးကို မြည်းစမ်းစေခဲ့ပါတယ်။ဒီရာသီအာဆင်နယ်ဟာ အိမ်ကွင်းရလဒ်ကောင်းတွေပိုင်ဆိုင်ထားသလို အခုလည်း ခါးသီးပြိုင်ဘက်မန်ယူကို 2-0နဲ့အနိုင်ကစားပြီး အမှတ်ပေးဇယားအဆင့်လေးနေရာတက်လှမ်းလာပါတယ်။ချာကာရဲ့အဝေးကစ်ကန်ချက်ကို ဒီဂီယာကာကွယ်နိုင်ခဲ့သင့်ပေမယ့် ကလေးဆန်တဲ့အမှားမျိုးနဲ့ အဖွင့်ဂိုးခွင့်ပြုခဲ့ရပါတယ်။ဂိုးပေးရပြီးနောက်ပိုင်းမန်ယူအသင်းကဖိဖိစီးစီးပြန်ကစားလာပေမယ့် အာဆင်နယ်ကပဲပင်နယ်တီကနေဒုတိယဂိုးထပ်ရခဲ့ပါတယ်။အူဘာမီယန်းပင်နယ်တီသွင်းယူပြီးနောက်အာဆင်နယ်ပရိတ်သတ်တစ်ဦးကွင်းထဲဝင်ပြီး စမောလင်းကိုတွန်းခဲ့ပါသေးတယ်။ခါးသီးပြိုင်ဘက်ကို နိုင်ခဲ့လို့အာဆင်နယ်ဖန်တွေအပျော်လွန်နေမှာအသေအချာပါပဲ။ဒီနိုင်ပွဲကြောင့် ဂန်းနားတို့ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်ပိုမိုအားကောင်းလာပါပြီ။
ချယ်ဆီး1-1ဝုဗ်
ဆာရီအတွက်နောက်ထပ်ခေါင်းကိုက်စရာပွဲပါပဲ။ချန်ပီယံလိဂ်ဝင်ခွင့်ပြိုင်ဘက်အသင်းတွေ အမှတ်ရော့နေချိန်မှာ အခွင့်အရေးမယူနိုင်တဲ့အပြင် ဟာဇက်ကယ်လို့မရှုံးခဲ့တာပါ။ရလဒ်က1-1ဆိုပေမယ့်ချယ်ဆီးပရိတ်သတ်တွေအနေနဲ့ရှုံးသလို ခံစားနေရမှာပါ။ချယ်ဆီးအသင်းတည်ထောင်တာ114နှစ်မြောက်ပွဲစဉ်မှာတော့ ဟာဇက်ရဲ့အချိန်ပိုဂိုးကြောင့်သာ မျက်နှာမပျက်ခဲ့ရတာပါ။
လီဗာပူး4-2ဘန်လေ
တိုက်စစ်ပိုင်းရုန်းကန်နေရချိန်မှာ ၄ဂိုးသွင်းခဲ့တာကတော့ ကလော့အတွက်ကျေနပ်စရာပါပဲ။ဖာမီနိုပါလာတာနဲ့တိုက်စစ်ပိုင်းပြန်တက်လာတာ တိုက်ဆိုင်မှုမဟုတ်နိုင်ပါဘူး။ဘန်လေအသင်းက အဖွင့်ဂိုးရခဲ့ပေမယ့်ကြိုးကြာနီတို့ပြန်လာနိုင်ခဲ့ပါတယ်။ဒီရာသီပွဲထွက်ခွင့်၅ပွဲသာရှိခဲ့တဲ့ လယ်လာနာ ကလီဗာပူးနိုင်ပွဲမှာအရေးပါခဲ့ပါတယ်။မာနေးနဲ့ဖာမီနိုတို့ရဲ့ပထမနှစ်ဂိုးလုံးသူ့ကြောင့်ရလာတာပါ။ဘန်လေက3-2ထိလိုက်လာသေးပေမယ့် မာနေးကပွဲသိမ်းဂိုးသွင်းပြီးဂိုးပြတ်နိုင်ပွဲယူနိုင်ခဲ့ပါတယ်။
