Header Ads


ရံႈးေၾကြးကိုအေက်ဆပ္ခဲ့ၿပီးအခြင့္အေရးအသံုးမခ်နိုင္တဲ့ယူနိုက္တက္ကိုဒဏ္ခတ္ခဲ့တဲ့အာဆင္နယ္ (အာဆင္နယ္ ၂-၀ မန္ယူနိုက္တက္)

Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

အီမရိတ္ကြင္းမွာယွဥ္ၿပိဳင္ကစားၾကတဲ့အာဆင္နယ္ နဲ ့မန္ယူနိုက္တက္တို ့ပြဲကေတာ့ အၾကိတ္အနယ္ရိွၿပီးၾကည့္ေကာင္းခဲ့ပါတယ္။

ပြဲအစပိုင္းမိနစ္မွာ အာဆင္နယ္အသင္းဟာ အိမ္ရွင္အသင္းပီပီ မန္ယူနိုက္တက္အသင္းကို ဖိအားေပးကစားခဲ့ၿပီး ကစားကြက္စိတ္ၾကိဳက္ပံုေဖာ္ခဲ့ကာ ယူနိုက္တက္တို ့ရဲ ့ခံစစ္ကိုအလုပ္ရႈပ္ေစခဲ့ပါတယ္။

ဒါပင္မယ့္လည္း ယူနိုက္တက္ရဲ ့တိုက္စစ္ဟာ တိက်ေသသပ္တဲ့ဗ်ဴဟာပါလာခဲဲ့ၿပီး တန္ျပန္တိုက္စစ္ကေန လုခ္ေရွာဖန္တီးေပးပို ့တဲ့ေဘာလံုးကို လူကာကူအပိုင္ပိတ္သြင္းရာဂိုးဘားတန္းနဲ့ထိခဲ့ၿပီး ယူနိုက္တက္တို ့နစ္နာခဲ့ပါတယ္။



ပြဲကစားခ်ိန္ ၁၂မိနစ္အေရာက္မွာေတာ့ ကြင္းလယ္လူဇာခါရဲ ့အမွတ္မထင္အေ၀းကန္ခ်က္ဟာ ဂိုးသမားဒီဂီယာရဲ ့ညာဘက္ဂိုးဘက္ကို တန္းတန္းမတ္မတ္၀င္သြားခဲ့ၿပီး ဒီဂီယာတစ္ေယာက္ငုတ္တုတ္ေမ့သြားခဲ့ပါတယ္။ဒီဂိုးဟာ ေ၀့၀ိုက္ကန္ခ်က္နဲ ့သြင္းယူတာျဖစ္ၿပီး ပရိတ္သတ္ေတြအတြက္ အျမင္၂မ်ိဳးျဖစ္သြားေစပါတယ္။ဇာခါရဲ့ကန္ခ်က္ဟာ အေတာ္ေလးေကာင္းမြန္တာလက္ခံရမွာျဖစ္ပါတယ္။သို ့ေသာ္လည္း ထိပ္တန္းဂိုးသမားတစ္ေယာက္အျဖစ္ သတ္မွတ္ခံထားရတဲ့ ဒီဂီယာတစ္ေယာက္ငုတ္တုတ္ေမ့သြားတာကေတာ့ အျမင္ေတြကိုကြဲျပားသြားေစပါတယ္။ဒီဂီယာတစ္ေယာက္ ဇာခါရဲ ့ေဘာလံုးလမ္းေၾကာင္းကိုေစာလ်င္စြာတြက္ခ်က္ခဲ့လို ့လား? ဇာခါရဲ ့ကန္ခ်က္ကို က ဒီဂီယာဖမ္းဖို ့မလြယ္တာလား


အာဆင္နယ္အသင္းကေတာ့ ယူနို္က္တက္ကိုနိုင္မွျဖစ္မယ္ဆိုတဲ့ စိတ္ဓာတ္ပိုင္းနဲ ့ကစားခဲ့ၿပီး ကစားကြက္အရ အေတာ္ေလးေကာင္းမြန္ခဲ့ပါတယ္။သို ့ေသာ္လည္း အခြင့္အေရးဖန္တီးတဲ့အပိုင္းမွာေတာ့ ယူနိုက္တက္ကပိုမိုသာလြန္ခဲ့ၿပီး ဖရက္ဒ္ရဲ ့ကန္ခ်က္တိုင္ထိထြက္ခြာတာေတြ၊လူကာကူရဲ ့တစ္ဦးခ်င္ပိတ္သြင္းယူမႈေတြက အာဆင္နယ္အသင္းရဲ ့ခံစစ္အတြက္ စိတ္လႈပ္ရွားေစခဲ့ပါတယ္။

