During yesterday’s training session, Ramos and Marcelo were caught in a clash. Marcelo enthusiastically celebrated the win of his team in training which didn’t sit well with Ramos who was on the opposing team. At the end, they calmed down and it was resolved. [marca] pic.twitter.com/TC48C3WBiv— SB (@Realmadridplace) March 10, 2019
(Unicode)
လေ့ကျင့်ရေးကွင်းမှာအချင်းများရန်ဖြစ်ခဲ့ကြတဲ့မာဆယ်လိုနဲ့ရာမို့စ်
ဆာဂျီရို ရာမို့စ်နှင့် မာဆယ်လိုတို့နှစ်ဦးက အသင်းရဲ့လေ့ကျင့်ရေးကွင်းမှာဖြစ်ပျကိခဲ့တဲ့အော်ကြီးဟစ်ကျယ်အငြင်းပွားမှုတွင်ပါဝင်ခဲ့တယိလို့သိရပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းဟာပြီးခဲ့တဲ့အပတ်ကယှဉ်ပြိုင်ကစားခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ်နှင့်စပိန်ဒါဘီပွဲစဉ်၂ခုစလုံးကို အိမ်ကွင်းမှာကစားခွင့်ရသော်လည်း ဂိုးပြတိတွေနှင့်ရှုံးနိမ့်ခဲ့ပြီး နောက်ဘာနေဗျူးမြေမှာအဆိပ်ငွေ့တွေနှင့်ပြည့်နှံ့လျက်ရှိနေပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းဟာဖလားပြိုင်ပွဲ၃ရပ်မှထွက်ခွာခဲ့ရပြီး နည်းပြရဲ့နည်းစနစ်နှင့်ထိန်းချုပ်မှု အပေါ် ဖိအားအပြည့်ရောက်ရှိနေခဲ့တာကြောင့်လည်း ပြီးခဲ့တဲ့ ၆လက အသင်းကနေ ထွက်ခွာသွားတဲ့နည်းပြဇီဒန်းကို ပြန်လည်ခေါ်ယူခန့်အပ်ခဲ့ပါတယ်။
အမည်မဖော်လိုတဲ့ကစားသမားအချို့နှင့် မာကာသတင်းစာရဲ့ဖော်ပြချက်အရ မာဆယ်လိုနှင့်ရာမို့စ်နှစ်ဦးဟာ အသင်းရဲ့လေ့ကျင့်ရေးကွင်းမှာ အချင်းများခဲ့ကာခိုက်ရန်ဖြစ်ပွားလုနည်းပါးဖြစ်ခဲ့ပါတယ်။
သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့မနေ့က အသင်းရဲ့လေ့ကျင့်ရေးကွင်းမှာ နှစ်သင်းခွဲကစားရင်း မာဆယ်လိုရဲ့အသင်းက အနိုင်ရရှိခဲ့ကာမာဆယ်လိုက အလွန်အမင်းအောင်ပွဲခံခဲ့ပြီးနောက်ရာမို့စ်နှင့်ထငြိကာ အသင်းသားများဝိုင်းဝန်းထိန်းသိမ်းရတဲ့အဆင့်ထိရောက်ရှိခဲ့ပါတယ်။
အာလုံးပြီးတဲ့နောက်မှာ သူတို့နှစ်ဦးစိတ်လျော့လိုက်ကာမှပြသာနာပြေလည်ခဲ့ရပါတယ်။
မာဆယ်လိုကဒေါသတကြီးနှင့် "အခုမင်းငါရှေ့ကထွက်သွားသင့်နေပြီလို့ပြောခဲ့ပါတယ်။ရာမို့စ်က သူရဲ့ပြောဆိုမှုကိုအပြင်းအထန်ပြန်လည်ချေပပြောဆိုခဲ့ပြီးနောက်သူတို့ကြားမှာဝိုင်းဆွဲ၍ပြသနာရှင်းခဲ့ရပါတယ်။
ရာသီအစအတောအတွင်းက မာဆယ်လိုက ဂျူဗင်တပ်စ်အသင်းကိုပြောင်းရွေ့ဖို့သဘောတူညီမှုရရှိခဲ့ပါတယ်။အသက်၃၀အရွယ်မာဆယ်လိုဟာအသင်းရဲ့ပထမဦးစားပေးအသင်းမှာ နည်းပြဆိုလာရီရောက်ရှိလာပြီးထဲက နေရာမရဖြစ်ခဲ့ကာသူရဲ့ဘယ်နောက်ခံလူနေရာကို လူငယ်ကစားသမား ဆာဂျီရို ရီဂွိုင်လွန်ကိုအစားထိုးအသုံးပြုလာခဲ့ပါတယ်။သူကိုဂျူဗင်တပ်စ်အသင်းက ချိတ်ဆက်လာခဲ့ကာ ၄နှစ်စာချုပ်နှင့် တစ်နှစ်လျှင် ယူရို၁၀သန်းဝနိးကျင်ရရှိမည်ဖြစ်ပါတယ်။
အကယ်၍သာ ဒီသတင်းအကြောင်းအရာသာအတည်ဖြစ်ခဲ့ပါက မာဆယိလိုရဲ့အချစ်တော်သူငယ်ချငိး ရိုနယ်လ်ဒိုနှငိ့အတူပြန်လည်ပေါင်းစည်းမှာဖြစ်ပြီး ရိုနယ်လ်ဒိုက ယခုနှစ်နွေရာသီမှာရီးရဲလ်အသင်းကနေ ပေါင်သန်း၁၀၀နှင့်ဂျူဗင်တပ်စ်အသင်းကိုရော က်ရှိလာခဲ့ပါတယ်။

Post a Comment