ကာဒစ်2-0ဝက်ဟမ်း
တန်းဆင်းဇုန်တိုက်ပွဲပြင်းထန်လာချိန်မှာဒီနှစ်ပွဲက ကာဒစ်အတွက်အရေးပါလှပါတယ်။ဒါ့အပြင် သုံးပွဲဆက်အရှုံးကိုရပ်တန့်နိုင်ခဲ့သလို စောစောစီးစီးဂိုးရခဲ့တာကလည်း ကာဒစ်အတွက်ရှားရှားပါးပါးပါပဲ။ဆောက်သမ်တန်ပါနိုင်ပွဲရခဲ့လို့ အဆင့်၁၈နေရာက မတက်ပေမယ့် အပေါ်နှစ်သင်းနဲ့၂မှတ်သာကွာတော့ပါတယ်။ရာသီကုန်ဖို့၈ပွဲကျန်သေးတာကြောင့် ကာဒစ်အနေနဲ့ တင်ကျန်ဖို့အစွမ်းကုန်ကြိုးစားရအုံးမှာပါ။
ဟတ်ဒါဖီး0-2ဘုန်းမောက်
ဝီဆင်ဂိုးပေါက်ပြန်တွေ့ခြင်းနဲ့အတူ ဘုန်းမောက်အသင်း အဝေးကွင်းနိုင်ပွဲရခဲ့ပါတယ်။ဝီဆင်ဟာ ဒဏ်ရာကြောင့်၇ပတ်ကြာနားနေရပေမယ့် ချက်ချင်းဂိုးပေါက်ပြန်တွေ့ခဲ့ပါတယ်။ဒီပွဲကိုအင်္ဂလန်နည်းပြဆောက်ဂိတ်လာရောက်ကြည့်ရှုခဲ့ပါသေးတယ်။ဟတ်ဒါဖီးရဲ့ခြေစွမ်းကတော့စိတ်ပျက်စရာဖြစ်ပြီး တစ်ရာသီလုံး၁၄မှတ်သာစုဆောင်းထားနိုင်တာကြောင့်တန်းဆင်းရဖို့သေချာသလောက်ရှိနေပါပြီ။
လက်စတာ3-1ဖူဟမ်
ဂျေမီဗာဒီကတော့ လက်စတာအတွက်ဂိုးတစ်ရာဆိုတဲ့မှတ်တိုင်ကိုကျော်လွန်သွားပါပြီ။ ဒီနေ့ပွဲသွင်းဂိုးကြောင့် ဗာဒီရဲ့သွင်းဂိုးမှတ်တမ်းက လက်စတာမှာ၁၀၁ဂိုးထိရှိလာပါပြီ။ရော်ဂျာရဲ့ပထမဆုံးအိမ်ကွင်းပွဲကတော့ အဖွင့်လှခဲ့ပါတယ်။ဖူဟမ်ကလည်း၆ပွဲဆက်အရှုံးနဲ့အတူ PLမှာတင်ကျန်ဖို့ကမ်းမမြင်လမ်းမမြင်ပါပဲ။
မန်စီးတီး3-1ဝက်ဖို့ဒ်
စတာလင်ရဲ့ဟတ်ထရစ်နဲ့အတူ လက်ရှိချန်ပီယံတို့အမှတ်ပေးဇယားကိုဦးဆောင်နေဆဲပါ။စတာလင်ရဲ့ပေါက်ကွဲအားတွေတော်တော်အလုပ်ဖြစ်ခဲ့ပြီး ဂွါဒီယိုလာလိုတိုက်စစ်အသားပေးနည်းပြမျိုးနဲ့လက်တွဲခွင့်ရတာသူကံကောင်းပါတယ်။ဒီခြေစွမ်းတွေကိုအင်္ဂလန်ဆီယူဆောင်လာဖို့ ဆောက်ဂိတ်ဆုတောင်းနေလောက်မှာပါ။အိမ်ကွင်းခြေစွမ်းကောင်းတွေနဲ့အတူ မန်စီးတီးဟာလီဗာပူးအထက်၁မှတ်အကွာနဲ့ဆက်လက်ဦးဆောင်နေပါတယ်။