အာဆင္နယ္အသင္းကေတာ့ ေတာင္ပံလုပ္အားနႈန္းေတြျဖစ္တဲ့ မဒ္လန္းနိုင္းစ္နဲ ့ကိုလာဆီးနစ္တို ့ဟာပထမပိုင္းမွာအရမ္းေကာင္းမြန္ခဲ့ၿပီး ယူနိုက္တက္ရဲ ့အစြန္ခံစစ္ေတြကိုအၾကိမ္ၾကိမ္ထိုးေဖာက္အလုပ္ရႈပ္ေစခဲ့ပါတယ္။

ပထမပိုင္းမွာအာဆင္နယ္အသင္းက စိတ္ၾကိဳက္ကစားကြက္ပံုေဖာ္ၿပီး အေကာင္းဆံုးကစားထားသလို ယူနိုက္တက္ရဲ ့တိုက္စစ္ကလည္း ဂိုးလံုး၀ရတဲ ့အခြင့္အေရးေတြကိုပိုမိုဖန္တီးနိုင္ခဲ့ပါတယ္။

ဒုတိယပိုင္းအစမွေတာ့အာဆင္နယ္အသင္းဟာ ကစားအားေလ်ာ့ခ်ခဲ့ၿပီး တန္ျပန္တိုက္စစ္ကေနယူနိုက္တက္ကို ဒုကၡေပးဖို ့ၾကိဳးစားခဲ့ပါတယ္။နည္းျပအမ္မရီရဲ ့ရဲရင့္တဲ့ဆံုးျဖတ္ခ်က္ကို ခ်ီးက်ဴးရမွာျဖစ္ၿပီး အလုပ္ျဖစ္ခဲ့တာကိုေတြ ့ခဲ့ရပါတယ္။ပြဲကစားခ်ိန္ ၅၁မိနစ္အေရာက္မွာ လူကာကူတစ္ေယာက္အပိုင္ကန္သြင္းဖို ့အခြင့္ရခဲ့ေသာ္လည္း ဂိုးသမားဘဒ္လီနိုရဲ ့ေျခေထာက္နဲ ့ထိထြက္သြားခဲ့ပါတယ္။



ယူနိုက္တက္ကေဘာလံုးကိုကိုင္ကစားလာၿပီး အာဆင္နယ္အသင္းက တန္ျပန္တိုက္စစ္ကေနေခ်ာင္းေျမာင္းကစားခဲ့ရင္းမွာ တိုက္စစ္မွဴးလာကာဇက္ရဲ ့ပယ္နယ္တီဧရိယာအတြင္းဆြဲေျပး၀င္ခဲ့ရာ ယူနိုက္တက္ကြင္းလယ္လူဖရဒ္ကေနာက္ကေန တြန္းခဲ့တာေၾကာင့္ပယ္နယ္တီျပစ္ဒဏ္ေဘာရရိွခဲ့ၿပီး အူဘာမီးယန္းက အမွားအယြင္းကန္သြင္းယူသြားနိုင္ခဲ့ပါတယ္။




ဒီပြဲရဲ ့အေျဖကကြင္းလယ္ပိုင္းပဲျဖစ္ၿပီး ယူနိုက္တက္ရဲ ့ကြင္းလယ္လူေတြျဖစ္ၾကတဲ့ မာတစ္၊ဖရဒ္နဲ ့ေပါ့ဘာတို ့ဟာပံုမွန္ေျခစြမ္းေအာက္က်ေရာက္ေနခဲ့သလို ဇာခါ၊ရမ္ေဆးတို ့ရဲ ့မာေက်ာတဲ့ကြင္းလယ္ပိုင္းကိုလံုး၀မယွဥ္နိုင္ခဲ့ပါဘူး။

လက္က်န္မိနစ္ေတြမွာေတာ့အာဆင္နယ္အသင္းကို ပြဲကိုထိန္းကစားသြားၿပီး ယူနိုက္တက္တို ့ရဲ ့ေခ်ပဂိုးရဖို ့ၾကိဳးစားမႈေတြက အရာမထင္ခဲ့ပါဘူး။



ဒီပြဲအနိုင္ရလဒ္ေၾကာင့္ အာဆင္နယ္အသင္းတို ့အတြက္အျမတ္အမ်ားၾကီးထြက္သြားခဲ့ပါတယ္။အဆင့္၄အတြင္း ၿပိဳင္ဘက္ကို အနိုင္ယူနိုင္ခဲ့ၿပီး အဆင့္၄ျပန္တက္နိုင္ခဲ့တာေတြ၊ဆိုးလ္ရွားလက္ထက္ပရီးမီးယားလိပ္ရံႈးပြဲမရိွစံခ်ိန္ကို ရိုက္ခ်ိဳးကာ FA ဖလားရံႈးေၾကြးကို ျပန္ဆပ္နိုင္ခဲ့တာေတြနဲ ့နည္းျပအမ္မရီအတြက္ေတာ့ သူ ့ဂုဏ္သိကၡာကိုျပန္ဆယ္နိူင္ခဲ့ပါတယ္။


