Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ချဲလ်ဆီးအသင်းဟာ ဒီပွဲမှာ ပွဲကစားချိန်နီးပါး တောက်လျှောက်ဖိကစားနိုင်ခဲ့ပြီးဝုလ်ဗ်အသင်းရဲ့ ခံစစ်ပိတ်ဆော့တဲ့ဗျူဟာကြောင့် ချဲလ်ဆီးတို့ ဂိုးကံခေခဲ့ပြီးသရေတစ်မှတ်သာရခဲ့တာပဲဖြစ်ပါတယ်။
(Unicode)
ဟာဇက်ရဲ့နောက်ကျအသက်ကယ်ဆေးနဲ့ချဲလ်ဆီးတို့ရှုံးပွဲကနေရှောင်ရှားနိုင်ခဲ့ပါတယ်။(ချဲလ်ဆီး၁-၁ ဝုလ်ဗ်)
ချဲလ်ဆီးအသင်းဟာဟာဇက်ရဲ့နောက်ကျသွင်းဂိုးနဲ့အတူသရေတစ်မှတ်ရယူနိုင်ခဲ့ပြီး ရှုံးပွဲကနေရှောင်ရှားနိုင်ခဲ့ပါတယ်။ဝုလ်ဗ်အသင်းကတော့ ချဲလ်ဆီးအသင်းကို ထိရောက်တဲ့တန်ပြန်တိုက်စစ်နဲ့ချောင်းမြောင်းလုပ်ကြံကစားခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ ချန်ပီယံလိပ်ဝင်ခွင့်တစ်နေရာအတွက် ပြိုင်ဘက်တွေဖြစ်တဲ့ အာဆင်နယ်နဲ့မန်ယူတို့ဟာထိပ်တိုက်တွေ့ဆုံနေကြသလို တော့တင်ဟမ်အသင်းကလည်း ရှုံးနိမ့်ခဲ့တာကြောင့် ဒီပွဲမှာအမှတ်သယ်ပြီးထိပ်ပိုင်းကိုရောက်ဖို့ကြိုးစာခဲ့ပါတယ်။
အသင်းကြီးတွေကိုဒုက္ဖပေးနေတဲ့ ဝုလ်ဗ်အသင်းဟာ ဒီပွဲမှာတော့ ခံစစ်အသွင်ဖြင့်ချဲလ်ဆီးအသင်းကို ရင်ဆိုင်ကစားခဲ့ပါတယ်။
ပထမပိုင်းတစ်ပိုင်းလုံးချဲလ်ဆီးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ကစားခဲ့ပြီး အဖွင့်ဂိုးရဖို့ကြိုးစားခဲ့သလို ဝုလ်ဗ်အသင်းဟာခံစစ်ကနေပိတ်ကစားခဲ့ပြီးတန်ပြန်တိုက်စစ်ကို ပုံဖော်ကစားနေခဲ့ကာ ချဲလ်ဆီးတို့ဂိုးရဖို့အဖြေမရှာနိုင်ခဲ့ပါဘူး။
ဒုတိယပိုင်းစတဲ့အချိန်မှာလည်း ချဲလ်ဆီးတို့ဟာတိုက်စစ်ကို အလွန်အကျွံ့ပုံဖော်နေရင်း ဂိုးရဖို့ကြိုးစားနေရာမှာ ပွဲကစားချိန် ၅၅မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ဝုလ်ဗ်တို့ဦးဆောင်ဂိုးရရှိသွားခဲ့ပါတယ်။ဒီရေဂိုဆေးလ်ဗား၊ဂျင်မီးနက်ဇ်တို့ရဲ့တိုက်စစ်တွဲလုံးကနေ ဂျင်မီးနက်ဇ်က ချဲလ်ဆီးခံစစ်ရဲ့အာရုံစူးစိုက်မှုအားနည်းခဲ့ရာကနေ ဦးဆောင်ဂိုးရယူခဲ့ပါတယ်။
ဂိုးပေးလိုက်ရတဲ့ချဲလ်ဆီးအသင်းဟာ ချက်ချင်းဆိုသလို တိုက်စစ်ကို ပိုမိုဖိဖိစီးစီးကစားခဲ့ကာ ပွဲကစားချိန် ၅၆၊နဲ့၅၈ မိနစ်တို့မှာ ဟီဂွာအင်တစ်ယောက် အပိုင်ဂိုးသွင်းခွင့်တွေရရှိခဲ့သော်လည်း ဝုလ်ဂိုးသမားနဲ့နောက်တန်းကစားသမားတွေ ကာကွယ်သွားနိုင်ခဲ့ပါတယ်။
ပွဲကစားချိန် ၆၃မိနစ်မှာ ပတ်ဒရိုအစား လူငယ်ကစားသမားလေးအိုလ်ဒွိုင်းလ်ကို လူစားလဲခဲ့ပြီး တိုက်စစ်ကို ပိုမိုမြှင့်တင်ခဲ့ပါတယ်။ချဲလ်ဆီးဟာ လော့ဖ်တက်ချိခ်၊ဂျီရုးတို့ကိုထည့်သုံးခဲ့ပြီး ပွဲကစားချိန် ၈၆မိနစ်မှာ ဝီလီယံလှပသေသပ်တဲ့ ကန်သွင်းချက်ကို ဝုလ်ဗ်ဂိုးသမားက အမိအရပုတ်ထုတ်ခဲ့ပြီး ချဲလ်ဆီးတို့နစ်နာခဲ့ရပါတယ်။
ပွဲကစားချိန် မိနစ် ၉၀ ပြည့်လို့နာကျင်အချိန်ပို ၁မိနစ်အရောက်မှာတော့ ချဲလ်ဆီးတို့ချေပဂိုးရခဲ့ပြီး အင်ဒီဟာဇက် ဂိုးဧရိယာထိပ်ကနေ ဂိုးသမားရဲ့ဘယ်ဘက်အနိမ့်ထောင့်ကို တန်းတန်းမတ်မတ်သွင်းယူသွားခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ ဒီပွဲမှာ ပွဲကစားချိန်နီးပါး တောက်လေ ျှာက်ဖိကစားနိုင်ခဲ့ပြီးဝုလ်ဗ်အသင်းရဲ့ခံစစ်ပိတ်ဆော့တဲ့ဗျူဟာကြောင့် ချဲလ်ဆီးတို့ဂိုးကံခေခဲ့ပြီးသရေတစ်မှတ်သာရခဲ့တာပဲဖြစ်ပါတယ်။
ဒီသရေ၁မှတ်ဟာ ချဲလ်ဆီးအတွက် နစ်နာခဲ့သော်လည်း အဆင့်၃၊၄၊၅ ကပြိုင်ဘက်တွေထက် 1ပွဲလျော့ကစားထားပြီး ၅မှတ်သာပြတ်ထားတာကြောင့်ချဲလ်ဆီးတို့ဇယားထိပ်ပြန်တက်နိုင်မယ့်အခွင့်အရေးရှိနေဆဲဖြစ်ပါတယ်။
Post a Comment