Header Ads


ပယ္နယ္တီမေပးဖို ့ဒိုင္ကိုေျပာခဲ့ၿပီးအားကစားသမားေကာင္းစိတ္ဓာတ္ကိုေဖာ္ျပခဲ့တဲ့မက္ဆီ



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ၿပီးခဲ့တဲ့ရက္က ဗယ္လာကာနိုအသင္းကို ဘာစီလိုနာအသင္းတို ့အနိုင္ရတဲ့ပြဲမွာလီယြန္နယ္မက္ဆီတစ္ေယာက္ တကယ့္ကိုခ်ီးက်ဴးစရာေကာင္းတဲ့အားကစားသမားေကာင္းစိတ္ဓာတ္ကိုျပသခဲ့ပါတယ္။

အာဂ်င္တိုင္းတိုက္စစ္ကစားသမားဟာ သူ ့ရဲ  ့အမွတ္အသားအတိုင္းပယ္နယ္တီဧရိယာအတြင္းဆြဲ၀င္လာခဲ့ရာေခ်ာ္လဲခဲ့တဲ့ေနာက္ ကြင္းလယ္ဒိုင္ဒါဟာ ပယ္နယ္တီမဟုတ္ေၾကာင္းသူ ့ရဲ ့အဆင့္အတန္းေကာင္းကိုျပသခဲ့ပါတယ္။သူဟာ ကစားသမား၂ေယာက္ကို လွလွပပလွည့္ထြက္ခဲ့ေသာ္လည္း သူ ့ေရွ ့မွာရိွေနတဲ့တတိယတစ္ေယာက္က မက္ဆီရဲ ့ေျပးလမ္းေၾကာင္းေဘာ္ဒီခုပိတ္ဆို ့ခဲ့ပါတယ္။ေဘာ္လြန္ဒီေအာ္၅ၾကိမ္ဆုရကစားသမားဟာ ျမက္ခင္းေပၚ ကိုယ္ခႏၱာဟန္ခ်က္မထိန္းနိုင္ဘဲလဲက်သြားခဲ့တာျဖစ္ပါတယ္။ဒါပင္မယ့္လည္းကြင္းလယ္ဒိုင္က အဆိုပါမေတာ္တဆျဖစ္ရပ္နဲ ့ပတ္သတ္ၿပီး VAR ကိုၾကည့္ဖို ့လုပ္ေဆာင္ခဲ့ပါတယ္။


သို ့ေသာ္လည္း မက္ဆီက ကြင္းလယ္ဒိုင္ကို ဒါဟာ ျပစ္ဒဏ္ေဘာမဟုတ္ေၾကာင္း ပြဲကိုဆက္ကစားဖို ့ဒိုင္ကိုခ်က္ခ်င္းေျပာၾကားခဲ့ပါတယ္။တြစ္တာအသံုးျပဳတဲ့သူေတြကေတာ့ မက္ဆီရဲ ့အားကစားစိတ္ဓာတ္ေကာင္းကိုခ်ီးက်ဴးခဲ့ပါတယ္။

မက္ဆီဟာ အဆိုပါပြဲမွာသြင္းဂိုး၁ဂိုးဖန္တီးေပးခဲ့ၿပီး ပယ္နယ္တီကေန ၁ဂိုးသြင္းယူေပးခဲ့ကာ - ရလဒ္ျဖင့္ လာလီဂါဇယားထိ္ပ္မွာ ၇မွတ္ျပတ္ျဖင့္ဦးေဆာင္ေနပါတယ္။အသက္၃၁နွစ္အရြယ္ရိွေနၿပီျဖစ္တဲ့မက္ဆီဟာ လက္ရိွလာလီဂါမွာ ၂၆ဂိုးသြင္းယူၿပီး ၁၂ၾကိမ္ဖန္တီးေပးထားနို္င္ခဲ့ကာ ဥေရာပထိပ္တန္းလိပ္၅လိပ္မွာ ထိပ္တန္းဂိုးသြင္းသူနဲ ့ဂိုးဖန္တီးသူတစ္ေယာက္ျဖစ္လာခဲ့ပါတယ္။