ဒီအနိုင္ ၃မွတ္ဟာ အာဆင္နယ္အသင္းအတြက္ေတာ့ Everything လို ့ဆိုလိုနိုင္ပါတယ္။

(Unicode)

ရှုံးကြွေးကိုအကျေဆပ်ခဲ့ပြီးအခွင့်အရေးအသုံးမချနိုင်တဲ့ယူနိုက်တက်ကိုဒဏ်ခတ်ခဲ့တဲ့အာဆင်နယ် (အာဆင်နယ် ၂-၀ မန်ယူနိုက်တက်)

အီမရိတ်ကွင်းမှာယှဉ်ပြိုင်ကစားကြတဲ့အာဆင်နယ် နဲ့မန်ယူနိုက်တက်တို့ပွဲကတော့ အကြိတ်အနယ်ရှိပြီးကြည့်ကောင်းခဲ့ပါတယ်။

ပွဲအစပိုင်းမိနစ်မှာ အာဆင်နယ်အသင်းဟာ အိမ်ရှင်အသင်းပီပီ မန်ယူနိုက်တက်အသင်းကို ဖိအားပေးကစားခဲ့ပြီး ကစားကွက်စိတ်ကြိုက်ပုံဖော်ခဲ့ကာ ယူနိုက်တက်တို့ရဲ့ခံစစ်ကိုအလုပ်ရှုပ်စေခဲ့ပါတယ်။

ဒါပင်မယ့်လည်း ယူနိုက်တက်ရဲ့တိုက်စစ်ဟာ တိကျသေသပ်တဲ့ဗျူဟာပါလာခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ လုခ်ရှောဖန်တီးပေးပို့တဲ့ဘောလုံးကို လူကာကူအပိုင်ပိတ်သွင်းရာဂိုးဘားတန်းနဲ့ထိခဲ့ပြီး ယူနိုက်တက်တို့နစ်နာခဲ့ပါတယ်။

ပွဲကစားချိန် ၁၂မိနစ်အရောက်မှာတော့ ကွင်းလယ်လူဇာခါရဲ့အမှတ်မထင်အဝေးကန်ချက်ဟာ ဂိုးသမားဒီဂီယာရဲ့ညာဘက်ဂိုးဘက်ကို တန်းတန်းမတ်မတ်ဝင်သွားခဲ့ပြီး ဒီဂီယာတစ်ယောက်ငုတ်တုတ်မေ့သွားခဲ့ပါတယ်။ဒီဂိုးဟာ ဝေ့ဝိုက်ကန်ချက်နဲ့သွင်းယူတာဖြစ်ပြီး ပရိတ်သတ်တွေအတွက် အမြင်၂မျိုးဖြစ်သွားစေပါတယ်။ဇာခါရဲ့ကန်ချက်ဟာ အတော်လေးကောင်းမွန်တာလက်ခံရမှာဖြစ်ပါတယ်။သို့သော်လည်း ထိပ်တန်းဂိုးသမားတစ်ယောက်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဂီယာတစ်ယောက်ငုတ်တုတ်မေ့သွားတာကတော့ အမြင်တွေကိုကွဲပြားသွားစေပါတယ်။ဒီဂီယာတစ်ယောက် ဇာခါရဲ့ဘောလုံးလမ်းကြောင်းကိုစောလျင်စွာတွက်ချက်ခဲ့လို့လား? ဇာခါရဲ့ကန်ချက်ကို က ဒီဂီယာဖမ်းဖို့မလွယ်တာလား? 

အာဆင်နယ်အသင်းကတော့ ယူနိုက်တက်ကိုနိုင်မှဖြစ်မယ်ဆိုတဲ့ စိတ်ဓာတ်ပိုင်းနဲ့ကစားခဲ့ပြီး ကစားကွက်အရ အတော်လေးကောင်းမွန်ခဲ့ပါတယ်။သို့သော်လည်း အခွင့်အရေးဖန်တီးတဲ့အပိုင်းမှာတော့ ယူနိုက်တက်ကပိုမိုသာလွန်ခဲ့ပြီး ဖရက်ဒ်ရဲ့ကန်ချက်တိုင်ထိထွက်ခွာတာတွေ၊လူကာကူရဲ့တစ်ဦးချင်ပိတ်သွင်းယူမှုတွေက အာဆင်နယ်အသင်းရဲ့ခံစစ်အတွက် စိတ်လှုပ်ရှားစေခဲ့ပါတယ်။

