Header Ads



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။












(Unicode)

ကြမ်းကြမ်းတမ်းတမ်းဝင်လုတဲ့ကာဗာဂျယ်ကို အရှက်တကွဲ ဖြစ်စေခဲ့တဲ့လီယွန်နယ်မက်ဆီ

မက်ဆီကိုတစ်ဦးချင်းထိမ်းချုပ်ရခြင်းဟာ ပြိုင်ဘက်ကစားသမားတစ်ယောက်အတွက်တော့စိတ်ပျက်စရာပါပဲ။မက်ဆီရဲ့ကစားသမားဘဝမှာ သူ့ခြေထောက်ထဲကဘောလုံးဝင်လုတဲ့ပြိုင်ဘက်တွေကို ခွကြားထဲထည့်ကာလဲကျကျန်စေခဲ့တာ အကြိမ်ကြိမ်ပါပဲ။

အခုလည်း မက်ဆီကို ဝင်လုံးခဲ့ပေမယ့် သူပဲပစ်လဲခဲ့ရတာတော့ကာဗာဂျယ်အတွက်ရှက်စရာပါပဲ။အောက်မှာ videoပါပါတယ်။မနေ့ညကပွဲမှာ မက်ဆီက ဘောလုံးကိုင်ပြီး ရီးရဲညာနောက်ခံလူကာဗာဂျယ်ဝင်အလုကို ရပ်စောင့်နေပါတယ်။

ကာဗာဂျယ်အနေနဲ့ ပြေးဝင်ပြီး မက်ဆီခြေထောက်ကို ဖျက်ရိုက်ခဲ့ပေမယ့်  သူပဲဟန်ချက်ပျက်ပြီးလဲကျခဲ့တာပါ။ သူ့မှာ အသည်းအသန် ပြန်ထပြီး မက်ဆီနောက်markingပြေးကပ်ရတာပါ။ဒါ့အပြင် ရာမို့ရဲ့ကြမ်းတမ်းတဲ့ကစားပုံကြောင်း ပွဲချိန်အတွင်းမက်ဆီနဲ့အချင်းများခဲ့ပါသေးတယ်။ဘာကာအသင်းခေါင်းဆောင်နဲ့ရီးရဲအသင်းခေါင်းဆောင်နှစ်ဦး ကွင်းအတွင်းခေါင်းချင်းဆိုင်ခဲ့ကြတာပါ။ဘာပဲဖြစ်ဖြစ်ဘာစီအသင်းကတော့ ဒီနိုင်ပွဲကြောင့်လာလီဂါချန်ပီယံဖြစ်ဖို့ ပိုအခွင့်အရေးများလာပါပြီ။စာဖတ်သူတို့အမြင်ကရောဒီနှစ်စပိန်အမှတ်ပေးဖလားကို ဘာစီလိုနာအသင်းကပဲရယူသွားလိမ့်မယ်လို့ ထင်ပါသလား။

No comments

Powered by Blogger.