(Unicode)


ပယ်နယ်တီမပေးဖို့ဒိုင်ကိုပြောခဲ့ပြီးအားကစားသမားကောင်းစိတ်ဓာတ်ကိုဖော်ပြခဲ့တဲ့မက်ဆီ


ပြီးခဲ့တဲ့ရက်က ဗယ်လာကာနိုအသင်းကို ဘာစီလိုနာအသင်းတို့အနိုင်ရတဲ့ပွဲမှာလီယွန်နယ်မက်ဆီတစ်ယောက် တကယ့်ကိုချီးကျူးစရာကောင်းတဲ့အားကစားသမားကောင်းစိတ်ဓာတ်ကိုပြသခဲ့ပါတယ်။

အာဂျင်တိုင်းတိုက်စစ်ကစားသမားဟာ သူ့ရဲ့အမှတ်အသားအတိုင်းပယ်နယ်တီဧရိယာအတွင်းဆွဲဝင်လာခဲ့ရာချော်လဲခဲ့တဲ့နောက် ကွင်းလယ်ဒိုင်ဒါဟာ ပယ်နယ်တီမဟုတ်ကြောင်းသူ့ရဲ့အဆင့်အတန်းကောင်းကိုပြသခဲ့ပါတယ်။သူဟာ ကစားသမား၂ယောက်ကို လှလှပပလှည့်ထွက်ခဲ့သော်လည်း သူ့ရှေ့မှာရှိနေတဲ့တတိယတစ်ယောက်က မက်ဆီရဲ့ပြေးလမ်းကြောင်းဘော်ဒီခုပိတ်ဆို့ခဲ့ပါတယ်။ဘော်လွန်ဒီအော်၅ကြိမ်ဆုရကစားသမားဟာ မြက်ခင်းပေါ် ကိုယ်ခန္တာဟန်ချက်မထိန်းနိုင်ဘဲလဲကျသွားခဲ့တာဖြစ်ပါတယ်။ဒါပင်မယ့်လည်းကွင်းလယ်ဒိုင်က အဆိုပါမတော်တဆဖြစ်ရပ်နဲ့ပတ်သတ်ပြီး VAR ကိုကြည့်ဖို့လုပ်ဆောင်ခဲ့ပါတယ်။

သို့သော်လည်း မက်ဆီက ကွင်းလယ်ဒိုင်ကို ဒါဟာ ပြစ်ဒဏ်ဘောမဟုတ်ကြောင်း ပွဲကိုဆက်ကစားဖို့ဒိုင်ကိုချက်ချင်းပြောကြားခဲ့ပါတယ်။တွစ်တာအသုံးပြုတဲ့သူတွေကတော့ မက်ဆီရဲ့အားကစားစိတ်ဓာတ်ကောင်းကိုချီးကျူးခဲ့ပါတယ်။

မက်ဆီဟာ အဆိုပါပွဲမှာသွင်းဂိုး၁ဂိုးဖန်တီးပေးခဲ့ပြီး ပယ်နယ်တီကနေ ၁ဂိုးသွင်းယူပေးခဲ့ကာ ၃-၁ ရလဒ်ဖြင့် လာလီဂါဇယားထိပ်မှာ ၇မှတ်ပြတ်ဖြင့်ဦးဆောင်နေပါတယ်။အသက်၃၁နှစ်အရွယ်ရှိနေပြီဖြစ်တဲ့မက်ဆီဟာ လက်ရှိလာလီဂါမှာ ၂၆ဂိုးသွင်းယူပြီး ၁၂ကြိမ်ဖန်တီးပေးထားနိုင်ခဲ့ကာ ဥရောပထိပ်တန်းလိပ်၅လိပ်မှာ ထိပ်တန်းဂိုးသွင်းသူနဲ့ဂိုးဖန်တီးသူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။

No comments

Powered by Blogger.