အာဆင်နယ်အသင်းကတော့ တောင်ပံလုပ်အားနှုန်းတွေဖြစ်တဲ့ မဒ်လန်းနိုင်းစ်နဲ့ကိုလာဆီးနစ်တို့ဟာပထမပိုင်းမှာအရမ်းကောင်းမွန်ခဲ့ပြီး ယူနိုက်တက်ရဲ့အစွန်ခံစစ်တွေကိုအကြိမ်ကြိမ်ထိုးဖောက်အလုပ်ရှုပ်စေခဲ့ပါတယ်။

ပထမပိုင်းမှာအာဆင်နယ်အသင်းက စိတ်ကြိုက်ကစားကွက်ပုံဖော်ပြီး အကောင်းဆုံးကစားထားသလို ယူနိုက်တက်ရဲ့တိုက်စစ်ကလည်း ဂိုးလုံးဝရတဲ့အခွင့်အရေးတွေကိုပိုမိုဖန်တီးနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းအစမှတော့အာဆင်နယ်အသင်းဟာ ကစားအားလျော့ချခဲ့ပြီး တန်ပြန်တိုက်စစ်ကနေယူနိုက်တက်ကို ဒုက္ခပေးဖို့ကြိုးစားခဲ့ပါတယ်။နည်းပြအမ်မရီရဲ့ရဲရင့်တဲ့ဆုံးဖြတ်ချက်ကို ချီးကျူးရမှာဖြစ်ပြီး အလုပ်ဖြစ်ခဲ့တာကိုတွေ့ခဲ့ရပါတယ်။ပွဲကစားချိန် ၅၁မိနစ်အရောက်မှာ လူကာကူတစ်ယောက်အပိုင်ကန်သွင်းဖို့အခွင့်ရခဲ့သော်လည်း ဂိုးသမားဘဒ်လီနိုရဲ့ခြေထောက်နဲ့ထိထွက်သွားခဲ့ပါတယ်။

ယူနိုက်တက်ကဘောလုံးကိုကိုင်ကစားလာပြီး အာဆင်နယ်အသင်းက တန်ပြန်တိုက်စစ်ကနေချောင်းမြောင်းကစားခဲ့ရင်းမှာ တိုက်စစ်မှူးလာကာဇက်ရဲ့ပယ်နယ်တီဧရိယာအတွင်းဆွဲပြေးဝင်ခဲ့ရာ ယူနိုက်တက်ကွင်းလယ်လူဖရဒ်ကနောက်ကနေ တွန်းခဲ့တာကြောင့်ပယ်နယ်တီပြစ်ဒဏ်ဘောရရှိခဲ့ပြီး အူဘာမီးယန်းက အမှားအယွင်းကန်သွင်းယူသွားနိုင်ခဲ့ပါတယ်။

ဒီပွဲရဲ့အဖြေကကွင်းလယ်ပိုင်းပဲဖြစ်ပြီး ယူနိုက်တက်ရဲ့ကွင်းလယ်လူတွေဖြစ်ကြတဲ့ မာတစ်၊ဖရဒ်နဲ့ပေါ့ဘာတို့ဟာပုံမှန်ခြေစွမ်းအောက်ကျရောက်နေခဲ့သလို ဇာခါ၊ရမ်ဆေးတို့ရဲ့မာကျောတဲ့ကွင်းလယ်ပိုင်းကိုလုံးဝမယှဉ်နိုင်ခဲ့ပါဘူး။

လက်ကျန်မိနစ်တွေမှာတော့အာဆင်နယ်အသင်းကို ပွဲကိုထိန်းကစားသွားပြီး ယူနိုက်တက်တို့ရဲ့ချေပဂိုးရဖို့ကြိုးစားမှုတွေက အရာမထင်ခဲ့ပါဘူး။

ဒီပွဲအနိုင်ရလဒ်ကြောင့် အာဆင်နယ်အသင်းတို့အတွက်အမြတ်အများကြီးထွက်သွားခဲ့ပါတယ်။အဆင့်၄အတွင်း ပြိုင်ဘက်ကို အနိုင်ယူနိုင်ခဲ့ပြီး အဆင့်၄ပြန်တက်နိုင်ခဲ့တာတွေ၊ဆိုးလ်ရှားလက်ထက်ပရီးမီးယားလိပ်ရှုံးပွဲမရှိစံချိန်ကို ရိုက်ချိုးကာ FA ဖလားရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့တာတွေနဲ့နည်းပြအမ်မရီအတွက်တော့ သူ့ဂုဏ်သိက္ခာကိုပြန်ဆယ်နိူင်ခဲ့ပါတယ်။

ဒီအနိုင် ၃မှတ်ဟာ အာဆင်နယ်အသင်းအတွက်တော့ Everything လို့ဆိုလိုနိုင်ပါတယ်။

No comments

Powered by Blogger.