နယူးကာဆယ်3-2အဲဗာတန်
အဲဗာတန်ဂိုးသမားပစ်ဖို့ဒ်ကတော့ ဒီပွဲပြန်ကြည့်ရင်နောင်တရနေမလားပဲ။ပီရက် ကနောက်ကျဂိုးနှစ်ဂိုးသွင်းပြီး နယူးကာဆယ်နိုင်ပွဲကိုပုံဖော်ပေးနိုင်ခဲ့တယ်။မာကိုဆေးဗားရဲ့ အဲဗာတန်အသားသားတွေဟာ၂ဂိုးရပြီးနိုင်ပြီလို့မှတ်လိုက်ကြဟန်တူပါတယ်။အင်္ဂလန်မှာဒါမျိုးပေါ့ဆလို့မရပါဘူး။ဒါကပရီးမီးယားလိဂ်ပါ။နယူးကာဆယ်ကတော့နောက်ကျဂိုးတွေနဲ့အနိုင်ရပြီး ပရီးမီးယားလိဂ်မှာတင်ကျန်ဖို့ရာနှုန်းများသွားပါပြီ။အခုနိုင်ပွဲဟာ သူတို့ရဲ့ဒီရာသီအိမ်ကွင်းနိုင်ပွဲငါးပွဲမြောက်ပါပဲ။
ဆောက်သမ်တန်2-1စပါး
စပါးရဲ့ရလဒ်တွေက မေးခွန်းထုတ်စရာကောင်းနေသလို ချန်ပီယံလိဂ်ဝင်ခွင့်ဦးတည်ချက်ပါစိုးရိမ်လာရပါပြီ။စိန့်ကတော့ ဒုတိယပိုင်း၅မိနစ်အတွင်းနှစ်ဂိုးသွင်းပြီး နိုင်ပွဲဖော်ဆောင်ခဲ့တာပါ။ဟာရီကိန်းအဖွင့်ဂိုးသွင်းယူခဲ့ကာ နိုင်ငံနဲ့ကလပ်စုစုပေါင်း သွင်းဂိုး၂၀၀ပြည့်ခဲ့ပေမယ့် ကိန်းတစ်ယောက်အပြည့်အဝမပျော်နိုင်ခဲ့ပါဘူး။မထင်မှတ်ထားတဲ့ ဂိုးနှစ်ဂိုးနဲ့ ဆောက်သမ်တန်က အရှုံးရလဒ်ကိုပြောင်းပြန်လှန်ခဲ့တာပါ။ဒီနိုင်ပွဲကြောင့် နောက်ရာသီPLမှာဆက်ရှိဖို့မျှော်လင့်ချက်ကို ပိုမိုအရောင်တောက်လာစေခဲ့ပါတယ်။
ပဲလေ့1-2ဘရိုက်တန်
ဘရိုက်တန်အသင်းကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ အဝေးကွင်းနိုင်ပွဲရခဲ့ပါတယ်။ဘရိုက်တန်အတွက် ၂၀၁၉ခုနှစ်အတွင်းဒုတိယမြောက်အဝေးကွင်းနိုင်ပွဲပါ။ဒီနိုင်ပွဲကြောင့်ရမှတ်၃၃မှတ်နဲ့ ဇယားအလယ်ပိုင်းနားချည်းကပ်လာခဲ့ပါတယ်။
နှစ်သင်းလုံးတန်းမဆင်းရဖို့စိတ်မချရသေးတာကြောင့် အနိုင်ရလဒ်ဆီဦးတည်ကစားခဲ့တာပါပဲ။ဒီပွဲမှာအခွင့်အရေးကိုအမိအရအသုံးချနိုင်တဲ့ ဘရိုက်တန်ကအနိုင်ယူသွားခဲ့ပါတယ်။
Post a Comment